Sunday, May 8, 2011

အဘိဓမ္မာအသင်းကြီး၏ ပန္နက်တင်မင်္ဂလာအခမ်းအနား ဖိတ်ကြားစာ

ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ရှင်.......

ကြုံတောင့်ကြုံခဲ တစ်သက်တွင်တစ်ခါ သာသနာ့သမိုင်းမှတ်တိုင် အဖြစ်ကျင်းပပြုလုပ်မည့်..စင်္ကပူရှိ *အဘိဓမ္မာအသင်းကြီး*၏ ပန္နက်တင်မင်္ဂလာအခမ်းအနား ကို ဝမ်းမြောက်စွာသာဓုခေါ်ဆို၍ ထပ်ဆင့် ဖိတ်ကြားစာ ဖေါ်ပြအပ်ပါတယ်။
ဖူးရခဲသော ဆရာတော်ကြီးများ ၁၄-ပါး ကြွရောက်သြဝါဒပေးသနားမည်ဖြစ်သည့်အပြင်...
အဘိဓမ္မာဆရာမ ဓမ္မဗျူဟာ- ဒေါ်ခင်လှတင် (မဟာသဒ္ဓမ္မဇောတိကဓဇ)
မှကြီးမှူးကျင်းပပေးမည်ဖြစ်ပါသည်။

သြဝါဒချီးမြင့်ပေးမည့် ဆရာတော်ကြီးများမှာ

၁။ ကစင်ဆရာတော်ဘုရားကြီး
၂။ မဟာသဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီး
၃။ ဗန်းမော်ဆရာတော်ဘုရားကြီး
၎။ ထေရ၀ါဒ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ
၅။ ယောတိပိဋကဆရာတော်
၆။ လှရတနာ ဆရာတော်
၇။ ရေစကြို တိပိဋကဆရာတော်
၈။ မော်ကျွန်းတိပိဋကဆရာတော်
၉။ မြင်းမူ တိပိဋကဆရာတော်
၁၀။ မြင်းခြံ တိပိဋကဆရာတော်
၁၁။ ခွက်ခွင်းဆရာတော်
၁၂။ ရန်ကုန်တိုင်းသံဃာ့နာယကဆရာတော်
၁၃။ ဓမ္မဂင်္ဂါဆရာတော် အရှင်ဝိစိတ္တသာရ
၁၄။ ဦးသုနန္ဒာလင်္ကာရ

အဘိဓမ္မာတရားတော်ဆိုသညှ် မှာ သဗ္ဗုညုတဉာဏ်တော်အရာသာ ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်၏ စကားတော် အစစ်ပင်ဖြစ်ပါသည်။
ဘုရားသခင်ကိုယ်တော်မြတ်ကြီး သဗ္ဗုညုတဉာဏ်တော်ရပြီးနောက် စတုတ္ထသတ္တာဟ ရတနာဃရရွှေအိမ်တွင် အဘိဓမ္မာ ၇-ကျမ်းကို ၇-ရက်တိုင်တိုင် ဉာဏ်တော်ကွန့်မြူးသုံးသပ်တော်မူ ခဲ့ပါသည်။ မြတ်စွာဘုရားသခင်၏ ဉာဏ်တော်ကြီးနှင့် အပ်စပ်ရာတရားဟုလည်း ဖွင့်ဆိုနိုင်ပါသည်။

ထို့နောက် ၇-ဝါမြောက်တွင် မွေးမယ်တော်ကို ကျေးဇူးဆပ်ရန်အလို့ငှာ တာဝတိံသာတွင် အဘိဓမ္မာတရားကို သုံးလတိုင်တိုင် ဟောတော်မူခဲ့သောကြောင့် ကျေးဆူးဆပ်တရားဟုလည်း ဖွင့်ဆိုနိုင်ပါသည်။
ထိုသို့ သောကြီးမားကျယ်ပြန့်သည့် တရားတော်ကို လူ့ပြည်မှာပါ တပြိုင်တည်းနာကြားနိုင်ခြင်းမှာ အဂ္ဂသာဝကကြီး ရှင်သာရိပုတ္တရာ၏ ကျေးဇူးကြောင့်ပင်ဖြစ်ပါသည်။
သင်္ဂါယနာ အဆင့်ဆင့်တင်၍ သာသနာတော်မြတ်ကြီးသည် သာသနာနှစ် ၁၅၀၀တွင်မှ အဘိဓမ္မာကို လူသားများပါသင်ယူနိုင်ပါရန် ရှင်အနုရုဒ္ဓါမှ အဘိဓမ္မတ္ထသင်္ဂဟကျမ်းအဖြစ် အကျဉ်းချုပ် ပြုစုပေးခဲ့ပါသည်။

ထိုအချိန်မှစ၍ မြတ်စွာဘုရားသားတော် ရဟန်းများသာမက လူပုဂ္ဂိုလ်များပါ ဓမ္မစာပေထိတွေ့ခွင့်ရလာကြသည်။
ယ္ခုချိန်ခါတွင် ထေရဝါဒ ငါးနိုင်ငံရှိရာမှ မြန်မာနိုင်ငံသာလျှင် အဘိဓမ္မာအထွန်းကားဆုံး ကျန်ရှိပါတော့သည်။
မည်သို့သော အကြောင်းတွေ ရှိပါစေ လူဘဝကိုရခိုက် အဘိဓမ္မာတရားထွန်းကားသော မြန်မာနိုင်ငံတွင် လူဖြစ်ရခြင်း ၊ မြန်မာစာနားလည်သော သူဖြစ်ရခြင်းကိုက သံသရာတွင် အရတော်လေစွ။

ကြီးများကျယ်ပြန့်သော အဘိဓမ္မာတရားတို့ကို မြည်းစမ်းခွင့်ရကြသည်။ တစ်ဘဝဖြင့် အဆုံးမသတ်လျှင်တောင်
ပဋိသမ္ဘိဒါပတ္တရဟန္တာမျိုးစေ့ ယူသွားနိုင်ကြပြီ။
ထိုရခဲသော အကျိုးအမျိုးမျိုးကိုပေးတတ်သော အဘိဓမ္မာတရားတော်ကို နိုင်ငံခြားရောက်နေသူမြန်မာများမှလည်း အုပ်တစ်ချပ် သဲတစ်ပွင့် အဖြစ် သာသနာ့ဝန်ကို ထမ်းခဲ့ကြပြီ။

စတုတ္ထသင်္ဂါယနာမှစ၍ ပေစာ၊ ကျောက်စာ၊ ပုံနိုပ်စာသို့ အဆင့်ဆင့်ပြောင်းလည်းလာသော ပိဋကတ်တော်တို့ကို တစ်ကမ္ဘာလုံးမှ အချိန်မရွေး လေ့လာနိုင်ပါရန် အာကာသတွင် သိမ်းဆည်းကြပါမည်။

အမိမြေနှင့်ဝေးကွာသူ မြန်မာများအတွက်လည်း ဗုဒ္ဓစာပေနှင့် မစိမ်းလေအောင် အဘိဓမ္မာတရားတော်ကို လက်ဆင့်ကမ်းကြပါမည်။ ဘာသာ၊ သာသနာ့အရေး ရင်မလေးရလေအောင် အတွင်းသာသနာကို ပြုကြပါမည်။
ဆရာများဘက်က တာဝန်ကျေခဲ့၍ ယ္ခုတွေ့ကြုံနေရသောသာသနာတော်ကြီးအတွက် ဒကာများဘက် အလှည့်ကိုတော့ မနွဲ့စတမ်း ကြိုးစားရန် ရည်သန်၍ ကျွန်တော်၊ကျွန်မတို့ အဘိဓမ္မာအသင်းကို ထူထောင်ခဲ့ပါသည်။

အဘိဓမ္မာအသင်းကြီးကို လာမည့် ကဆုန်လပြည့်နေ့ ရွှေတိဂုံရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းတွင် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ် ။

နေရာ ---- ရွှေတိဂုံစေတီရင်ပြင်
အချိန် ---- Tuesday, May 17 · 8:00am - 11:00am (ကဆုန်လပြည့် ဗုဒ္ဓနေ့)

ကြုံတောင့်ကြုံခဲ တစ်သက်တွင်တစ်ခါ သာသနာ့သမိုင်းမှတ်တိုင်အတွက် သဒ္ဓါတရားးနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်ကျိုးမျှော်နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ညချမ်းအချိန်အခါတွင် ဆီမီးတစ်သောင်းပန်းတစ်သောင်းဖြင့် ရတနာသုံးပါးအားပူဇော်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

စင်္ကာပူနိုင်ငံတွင်လည်း တပြိုင်နက်တည်းကျင်းပမည်ဖြစ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်
၁။ ဦးကျော်ဝဏ္ဏ 8236 9159
၂။ ကိုဇော်မျိုးမင်း 8261 9581
၃။ ကိုဝင်းသိန်းထွန်း 9650 5042
၎။ မမူယာနွယ် 8134 3317
၅။ မဆုရည်မွန် 8314 5675
၆။ မဆုရည်ဖြိုး 9423 4919

အဘိဓမ္မာသာသနာ ကမ္ဘာ သို့ ပြန့်နှံ့တည်တံ့ပါစေသား။

1 မှတ်ချက်ရေးရန်:

Anonymous said...

ကြေငြာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။