Sunday, January 3, 2010

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၁၂ (ပိုင်းလော့ဆရာတော်)

တံလျှပ်ပမာ(ဘဝ)-ခန္ဓာ
------------------------
တံလျှပ်ဆိုတာ မြင်ဘူးတဲ့သူတွေ လည်းရှိတယ်။ တချို့ ကျ တော့မမြင်ဘူးဘူး။ သမင် တစ်ကောင် သွားရင်း ညဘက် မျက်စိလည်သွားတယ်တဲ့။ မနက်ကျတော့ သဲကန္တာရ ဘက်ကို ရောက်သွားတယ်။

နေကပူလေ ရေ က ငတ်လာလေပဲ။ ဒီလိုသွားရင်းနဲ့ နေကပူလွန်းတော့ အငွေ့ထလာတယ်။ အပူရှိန်က အငွေ့ထလာတော့ အဝေး ကကြည့်ရင် အနိမ့်အမြင့်နေရာလေးတွေက ရေအိုင်လို့ထင်ရတယ်။ သဘောပေါက်တယ်နော်။

(ကတ္တရာ လမ်းတွေကိုလည်းသတိမထားမိလို့ ၊ နွေဆို အနိမ့်အမြင့် နေရာလေးတွေမှာ ရေလို့ မှတ်ထင်ရတယ်။ အနားသွားကြည့် မရှိတော့ဘူး)။ သမင်လေးကလဲ အနိမ့်အမြင့် နေရာကို ရေရျိတယ် မှတ်လို့ပြေးတယ်။ အနားရောက်ရင် ပျောက်သွားပြန်ရင်းနဲ့ ပဲနော်။

အနားဝန်းကျင်ကို ကြည့်လိုက်တော့လည်း ဒီ အတိုင်းပဲ။ နောက်ဆုံးပိတ် သေသာသွားရော ၊ရေမတွေ့ဘူး။ လူတွေဟာလည်း အဲဒီ ဥပမာ လိုပဲတဲ့။ ပင်ပန်းနေကြရတယ် တံလျှပ်ရေထင်ပြီး လိုက်တဲ့အခါ
( လိုက်လေ- လိုက်လေ ငတ်မပြေသည် ၊ပန်းခြေ လက်ကျ ရှိတုံစွာ သို့) လို့ပြတယ်။

ဒီတော့ ဘုန်းဘုန်း တို့ဟာ တွေးသမျှ အတွေးတွေကု အကောင်ထင်တာဟာ ဆံလျှပ်ကို ရေထင်သလိုပဲ ဟုတ်မဟုတ် စဉ်းစားကြနော်။ ခုနေ မျက်စိမှိတ်ထားတယ် ၊မျက်နှာ ပုံ၊ အိမ်ပုံတွေ ဖော်လိုက်တယ်။ ဒီ အခါ အကောင်လို့ ထင်မနေဘူးလား ၊ အဲဒါ တံလျှပ်ကိုရေ မှတ် တာပဲ။ ငါအိမ်လို့ ထင်လိုက်သေးတယ်။
ဟုတ်ရဲ့ လား။ (ဟုတ်ပါတယ်ဘုရား)။

ဟိုက ပျောက်သွားပြီ။ ဒါကိုပဲ အတင်းခံစားပြီးလိုချင်တော့ အားစိုက်တယ်။ ဒီလိုအားစိုက်ပါများရင် နှလုံးအိမ်မှာ အပူဓာတ် ထွက်လာတယ်။ ဒီလို အပူဓာတ်အရှိန် တွေထွက်လာပြီ ဆိုရင် ကံမြောက်သွားပြီ။ ငါ့အိမ်အတွက် ငါဘာလုပ်မယ် လို့အားစိုက်လေ ပင်ပန်းလေပဲ။ ဥပါဒါန်ကံ ရောက်တော့ တာပဲ။ ဆုံးဖြတ်ချက် နဲ့သွားတာကိုး ။ အဲဒီမှာ အပူဓာတ် အရှိန်တွေ ပြင်းပြင်းသွားရင် ဖွဲ့စည်းပုံတွေ ပြောင်းတော့ တာကိုး။

ဓာတ်ရိပ် ဓာတ်ခိုးတွေ ပြောင်းတော့တာပဲ။အဲဒီ အရှိန်နဲ့ မရပ်ပဲသေခဲ့သော် ဇာတိ ။ အပူဓာတ် အရှိန်ပြင်းပြင်း နဲ့ဆိုရင် အပါယ်ဇာတိ၊မာန်လျော့လို့ အအေးဓာတ်အရှိန်ဆိုရင် နတ်-ဗြဟ္မာ ဇာတိ ဖြစ်မယ်။ အထက် ဆန်တယ်ပေါ့နော်။ ဒါန-သီလ တွေ အားကောင်းပြီး အအေးဓာတ် နဲ့သွား ရင်တော့ နတ်ဖြစ်မယ်ပေါ့။

သို့သော် အို-နာသေ လွတ်ပါ့မလား။ မလွတ်ဘူးနော်။ ဒီအှရိန်ကို ရပ်နိုင်မှ မထွက်အောင် လုပ်နိုင်မှ ရမှာပေါ့။ အရှိကို အရှိအတိုင်းတံလျှပ်ကဲ့သို့ ။ မြင်လိုက်လို့ရှိရင်တော့ ဒီ အာရံတွေဟာ မြဲမလား ပျောက်မလား (ပျောက်ပါမယ်ဘုရား)။ ပျောက်တယ် ဆိုရင် အာရုံကို ကပ်တဲ့ တဏှာသည် လာပါဦးမလား။

(မလာပါဘူး ဘုရား)။ ဒီနေရာ အရေး အကြီးဆုံးပဲ ၊ ဒီငါးခုကို ဘုရားဉာဏ်တော် နဲ့မို့ ပိုင်းခြားပြနိုင်တာနော်။ စိတ်-စေတသိတ်တွေကို ဘုရားက အမည်ပေးထားတာ။စိတ်ကလည်းမြင်ရတာ မဟုတ်၊ စေတ သိတ် ကလည်းမြင်ရတာ မဟုတ်ဘူး။ ရုပ်ကလည်း အင်မတန်သိမ်မွေ့တယ်။ ပေါ်ပြီး ပျောက် တယ်။

ဘုရားဉာဏ်တော်နဲ့မို့ ပိုင်းခြားပြနိုင်ခဲ့တာ။ဒါဟာ ကိုယ့်အလုပ်မဟုတ်ပါဘူး။ အဲဒါကို ယုံကြည်မှု သဒ္ဓါတရား နဲ့လက်ခံပြီး တော့ဟုတ်ပြီလို့ ဆုံးဖြတ်ချက်ချရတယ်။ လက်တွေ့လည်းမြင်ရတယ်။

စိတ်-စေတသိတ်ကို ကိုယ်တိုင်မြင် ရမှလို့ သွားမယူနဲ့နော်။ စိတ်ကိုမြင် အောင် စေတသိတ်ကိုမြင်အောင်လို့ တချို့ ဦးတတ်တာ ရှိသေးတယ်။ စိတ်-စေတသိတ်ကို သိမြင်လိမ့် မယ်။

ထိုင်သာထိုင်လို့တစ်ချို့ ကပြောကြတယ်။ ဒါဟာ မဖြစ်နိုင်တာကိုပြောတာ ။ လုံးဝမဖြစ်နိုင်တာ။ မြင်ရမှာလည်းမဟုတ်ဘူး။ ပိုင်းခြားသိစရာ အကြောင်းမရှိဘူး။ မမြင်တာမို့ ယုံကြည်မှုနဲ့သွားရမယ်။

0 မှတ်ချက်ရေးရန်: