Wednesday, June 3, 2009

HONOUR TO NEW BUDDHIST PRAYER ROOM-AIT


ချစ်ခင်လေးစားရပါသော ကမ္ဘာ့နေရာအသီးသီးရှိ AIT Alumni မောင်နှမများသို့

သည်နေ့-နေ့လည် Email ဖွင့်စစ်လိုက်တဲ့အချိန်မှာ ဖတ်လိုက်ရတဲ့သတင်း က ကျွန်မကို ကြက်သီးမွှေးညင်း ထလောက် အောင် ဝမ်းသာမှုကို ဖြစ်စေပါတော့တယ်..။
Asian Institute of Technology, Thailand ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ မချယ်ရီမျိုးလွင်ပေးပို့လိုက်တာပါ။ သူက Professor Tien ရဲ့ Mail ကိုလည်း forward လုပ်ထားပါသေးတယ်။
Dear Cherry Myo Lwin,
I'm pleased to inform you that the renovation of an allocated room in the SU building for the Buddhist Associations was completed. The room was cleaned up this morning and now it is ready for use. Please be informed that there are two sets of air-con in this room. One of them functions and the cover/frame of the other is being made in house (the old cover was damaged and is not available in the market any more, so our people have to make a new one in house. Thus it would take some time). In this connection we wish you, all Buddhist fellows and Associations all the best.
With best wishes,
Tien
ကျွန်မတို့အားလုံး ချစ်ခင်မြတ်နိုးရတဲ့ Asian Institute of Technology ,AIT မှာ ဗုဒ္ဓသာသာ ဘုရားဝတ်ပြုခန်း သည် တစ်ခြားသော ဘာသာရေးဝတ်ပြုခန်းများနှင့် ခွဲထွက် ပြီး သီးသန့် အဖြစ်ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။
ကျွန်မတို့ကျောင်းတက်စဉ် ကာလ က စီနီယာ များနှင့်ဆရာမကြီးဒေါ်မြင့်မြင့်သိန်းရဲ့ ကြိုးပမ်းမှုကြောင့် Student Union ကျောဘက်ခန်းမှာ သီးသန့် အခန်းနှင့် ဆရာမကြီးတို့မိသားစုလှူဒါန်းထားသော သပ္ပါယ်လှတဲ့ ဗုဒ္ဓ ရုပ်ပွားတော် တည်ရှိခါ ကျွန်မတို့အားလုံးရဲ့ နားခိုရာ၊ တရားစုပေါင်းအားထုတ်ရာ နေရာလေးဖြစ်ခဲ့ပါတယ်..။
ကျွန်မတို့ကျောင်းပြီးခါနီး လေးမှာအကြောင်းမညီညွတ်ခဲ့တော့ ထိုအခန်းကို ဖျက်သိမ်းပြီး ဘာသာလေးခု စုပေါင်း ဝတ်ပြုရမယ် ရယ်လို့ အစီအစဉ်ထူးကြောင့် အစည်းအဝေး အကြိမ်ကြိမ် တက်ခဲ့ ရတာ၊ အချေအတင် တွေ ညှိနှိုင်းခဲ့ရတာ၊ ပြောဆိုခဲ့ရတာတွေကို ကျွန်မမှတ်မိနေခဲ့ပါတယ်။အစည်းအဝေးတက်တိုင်း မြတ်ဗုဒ္ဓရဲ့ သုဂတော ဂုဏ်တော်ကို အမြဲရွတ်ဆိုခဲ့ရပါတယ်။
အခန်းကျယ်တစ်ခုအတွင်း စားပွဲတစ်လုံးသာ ထားမယ် ဘာသာလေးခုက အချိန်ညှိနှိုင်းပြီး ကိုယ့်အချိန်ရောက်မှ ကိုယ့်ဘာသာရေး ဆိုင်ရာ ရုပ်ထု စတာတွေကို စားပွဲပေါ်တင် ဝတ်ပြုကြပါ။ ပြီးရင် ဘီဒိုထဲပြန်သိမ်း ဆိုတဲ့ အကြံပြုချက်ဟာ တကယ်တော့မလွယ်လှပါဘူး။
Internationalization , Multi Culture Environment ဖြစ်တဲ့ ကျောင်းဟာ ယဉ်ကျေးမှုဖလှယ်ရတာ ပျော်စရာကောင်းပေမဲ့ ဘာသာရေးနဲ့ ပတ်သက်လာတဲ့အခါ ရောထွေးယှက်တင် ဖြစ်မှုဟာ သဒ္ဓါတရားမတက် စေဘဲ ကိလေသာတွေသာ ပွားစေနိုင်ခဲ့ပါတယ်။
ညှိနှိုင်းမှုတွေအကြိမ်ကြိမ် ပြုခဲ့တော့ အခန်းကျယ်အစား အခန်းကို လေးစိတ်စိတ် ခွင့် ရပါတော့တယ်။ လေးစိတ်မှာ အညီအမျှ စိတ်ပါ လို့ ဘယ်လို တောင်းဆိုဆို ဝတ်ပြုသူအရေအတွက်ကို ဓာတ်ပုံရိုက် ယူလာတာ-တကယ်လည်း တနေ့လေးကြိမ် တက်ညီလက်ညီ ဝတ်ပြုကြတာတွေ တွေ့နေရတော့ ကျွန်မတို့ ကျန်ဘာသာဝင် တွေဟာ မူဆလင်အဖွဲ့ ကို အခန်းရဲ့ သုံးပုံ တစ်ပုံပေးလိုက်ရပါတော့တယ်။
ကျန်တဲ့ သုံးပုံနှစ်ပုံကို ကျွန်မတို့ သုံးဘာသာ က အညီအမျှခွဲဝေ ယူလိုက်ရပါတော့တယ်။
သီးသန့် မရှိတဲ့ တံခါးပေါက်ပြဿနာတွေ…ကျွန်မတို့ဘုရားပန်းလဲတဲ့ Basin မှာမူဆလင် ဘာသာဝင်တွေ ခြေထောက်ခိုးဆေးကြတာတွေ မြင်တိုင်း ကျွန်မရန်ဖြစ်ခဲ့ဘူးပါတယ်။စာတမ်းတွေ လည်းချိတ် ၊ချိမ်းခြောက် မှုတွေ လုပ်ပေမဲ့သူတို့လစ်ရင်လစ်သလို ခိုးပြီးဆေးတော့တာပါပဲ..။
ကျွန်မတို့ ဝတ်ရွတ်ချိန်မှာ Low Voice လုပ်ပေးပါတောင်းဆိုတတ် ပါသေးတယ်..။ သူတို့ဘက်က ကြည့်တော့ လည်း မိန်းမ ဝင်ခွင့်မပေးတဲ့ နေရာကို ကျွန်မတို့ဖြတ်သွားဖြတ်လာ လုပ်တာတွေကို စိတ်ပျက်မှာပါပဲ။မူဆလင် ဘာသာ ဝင် အင်အားမှာ ပါကစ္စတန်၊အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ အီရန် လူမျိုးများစွာ ဝတ်ပြုကြပါတယ်။
ကျွန်မတို့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ က ထိုင်း၊လာအို၊ကမ္ဘောဒီးယား၊နီပေါ၊သီရိလင်္ကာ ကျောင်းသားများစွာ ရှိပေမဲ့ တကယ်တမ်း ဘုရားခန်းဝေယျာဝစ္စ ဆောင်ရွက်တာ၊ ထိန်းသိမ်းစောင့်ရှောက်တာ က မြန်မာ ကျောင်းသားများ သာ ဖြစ်နေခဲ့ပါတယ်။
ဒါကြောင့်သည် ဗုဒ္ဓဘာသာ အသင်း ရဲ့ အောင်မြင်မှုဟာ မြန်မာများရဲ့ အောင်မြင်မှု သာဖြစ်တယ်လို့ ဆိုနိုင် ပါတယ်။သည်လေးနှစ်အတွင်းမှာ အခက်အခဲ အမျိုးမျိုးတွေရင်ဆိုင်ကြရင်း စုစုစည်းစည်း ကြံ့ခိုင်စွာ ထိမ်းသိမ်း စောင့် ရှောက် ကြတဲ့သတင်းတွေကိုလည်းကြားသိနေရပါတယ်။
သည်လိုနဲ့လေးနှစ်တောင် ဖြတ်သန်းခဲ့ရတာနော်။ အခုသည်သတင်း ကိုကြားရတာ ကျွန်မတို့အား လုံးသိပ်ပျော်ကြမယ်လို့ ထင်ပါတယ်။
အခုဆိုရင် ဗုဒ္ဓဘာသာဘုရားခန်းနဲ့ အတူ ဗုဒ္ဓစာကြည့်တိုက် ကိုပါ ဖွင့်လှစ်ဆောင်ရွက်တော့မှာဖြစ်လို့ ကမ္ဘာ့နေရာအသီးသီးမှ AITians များ အမိမြေသို့အပြန် ဘန်ကောက်မှာ တစ်ထောက်နားလို့ ပါဝင် လက်တွဲ ကူညီသွားကြပါရန်လည်း သတင်းကောင်းပါး ပန်ကြားလိုက်ပါရစေ။
ဆရာတော်ဦးဇောတိက ဟောကြားတော်မူတဲ့ ( ငြိမ်းချမ်းခြင်း)တရားတော်မှာပါတဲ့ နေရာလေးနဲ့ တူတဲ့ ---AIT-- နွေမှာပိတောက်တွေအမြဲပွင့်တာ---မိုးမှာ ယုဇနခြံစည်းရိုးတန်းက ရနံ.သင်းနေတတ်တာ---
၁၂ရာသီ ကာလပတ်လုံး ဥသြ တွန်ကျူးသံတွေကြား နေရတာ---တစ်ပင်တည်းရှိပေမဲ့ လန်းလန်းစွင့်စွင့် ချွေချပေးတဲ့ ခရေပင်ကြီး တည်ရှိနေတာ---
အရောင်အသွေးစုံတဲ့ ငှက်ပေါင်းစုံ တို့ ပျံသန်းရာ---ငါးများလိပ်များဖွတ်များ ပျော်ရွှင်စွာ တွေ့နိုင်တဲ့ နေရာ--- ကြာညိုပန်းတို့ပွင့်လန်းရာ---
Tomorrow Asian Leaders are studying in AIT ဆိုတဲ့ ကျောင်းရဲ့ ဆောင်ပုဒ်အတိုင်း အာရှရဲ့ ဂုဏ်ကျက် သရေဆောင် အဖြစ်တည်ရှိနေတဲ့ ---ကျွန်မတို့အားလုံးရဲ့ AIT ပါ..။
သည်လို International Institute တစ်ခုမှာမြန်မာ- ဗုဒ္ဓဘာသာဝင်တွေရဲ့ အရည်အသွေးကိုပြသနိုင်တာ၊ အခက်အခဲတွေကိုစုပေါင်းကျော်လွှားကြတာတွေ အတွက် ဆရာမကြီးဒေါက်တာခင်နီနီသိန်း(Vice President-AIT)၊ ဆရာမဒေါ်နွဲ့နွဲ့ရည်၊ဝန်ထမ်းများ၊ ကျွန်မရဲ့ ဂျူနီယာမောင်၊ညီမ များ ကို ဤဆောင်းပါးနှင့် ချီးကျူးဂုဏ်ပြု လိုက်ပါရစေရှင့်။

3 မှတ်ချက်ရေးရန်:

winmyint said...

ဝမ်းမြောက်ရပါတယ်ခင်ဗျား...

မေစုဟန် said...

ချစ်ခင်လေးစားရပါသောအန်တီရေ...

မနက်ဖြန်ညနေ(၄)နာရီမှာ သမီးတို့တွေ ဘုရားခန်းအသစ်ကိုရွှေ့ကြမယ်...
အခန်းကအရမ်းကျယ်တော့ အလှူတစ်ခုခုဆိုရင် အရမ်းအဆင်ပြေသွားပြီအန်တီ....
တစ်ခုတော့ရှိသေးတယ်အန်တီ..ဘုရားဝေယျာဝိစ္စလုပ်ဖို့ ဘေဆင်မလုပ်ပေးထားသေးဖူး...
အခုလောလောဆယ်တော့ သမီးတို့တွေတိုင်ပင်ထားတာက korea house မှာပဲ လုပ်ကြမယ်ပေါ့...
ဆက်ပြီးတော့ပြောကြည့်မယ်လေအန်တီ.....
တဆင့်ပြီးတဆင့်ကိုယ့်ဖက်ကလည်းလိုအပ် သူတို့လည်းပေးနိုင်တာမျိုးတောင်းကြည့်ကြအုံးမယ်...
ဘာဖြစ်ဖြစ် သမီးလည်း အရမ်းပျော်တယ်အန်တီ....
သမီးတို့တတ်နိုင်သလောက်သေသေချာချာလုပ်ပါမယ့်အန်တီ....
ကိုယ့်ကုသိုလ်တိုးရေးအတွက်ပါသလို..အန်တီရဲ့ဆန္ဒတွေကိုဖြည့်ချင်တာကအဓိကပါမယ်အန်တီရေ့...
ဘာဖြစ်လို့လည်းဆိုတော့ အန်တီရဲ့ဘာသာရေးကိုင်းရှိုင်းမှုကို သမီးသေချာလေးစားအတုခိုးနေလို့ပါအန်တီ....
သမီးတို့ရဲ့ activity တွေကိုဓါတ်ပုံရိုက်ပြီးပို့လိုက်ပါ့မယ်အန်တီ....

အန်တီအမြဲတမ်း ...
“ငြိမ်းချမ်းအောင်မြင်ပါစေ”

အမြဲဆုတောင်းလျက်ပါ...
မေစုဟန်
်(Agricultural System Engineering-AIT)

Anonymous said...

Dear Ama,

Is there any more pictures of the shrine room? :)

Thank you..