Monday, May 25, 2020

သမီးဂရီတာ သို့ပေးစာ (၂)



ချစ်သော သမီးလေး ဂရီတာ…

ဒီနေ့ မနက်တော့သမီး ရဲ့ တိုင်းပြည် ဆွီဒင်က TEDx စတော့ဟုမ်း မှာ သမီးပြော ခဲ့တဲ့ ရဲရဲတောက်မိန့်ခွန်းကိုဖွင့်ပြီး အန်တီနားထောင်မိတယ်…။

TEDx Stockholm က လွတ်လပ် တဲ့ အဖွဲ့ ဖြစ်တယ် အမြတ်အစွန်း မယူ ပဲ သိသင့်သိထိုက်တဲ့သတင်းစကားကိုပြည်သူကြားကိုပြန့်နှံအောင် Conference တွေ လုပ်ပေးတယ် အသံတွေ လွှင့်ပေးတယ် ပေါ့..။

သမီးရေ….ရဲရင့်ပြတ်သားတဲ့ခေါင်းဆောင် တွေဟာ စကားပြောကောင်းသူတွေ ဖြစ်ကြတယ်…။

စကားလုံး တွေဟာ ဘဝတွေကိုပြောင်းလဲစေနိုင်သလို ကမ္ဘာ့သမိုင်း တွေကိုတောင်ပြောင်းလဲစေနိုင်တယ် ဆိုတာ အန်တီငယ်ငယ် ကကျက်ခဲ့တဲ့ Winston Churchill ‘s famous speech ကိုသတိရမိတယ် သမီးရယ် ။ စကားပြောကောင်းတဲ့နောက်မှာ ရဲရင့်ပြတ်သားတဲ့လုပ်ဆောင်ချက် တွေရှိတယ်..။

လူတွေ လေးစားတယ် ဆိုတာ အပြော နဲ့ အလုပ် တစ်ထပ်ထဲကျကြလို့ သာလေးစားကြတာပါ..။ သမီးလေးဟာ ဆွီဒင်က မိခင် ဘာသာဖြစ်ပေမဲ့ အင်္ဂလိပ်စကားကိုလေယူလေသိမ်းမှန်မှန်…..အသံထွက်မှန်မှန် လိုရင်းတိုရှင်း ပြောသွားတယ်…။

အတွန့်ချိုးနေတဲ့ မျက်မှောင်နှစ်ဘက် ဟာ အလွန်တရာလေးနက် နေတယ်…။ ဒီ ကာလတွေ မှာ ကိုယ်အလေးချိန် ၁၀ ကီလို ကျသွားလို့ ပိန်သွယ် သွားတဲ့သမီးလေး ကိုကြည့်ပြီး အန်တီငိုချင်မိတယ် ကလေးရယ်…။

Climate Change ဘာကြောင့်ဖြစ်တယ် ဆိုတာကိုသမီးသိခဲ့တာ သမီးအသက် ၈နှစ်ကတည်းကဆိုတော့အခု ၁၆နှစ်အချိန်မှာ ဘယ်လောက်လေ့လာခဲ့တယ် ဆိုတာ ခန့်မှန်းမိတယ်… ခံစားချက်နဲ့ ယှဉ်တဲ့လေ့လာမှုတွေ ပေါ့နော်..။

သမီး ပြောတဲ့အထဲ မှာ အဲဒီအချိန်ကတည်းက သမီးဟာ မီးတွေ မလိုရင်ပိတ် တယ် စွမ်းအင်တွေချွေတာဘို့ တဲ့..။ Recycled Paper တွေပဲသုံးတယ် သဘာဝ သယံဇာတ တွေ ကို စောင့်ရှောက်ဘို့ တဲ့..။

အန်တီလည်း
သမီးကိုလေးစား တဲ့အနေနဲ့ ဟိုတယ် က အဲကွန်းရယ် မလို တဲ့မီးတွေ ထပိတ် မိတယ်..။ညကလည်းမဖွင့် မိပါဘူး ခဏမျှသာ ..

Instead of looking for Hope, Looking for action ဆိုတဲ့စကားလုံး ကတော့တိကျ တဲ့လမ်းညွှန်မှုတွေကိုထောက်ပြခဲ့တယ်..။

မျှော်လင့် မနေနဲ့..ထသာလုပ်လိုက်တော့ ဆိုတာ ..အမှန်ပဲသမီးရေ..။

လူတိုင်း လုပ်သင့်နေတော့တာပါ..။

သမီး ပြောတဲ့မိန့်ခွန်း ထဲ မှာ တစ်နေ့ကိုမျိုးစိတ် ၂၀၀ ပျေက်ဆုံးနေတယ်200 Species extinct in single day ဆိုတာကတော့အန်တီ့ ဘာသာရပ် နဲ့ ဆိုင်နေပြီ သမီးရေ…။

အန်တီ ချစ်မြတ်နိုးတဲ့ စိုက်ပျိုးရေး ဘာသာရပ်ဟာ ငတ်မွတ်ခေါင်းပါးရေးကို ကယ်တင်ဘို့ ၊ အစားအစာ ဝဝလင်လင် စားသုံးပြီး ငြိမ်းချမ်းကြဘို့ အန်တီ တို့သင်ယူခဲ့တယ်…။

အခု စိုက်ပျိုးစီးပွားရေးဟာ လိုအပ်တာ Need ထက်ပိုတဲ့ လောဘဇော တိုက်မှု Greed တွေ ဖြစ်လာ တဲ့အခါ ပတ်ဝန်းကျင်ကိုဖျက် ဆီးတဲ့ဘာသာဖြစ်နေမှာ အန်တီ တော့တကယ် ပဲစိုးရိမ်လှတယ် ..။

၂၀၁၅ ခုနှစ်ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကနေ ပေါင်းသတ်ဆေး သည် ကင်ဆာ ဖြစ်စေနိုင်တယ် ဆိုတဲ့ လေ့လာ ဆန်းစစ်ချက်ကို အမေရိကန် နိုင်ငံ ရဲ့ Environmental Protection Agency EPAက သဘာမတူဘူးသမီးရေ..ပေါင်းသတ်ဆေးဟာ ကင်ဆာ မဖြစ်စပါဘူးလို့ ဇွတ်ညင်းနေဆဲ ဖြစ်ပါတယ်…။

ဒါဆို သောက်ပြမလား လို့ မေးတဲ့လူတွေ လည်းရှိပါတယ်…။EPA နဲ့ ဒါတွေထုတ်လုပ်တဲ့ Monsanto ကုမ္ပဏီ အနေအထားဟာ လင်မယားလိုရင်းနှီးကျွမ်းဝင်နေတယ် ဆိုတာ အမေရိကန်ပြည်သူတွေ သိကြတယ်..သို့သော်မလွန်ဆန်နိုင်ကြဘူး ..။

ထားပါတော့ကင်ဆာ မဖြစ်ဘူး…ဆိုသော်လည်း… အဘိုးတန် တဲ့ အပင်မျိုးစိတ်တွေ ပျောက်ကုန် တာကတော့ညင်းမရဘူးသမီးလေးရေ..။

အန်တီငယ်ငယ် က ချစ်ခင် ခဲ့တဲ့ လယ် တော…ပတ်ဝန်းကျင် ဆိုတာ

မှိုနတိုငွေရောင်ဖျော့ရယ် နဲ့..ရွှေကနဖော့ ကြာရိုးဖြူ…

ချိုးယူ လို့မကုန်ခမ်း..ပတ္တမြားရောင် ဖားကဖောင်သံလွင်လွင် နဲ့

ရွှေညံပင်ရှုပ်မရှင်းတယ် ကွင်းပြည့်ခမန်း … ။

ဆိုတဲ့ကဗျာ လေး အတိုင်း ချစ်စဖွယ် ကျေးလက်အစားအစာတွေပေးတဲ့ အပင်လေးတွေ ပျောက်ကုန်ပြီ သမီးရယ်..။မသိလို့ စားကြသူတွေလည်းအဆိပ်တွေသင့်ကုန်ကြတယ်ဆိုတာကိုကြားရတာတွေကတော့ နားနဲ့မဆန့်အောင်ပါ..။

ဒီပေါင်းသတ်ဆေး အောက် မှာ ရေနေသတ္တဝါတွေ ဘယ်လောက်ပျောက်အုံးမလဲ အန်တီ စိုးရိမ်လှ ပြီ..။

အန် တီတို့မြန်မာက ဒီဆေးရောင်းတဲ့ ကုမ္ပဏီကြီးတစ်ခု ကတော့ ပေါင်းသတ်ဆေးကို ပိတ်ပင်တဲ့နိုင်ငံ တွေ ကို ပေါင်းပြဿနာ ကြုံရမယ် လို့ တောင်ချိမ်းခြောက် တဲ့သတင်းတွေ ဖေါ်ပြပေးနေတယ်…။

ဒီနေ့ အန်တီ ရောက်နေတဲ့ ရှမ်းပြည်နယ် က ပအိုးဝ်တောင်သူ တွေ သြဂဲနစ် စနစ်ကူးပြောင်း ပေးဘို့ သင်တန်းမှာ ကလည်းအဓိက အခက်အခဲ ကပေါင်းသတ်ဆေး သုံးစွဲမှုသာဖြစ်နေတယ်…။

တစ်ပုလင်း မှ ၈၀၀၀ ဆိုတော့ လည်း သုံးကြတော့တာ...။

လိုအပ်လို့ လားပေါင်းပေါက်ရမှာ ပျင်းလို့ လားဆိုတာကိုတော့ .......

အရာရာခံဘက်က ဖြစ်နေတဲ့ အခြေခံလူတန်းစား တောင်သူတွေမို့ အန်တီမမေးရက်တော့ပါဘူးလေ..။

၁၀ မိုင်လောက်ဝေးတဲ့မြို့ ကိုတောင်မသွားကြတဲ့သူတွေလက် ထဲအရောက်ဘယ် သူတွေ အလွယ်တကူ ထည့်ပေးနေလဲ..။

နောက်ဆက်တွဲ ပြဿနာတွေကိုတကယ် ပဲမသိကြတာလား..မသိချင်ယောင်ဆောင်နေကြ တာလားအန်တီ အော်မေးနေမိတယ် သမီးရေ..။

ဒါတောင်ပိုးသတ်ဆေးကြောင့် ဒုက္ခရောက်ကြရှာတဲ့ ပျားလေးတွေ ၊လိပ်ခုံးကျိုင်းလေးတွေ ၊ နကျီလေးတွေ မပါသေးဘူး..။

မြေ ထဲက အဘိုးတန် အဏုဇီဝ မျိုးစိတ်လေးတွေမပါသေးဘူးနော်..။

ဒါတွေဟာ ဥပဒေကိုင် ထားတဲ့သူတွေ တစ်ချက် လက်မှတ်ထိုးဆုံးဖြတ် ရုံ နဲ့ ပြီးရမဲ့ကိစ္စ တွေ မှာ ........ မပြီး ကြတဲ့အခါ ..။

အန်တီလည်းသမီး လိုပဲ တစ်ကိုယ်တော် ဆန္ဒဖေါ်ထုတ်ချင်မိတယ် သမီး.။

ဆက်ပါအုံးမယ် သမီးလေးရေ..

ချစ်သောအန်တီ
ဒေါက်တာသန်းသန်းစိန်
မြန်မာ

0 မှတ်ချက်ရေးရန်: