Wednesday, January 20, 2016

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၅) ဦးလှအောင်

အခု ဖေါ်ပြမဲ့ဆရာ ကတော့....
ပြုနိုင်ခဲ သော အမှုကို သတ္တိရှိစွာ ပြု ပြီး
တပည့်တွေ အားလုံး ကို စံနမူနာပြ ဖြစ်စေခဲ့တာပါ..။
ဆရာ က စာသင်ကောင်းပါတယ်...။
စာသင်ရင် အာရုံ စူးစိုက်ထားလို့ ခြေ ကို စုံရပ် တာ တိတိပပ လေး
ယိုင်ခြင်း နွဲ့ ခြင်းမရှိ...
ပိန်ပိန် ပါးပါးခန္စာ ရှိပြီး ခုထိ လည်းထိန်းထားဆဲ
စကားပြောရင်ပြတ်သားပါတယ်..။
လိုအပ်လို့ စာထွက်ရေး ရင်
Chalk Board Writing Management သိပ်ကောင်း ပါတယ်..။
လှပ သေသပ်တဲ့ လက်ရေး နဲ့ ပုံတွေ ကစနစ်တကျရှိပါတယ်..။
ဆရာ စာသင်ကောင်း တော့ကျွန်မ တို့ ဆရာ့အချိန် ကိုကျောင်းပြေးလေ့မရှိပါ..။
တစ်နေ့ မှာတော့ ဆရာ ကစာသင်နေတုံး ကျွန်မ တို့ သူငယ်ချင်း တစ်ယောက်ကို လှမ်း ဆူပါတယ်..။
ဆူတဲ့ ကိစ္စ ကို ကျွန်မ မမှတ်မိတော့ပါဘူး..ကျွန်မ မှတ်မိတာက နောက်နေ့ ဆရာရဲ့ လုပ်ရပ်ကိုပါ..။
အဲဒီနေ့ က အဲလို ပြောလိုက်တာ သူမှားသွားကြောင်း..
မပြောသင့်ကြောင်း အားလုံးရဲ့ရှေ့ အတန်းရှေ့ မှာ
ကျွန်မ တို့ သူငယ်ချင်းနာမည် ကို ---ကို တပ်ခေါ်လျက်တောင်းပန်သွားပါတယ်..။
အဲဒီအချိန်က ဆို ကျွန်မ တို့ က ၁၈-၁၉-၂၀ အရွယ်တွေ..ဆရာက ၃၅---၄၀ လောက်ရှိမှာပေါ့။
ကိုယ်ကဆရာ ပဲ ကိုယ်ပြောရင်ခံ ကြရမဲ့တပည့်တွေ ပဲ..။
သို့သော် ဆရာကလူကြီးလူကောင်းပီသ ပြုနိုင်ခဲ တဲ့အမှုကို တည်တည် ညိမ်ညိမ် နဲ့
ပြုလုပ်ခဲ့တာ ကျွန်မ မမေ့ခဲ့ပါ..။
ကျောင်းသားက တော့ကကျွန်မ တို့ နှစ် မှာ ရာထူးအကြီးဆုံး ဖြစ်နေတဲ့ စိုက်ပျိုးရေးဦးစီးဋ္ဌာန မှ
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို ဖြစ်ပြီး..
ကျွန်မ တို့ ချစ်တဲ့ဆရာ ကတော့ ဥယျာဉ်ခြံသီးနှံ ဋ္ဌာန ဋ္ဌာနမှူး ပါမောက္ခ ဆရာဦးလှအောင်ပဲ ဖြစ်ပါတယ်..။
ဆရာ သက်ရှည် ကျန်းမာ ....ပါစေကြောင်း ဆုတောင်းလျက်..။

0 မှတ်ချက်ရေးရန်: