Wednesday, June 5, 2019

ကိုယ်ဟာ မျှားတစ်စင်း




တစ်ရိပ်ရိပ်တက်ပြီး....

တစ်ရွေ့ရွေ့ ပြေး နေတယ် လို့ဆိုရင်လည်း...။

ဒါဟာ မျှားတစ်စင်း လို ဘဝ မျိုး ပဲဖြစ်တယ် ဆိုတာ..

ကိုယ် ဟာ နှလုံးသွင်း ထားပြီး ဖြစ်ပါတယ်...။

ပစ်လွှတ် တဲ့ လေးညှို့ ရှင် ဟာ....ကုသိုလ်...အကုသိုလ် ပေါင်းစပ် နေတဲ့

အတိတ်က အကြောင်းတရားတွေ ပါပဲ ဆိုတာ.....

သိထားနှင့်ပြီး ဖြစ်ပါတယ်...။

ဒီအကြောင်းဆက်တွေ မကုန်သရွေ့....

အကျိုးဆက်ဆိုတာ ရှိနေရအုံးမယ်...။

ဆုံရ တွေ့ရမယ် .......

ကြုံရ...မေ့ရမယ်...

ထုံရ..မွေ့ရမယ်...။

တွေ့ချင်သူ နဲ့ လည်း ခွဲရမယ်....

ခွဲချင်သူနဲ့ လည်း တွေ့ရမယ်...။

လောကသဘာဝ....

အောင်မြင်တယ် လည်ပြောလိမ့်မယ်....

ရှုံးနိမ့်တယ် လည်း သတ်မှတ်မယ် ....

ချီးကျူးတာလည်း ရှိမယ် ...။

ကဲ့ရဲ့တာလည်း ရှိကြမှာ အမှန်...။

ဝိုင်းဝန်း ဖေးမ တဲ့အခြံအရံ......ရှိချင်လည်းရှိမှာပေါ့...

မထေမဲ့မြင် ..ဂရုမစိုက်တာလည်း ကြုံရနိုင်တာပါပဲ....။

ငွေ ဆိုတာလည်း..... ပေါများ ..ရှားပါး တစ်လှည့်စီရှိမယ်...။

ဒါတွေ ဟာ တကယ် တော့လည်း......

အရှိန်အဟုန်မကုန် ....

စုံဆန်နေတဲ့..မျှားတစ်စင်း.......ရယ်လို့......

သိမှတ်ထားပြီး......

ညင်သာစွာ...မြေထက်သက်ဆင်းလိုလှတယ်...။

မေတ္တာဖြင့်

သစ္စာအလင်း

ကဆုန်လပြည့်နေ့ အကြိုသစ္စာရွှေစည်ဆရာတော်၏တရားနာယူပြီး ရေးသားပါသည်။

၁၈.၅.၂၀၁၉
ခေတ္တ
Silver Swan Hotel,Mandalay

0 မှတ်ချက်ရေးရန်: