Wednesday, January 20, 2016

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၄) ဦးလှထွန်း

ဆရာ က စိုက်ပျိုး ရေး တက္ကသိုလ် မှာ ဆရာ ဖြစ်ခဲ့ ပေမဲ့
ဆရာ ဘွဲ့ ရရှိခဲ့တာ ကတော့ စက်မှု တက္ကသိုလ် ကပါ..။
တစ်ခေတ် တစ်ခါ က ရှားပါး လှ တဲ့ဘွဲ့ B.E ( Agric ) ပါ..။
အင်ဂျင် နီယာ ဆိုတာ ပညာရှင်ပဲ
အောက်ခြေ သိမ်းအလုပ်တွေ ဘယ် လုပ်ပါ့မလဲ..။
အင်ဂျင် နီယာ တစ်ဦး ရဲ့ ပညာ နဲ့ ဆရာတစ်ဦး ရဲ့ မေတ္တာ ပေါင်းစပ်ချိန် မှာ တော့
တပည့်တွေ အတွက် မလုပ်ရဲ တာ မရှိ တော့ပါ..။

ဆရာက မွန် အမျိုးသားတစ်ဦး
မွန် စာပေ နဲ့ ယဉ်ကျေးမှု ကော်မီတီ ဥက္ကဋ္ဌ
မွန် အသင်း က လေ့လာရေး ပေါင်းလောင်ရေ တံခွန် သွား တဲ့ တစ်နေ့ မှာ
ကျွန်မ တို့ နှစ်က သူငယ်ချင်း ကိုဝေမွန် ပေါင်းလောင်ရေ တံခွန် သို့ လက်ဆင်းဆေး ရင်း
သစ်သားခုံဖိနပ် ကြောင့် ရေတ့ခွန် ထဲလိမ့်ကျ
ဝဲ ကအစုပ် ..... ပြန်ရှာ မရတော့တာ...။
ဆရာ ကမိဘ သဖွယ် ပါ
၅ ရက် ၆ရက် ကြာ မှ ပြန်တွေ့  တဲ့ ကျွန်မ တို့ သူငယ်ချင်း ဝေမွန်
အသက်ခန္ဒ္စာ မပါတော့ သလို သာမန် ရုပ်ခန္စ္ဒာ မရှိတော့
သာမန် အခေါင်းဖြင့် ထည့် မရ...
ခိုက် တယ် ဆိုတဲ့ အယူ ဆိုတာ စိုက်ပျိုးရေး တက္ကသိုလ် မှာ မရှိ ....
Agric- Engineering မှ ကားဖြင့် အလောင်းသယ်
သာမန် ထက် ၂ ဆကြီးသော အခေါင်းကို ကိုယ် တိုင် စပ် ပေး ခဲ့တာ...။
ကျွန်မ တို့ ရဲ့ Engineering ဆရာ..
ဆရာ ဦးလှထွန်းပါ....။
ဝမ်းနည်း ကြေကွဲ မှု နဲ့အတူ မှတ်မိနေသော ဆရာ့ကျေးဇူး များပါ..။
ဆရာ ကျန်းမာပါစေ..။

0 မှတ်ချက်ရေးရန်: