Monday, May 25, 2020

အာဏာ နှင့်သိက္ခာ

အာဏာ နဲ့ သိက္ခာ ဘယ် ဟာကအရာရောက်သလဲ ဆိုတဲ့ ပိုစ့်လေး ကို တင်ဖြစ်ခဲ့တာကတော့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ရဲ့ တရားနာရင်း နဲ့ ဒီစကားလုံး တွေကိုသိခဲ့တာဖြစ်ပါတယ်..

((သိက္ခာက အာဏာ ထက်ပိုပြီးအရာရောက် တယ်)) ဆိုတဲ့ ဆုံးမစကား က….ကျေးဇူးတော်ရှင်.ယောဆရာတော် ဘုရားကြီး နေပြည်တော် ကြွရောက်စဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေစု - ဒေါ်အောင်ဆန်းစုကြည် လာရောက် ပူဇော် ပြီး ဆုံးမ သြဝါဒ ခံယူတော့ ပြောကြားခဲ့တာဖြစ်ပါတယ်..

ပေးအပ်တဲ့…….. သြဝါဒ တွေ အများကြီး ဆုံးမ တဲ့အထဲ မှာ မှတ်လောက်သားလောက်တဲ့ စကားလုံး အဖြစ်ထုတ်နှုတ် ပြီး ပိုင်းလော့ဆရာတော်ဘုရား က ပြန်လည် ဟောကြား ခဲ့တာဖြစ်ခဲ့ပါတယ်..

ကျွန်မ အတွက် လည်း မှတ်သားဖွယ် နာယူဖွယ် စကားလုံး ဖြစ်နေတာမို့ ပြန်လည် ရေးသားမိတာဖြစ်ပါတယ်..

စကားလုံး နှစ်ခု လုံး ကမြန်မာ စကားလုံး တွေမဟုတ်ပဲ ပါဠိစကားလုံးတွေဖြစ်ကြတယ်ဆိုသော်လည်း မြန်မာ အဓိပ္ပါယ် သိရှိနားလည် ကြ..ဖြေဆိုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်..

အာဏာ ဆိုတာကို ဘုန်းတန်ခိုး၊ အရှိန်အဝါ ဖြင့် မိမိဖြစ်စေချင်သလို ခိုင်းစေခြင်း၊ လုပ်ဆောင်စေခြင်း ဆိုတဲ့သဘောတရားတွေ တွေ့ရပြီး အင်္ဂလိပ်လို ဆိုရင် Power Authority ဆိုတဲ့စကားလုံး နဲ့ ဖလှယ် တာ တွေ့ ရမှာ ဖြစ်ပါတယ်..

သိက္ခာ ဆိုရင်..အကျင့်သိက္ခာ လို့ တွဲလျက် ဆိုလေ့ရှိကြပါတယ်။ကျင့်စဉ် ပိုင်း နဲ့ ပတ်သက်နေပြီး သိက္ခ ပါးရှိတယ် လို့ ရေတွက်ကြပါတယ်..

သီလသိက္ခာ- ကျင့်သင့်ကျင့်ထိုက်သော ကိုယ်ကျင့်တရား
။သမာဓိသိက္ခာ - ကျင့်သင့်ကျင့်ထိုက်သော စိတ်တည်ညိမ်မှုတရား
။ပညာသိက္ခာ - ကျင့်သင့်ကျင့်ထိုက်သော နိဗ္ဗာန် ရောက်မှုတရား ရယ်လို့ ဆိုပါတယ်..

လွန်ခဲ့တဲ့ ၀နှစ် မြန်မာကိုပြန်လာ တဲ့အချိန် မှာ လျှောက်လှမ်းရမဲ့ဘဝလမ်းကြောင်း အတွက် စဉ်းစားစရာများစွာ လမ်းခွဲ များစွာ ၊ရွေးချယ် မှုများစွာ နဲ့ ကြုံတွေ့ ခဲ့ရပါတယ်

ကိုယ်ထားတဲ့ဘဝ တန်ဘိုးအတွေးအခေါ် တွေကိုမထိခိုက်အောင် စောင့်ရှောက်ရင်းတချို့သောအရာတွေကို လက်လွှတ်ရမယ် ဆိုတာကိုလည်းလက်သင့်ခံခဲ့ပြီး ဖြစ်ပါတယ်..

လောက ရဲ့ အကြောင်းအချို့ တစ်ဝက် ကိုရင်ဆိုင် ခဲ့ ဘူးသူ တစ်ယောက် ဆိုတော့ချမှတ်ထားတဲ့ လမ်းကြောင်း မပြောင်းအောင် ကြိုးစားရမြဲပါ..

စိတ်အမြင်ဟာ ဘုရားသင်ကြားပေးတဲ့လမ်းကြောင်းပေါ်မှာ ရှိနေရမယ် တဲ့..။ဆိုတဲ့ဆရာသခင် ရဲ့ ဆုံးမ စကား ဟာ ဘဝ လမ်းညွှန်မြေပုံတစ်ချပ်လို မတိမ်းစောင်းအောင်အမြဲလမ်းညွှန် ခဲ့ပါတယ်..

ဘဝ ဆိုတာ လွတ်မြောက်လမ်းကိုလျှောက်လှမ်းရင်းပူလောင်တဲ့ ဒေါသ မာနများ ရင် အောက်ဘက်ကို စုန်တော့ တာပါပဲ။အေးမြတဲ့….. မေတ္တာများ ရင် အထက် ကိုဆန်တယ် ဆိုတာကိုလည်းကျွန်မ က မမှိတ်မသုန် ယုံကြည်ပြီး ဖြစ်ပါတယ်..

ဘဝ ရဲ့ လမ်းခွဲ တွေ များစွာ ထဲ မှာ သိက္ခာ နဲ့ အာဏာ ဆိုတာကလည်း လမ်းခွဲ တွေ ထဲက တစ်ခု ပေါ့..

ဘယ် ဟာ ကပိုအရေးကြီး ပါသလဲ..

ဘယ် ဟာက ပိုပြီး အရေးပါ အရာရောက်ပါသလဲ .. ဆိုတာ တွေဝေ မှု နဲ့ မှုံမှိုင်းမနေ လိုတာအမှန်ပါ..

ဘုန်းဘုန်း (ဆရာတော် ရဝေနွယ် (အင်းမ)) ရဲ့ ဆောင်းပါး မှာကတော့ လူတစ်ယောက်ရဲ့ တန်ဘိုးကို ရာထူးဋ္ဌာနန္တရ၊ စည်းစိမ်၊ဥစ္စာ ၊ပညာ၊ အောင်မြင်ကျော်ကြားမှု နဲ့ မတိုင်းတာသင့်ဘူး သူ့ရင် ထဲ မှာ တည်ရှိအပ်တဲ့ သိက္ခာ () ပါးနဲ့ ပဲတိုင်းတာ သင့်တယ် လို့ ဖေါ်ပြထားပါတယ်..

လူတစ်ယောက်ဟာ သိက္ခာ ()ပါး နဲ့ ပြည့်စုံနေရင် တန်ဘိုးရှိနေတာပါပဲတဲ့..

ရာထူးဋ္ဌာနန္တရ၊ စည်းစိမ်၊ဥစ္စာ ၊ပညာ၊ အောင်မြင်ကျော်ကြားမှု တွေရှိနေပေမဲ့..သိက္ခာ()ပါးမရှိရင် တန်ဘိုးရှိတယ် မခေါ်ဆိုနိုင်ပါဘူးတဲ့.. ခု လုံးပြည့်စုံနေရင်တော့အတိုင်းထက်အလွန်ပေါ့ တဲ့..

သိက္ခာ ဆိုတာကိုယ့်ကျင့်တရား ဖြစ်လေတော့
သီလသိက္ခာ
သမာဓိသိက္ခာ
ပညာသိက္ခာ ဆိုတဲ့ သိက္ခာ () ပါး ကို ထာဝစဉ် ဖြည့်ကျင့်နေတဲ့သူဆိုတာ စွမ်းအားထက်မြက်နေတဲ့ သူ ဖြစ်တယ် လို့ သတ်မှတ်ရမှာ ..

သီလအားက ကြမ်းတမ်းတဲ့ကိလေသာကို ပယ်နိုင်တယ် ..

လူတစ်ယောက်ကိုကြည့် လိုက်တဲ့အခါ သူ့ကို စိတ်ဝင်စား တာနဲ့ သူ့ရဲ့ ဘဝသမိုင်းကိုအမြဲလေ့လာကြတာထုံးစံပါပဲ။

ထိုသူရဲ့ သမိုင်းကြောင်း မကောင်းရင် မလေးစားကြဘူး .... သူ့သမိုင်း မှ အပြစ်တစုံတစ်ရာလုပ်ခဲ့တယ် ဆိုရင် တန်ဘိုးကျ မသွား ပေဘူးလား ။သူ့ကို မလေးစားကြတော့ဘူး..

တကယ်လို့ သူ့မှာ သိက္ခာရှိမှန်းသိရင်တန်ဘိုး ထားတဲ့စိတ် မပေါ်ဘူးလား။ပေါ်ကြပါတယ် တဲ့.. လူတင်မကဘူး နတ်တွေ လည်း ဒီအတိုင်းကြည့်တယ် တဲ့…. ကွယ်ရာဖြစ်ပစေ.... လူမသိသော်လည်းနတ်ကသိပသတဲ့.. ပရမ်းပတာ ထင်ရာ လုပ်နေရင်......မလေးစားကြတော့ ပါဘူး
ကိုယ့်ထက် အကျင့်သိက္ခာ မသာရင် နတ်ကလည်း မလေးစားဘူးတဲ့..။ကွယ်ရာမှာ ထင်ရာရှောက်တွေးနေတဲ့သူ ရင် ချစ်တဲ့ စိတ် နဲ့ မကူညီ ကြဘူးတဲ့..

ကိုယ့်ထက်သာ မှ လေးစားကြမှာကတော့ လူကော နတ်ကော ဖြစ်ပါတယ်...

အာဏာ နဲ့ချုပ်ချယ် တာ..အမိန့်ပေးစေခိုင်းတာ က ခဏပဲရမယ် တဲ့.. အာဏာ နဲ့ စေစားသူမှန်သမျှ ...အနိုင်ယူသူမှန်သမျှ ဟာ မိမိအလို ပြည့်တယ် ထင်ရပေမဲ့......နောက်ဆုံးတော့ အမုန်းသာအဖတ်တင်တော့တာ ပါ..

လူအများ ထံ မှ စစ်မှန်တဲ့ တကယ့်ချစ်ခြင်း မေတ္တာကိုမရနိုင် ဘူးတဲ့..

လေးစားတန်ဘိုးထားခြင်းတွေပျောက်ဆုံးကုန်ပါသတဲ့။

ဒါဆို သိက္ခာ က အာဏာ ထက်ပိုအရာရောက်တယ်..ဆိုတာလက်ခံရပါမယ် တဲ့..

ကျွန်မတို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား အလောင်းတော် ဘဝ တုံးက နေမိမင်းဆိုတာ ဘဝ တစ်ဘဝ ဖြစ်ခဲ့ ဘူးပါတယ်..။ဘုရားလောင်းနေမိမင်း ကြီးကသက်တမ်းလည်းရှည် တဲ့ခေတ် ကဘုရင်ပါ။

ပြည်သူပြည်သားတွေ ကိုသီလ လုံအောင်ထိန်းခိုင်းတယ်

သူ့ကိုဖူးမျှော် ခွင့် ရဘို့ ကို သီလ နဲ့ သာ ဆုံးဖြတ်ဘို့ စီစဉ် ထားတယ် တဲ့.. တွေ့ မယ် ဆိုရင် အဝတ်အစား ထောက်ပံ့တယ်….လိုရာထောက်ပံ့တယ်….. သီလ မလုံရင် ဖူးတွေ့ ခွင့်မရှိဘူးတဲ့..။လက်ခံတွေ့ဆုံခွင့်မပေးဘူးတဲ့..

ဒီတော့တိုင်းသူပြည်သား တွေ ဟာ သီလသိက္ခာ ဆောက်တည်ကြရင်း နတ်သမီးနတ်သား တွေ ဖြစ်ကုန် ကြတော့တာပါ….. တာဝတိံ သာနတ်ပြည်မှာ သိကြားမင်းပတ်လည် ကအချွေအရံ နတ်တွေက နေမိမင်းကြောင့် ရောက်လာ တဲ့ သူတွေ ချည်းပဲ တဲ့.. နတ်တွေက နေမိမင်းကြီး ကိုဆို နတ်ပြည်ကိုပင့်ချင်လိုက်တာ တဲ့တောင်းဆိုကြတယ်..

သူတို့ ဘုရင်ကို နတ်ဖြစ်သည်ထိ..ဘဝ ပြောင်းသည့်တိုင်အောင် သူတို့ရဲ့ ပြည့်ရှင်မင်းကိုချစ်ခင်မြတ်နိုးတန်ဘိုးထားကြပါသတဲ့..

ဒီတော့ သိက္ခာသည် အာဏာ ထက်ပိုအရာရောက်တယ် တဲ့..

အရေးမကြီးဘူးလား သိက္ခာက ကိုယ့်ထက်မြင့်နေတော့အားလုံးချစ်ကြတယ်.. တန်ဘိုးထားကြတယ် ဒါအာဏာ နဲ့ မဆိုင်ဘူး လေ..သိက္ခာ နဲ့ဆိုင်တာ..ဖြစ်ပါတယ် လို့ ပိုင်းလော့ဆရာတော်ဘုရား ကဆုံးမပါတယ်..

နတ်ဖြစ်သည့်တိုင်အောင် တောင်…. နတ်တွေ က နတ်သမီးတွေနဲ့ ပျော်ဟယ် ပါးဟယ် ဆို ဘယ်ကန်တော့ချင် ပါ့မလဲ..။သိက္ခာ ကကိုယ့်ထက်မြင့်နေ မှ အားလုံးကချစ်ပြီးပူဇော်ကြတာ..

သိက္ခာသုံးပါးကအပြည့် အင်မတန်စင်ကြယ် နေလို့ပါတဲ့..

ဒီတော့ သိက္ခာရှိအောင်နေမယ် လို့ဆုံးဖြတ်ချက် မချ သင့်ဘူးလားတဲ့..

စိတ်အမြင်ဟာ ဘုရားသင်ကြားပေးတဲ့လမ်းကြောင်းပေါ်မှာ ရှိနေရမယ် တဲ့..

သိက္ခာရှိအောင်နေမယ် လို့ ကိုယ့်ကိုကို ဆုံးဖြတ်ချက်ချ ရင်း
အချိန်တိုတဲ့သက်တမ်းအတွင်းမှာ ကိုယ့်ဘဝကိုဖြုန်းတီးပစ်လို့ မဖြစ်ဘူး ဆိုတဲ့ စကား နဲ့ ကိုယ့်ကိုကို သတိပေးလိုက်ပါတော့တယ်..

မေတ္တာဖြင့်

သစ္စာအလင်း

တစ်ဘဝ စာ နဲ့တစ်သံသရာစာ လို့ ဖြေပေးတဲ့သူတွေ...

သိက္ခာ လို့ဖြေပေးတဲ့သူတွေ

နှိုင်းယှဉ် တင်ပြပေးသူအားလုံးကျေးဇူးအထူးတင်ပါတယ် ရှင်..

..၂၀၁၉


0 မှတ်ချက်ရေးရန်: