Wednesday, May 25, 2011

လောကီအာရုံ ကာမဂုဏ် အနှောင်အဖွဲ့အတွင်းမှ ရုန်းထွက်နိုင်သူ

လောကီ အနှောင်အဖွဲ့ကား….

ကျယ်ဝန်းလှ၏။ ထွေပြားလှ၏။ ပရိယာယ် မာယာ များလှ၏။ မက်မောစေ၏။ မိန်းမောစေ၏။ ယစ်မူးစေ

၏။ ဒေါသ၊ လောဘ၊ မောဟ၊ မာန လောင်စာများဖြင့် ပြည့်စေ၏။ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်လည်း ဖမ်းစားနိုင်၏။

စောဒက ဆင်ခြေပေါင်းများစွာကိုလည်း သွန်သင်ပေး၏။ တွယ်တာရစ်ပတ်စေ၏။ သောက်၍မပြေ၊ စား၍မဝ၊

ရလေ မတင်းတိမ်ရှိတတ်၏။ လောကီ အနှောင်အဖွဲ့အကြောင်းကား တိမ်မယောင်နှင့် နက်ကာ ရေးဖွဲ့မကုန်

ရှိလှချေတကား။

လူ့လောကတွင် …..

အနှောင်အဖွဲ့ကို အနှောင်အဖွဲ့ဟု မမြင်၊ မယူဆသူ။

အနှောင်အဖွဲ့ကို မသိ မမြင်၍ ရုန်းထွက်ရန် အားမထုတ်သူ။

အနှောင်အဖွဲ့ကို သိမြင်ပါသော်လည်း ရုန်းထွက်ရန် ဆန္ဒမရှိသူ။

အနှောင်အဖွဲ့ကို သိမြင်ပါသော်လည်း ရုန်းထွက်ရန် စွမ်းအား မရှိသူ။

အနှောင်အဖွဲ့ကို သိမြင်သည်နှင့်အမျှ ရုန်းထွက်ရန် စွမ်းအား စုစည်းသူ။

အနှောင်အဖွဲ့ကို သိမြင်သည်နှင့် တစ်ပြိုင်နက် ရုန်းထွက်ရန် စွမ်းအားများ စုစည်းရင့်ကျက်ပြီး အပြီးတိုင်

ရုန်းထွက်နိုင်သူ။

……စသည်ဖြင့် သို့ အမျိုးအစားခွဲခြားသော် ရအံ့ထင်မိပါသည်။

ထိုအထဲတွင်

သာမန် ပုထုဇဉ်လူသားတို့ အနေဖြင့်မူ---

လောကီ အနှောင်အဖွဲ့ကို အနှောင်အဖွဲ့ဟု မမြင်၊ အနှောင်အဖွဲ့၏ ပရိယာယ် မာယာအောက်တွင်

မိန်းမောသာယာလျက် ရှိတတ်သည်။ ခုံမင်လေ့ရှိတတ်သည်။ အနှောင်အဖွဲ့ ခိုင်သည်ထက်ခိုင်ရေးကို ပြုမူမိ

လျက်သား ရှိတတ်ချေသည်။

ထိုထက် ရင့်သော ကလျာဏပုထုဇဉ် သူတော်စင်တို့ အနေဖြင့်မူ လောကီအနှောင်အဖွဲ့ကို အကြောင်း

နှင့်အကျိုး ခွဲခြားသိမြင်တတ်သည်။ သိလျက်နှင့် မရုန်းနိုင်သည်လည်းရှိ၏။ ပါရမီစွမ်းအား စုစည်း ကျင့်ဆောင်

နေဆဲလည်း ရှိတတ်သည်။

ဂေါတမ ဗုဒ္ဓမြတ်စွာ လောင်းလျာ သိဒ္ဓတ္ထမင်းသားမှာမူ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်

သုမေဓာရှင်ရသေ့ဘဝ ဘုရားဆုပန် ဗျာဒိတ်ခံခဲ့သည်မှအစ ဝေဿန္တရာ ဘဝအဆုံး အနုအရင့် အနိမ့်အမြင့်

ဘဝပေါင်းများစွာ ပါရမီတော်များ ဖြည့်ဆည်းခဲ့သည်နှင့် အမျှ ရင့်ကျက်ခဲ့လေသော စွမ်းအားများဖြင့် လောကီ

အာရုံ ကာမဂုဏ် အနှောင်အဖွဲ့ကို သိမြင်သည်နှင့်တစ်ပြိုင်နက် အပြီးတိုင် ရုန်းထွက်နိုင်ခဲ့လေသည်။

မောင်အေးမြင့် (မြန်မာ့ရိုးရာဒီဇိုင်း)

ရတနာမွန် ဓမ္မမဂ္ဂဇင်း

တိုင်ဝမ်မှ ဓမ္မမိတ်ဆွေ ကိုနိုင်လင်းဦး ရေးသားပေးပို့ သောဓမ္မဒါန ဖြစ်ပါသည်။

ရတနာမွန် မဂ္ဂဇင်း မျက်နှာဖုံး ပုံ ကိုအဓိပ္ပါယ်ဖေါ်ထားတာ ဖြစ်မယ်လို့ယူဆပါတယ် ကိုနိုင်လင်းဦး ၊ပုံရ ရင်တော့ တွဲဖက်ကြည်ညို ရတာပေါ့။ဟောင်ကောင်က ဘုရား ပုံ ကြည်ညိုဖွယ်ရာရှာတွေ့တာနဲ့ တင်ပေးလိုက်ပါတယ်။ ကျန်းမာချမ်းသာစွာ သာသနာ့အကျိုးဆောင်ရွက်နိုင်ပါစေ။

မေတ္တာဖြင့်---သစ္စာအလင်း

2 မှတ်ချက်ရေးရန်:

Bliss of Us said...

တကယ့်ကိုပဲ ကြည်ညိုဖွယ်ရာဖြစ်ပါတယ် အစ်မရေ။

သစ္စာအလင်း said...

ညီမရေ..နေလို့ကောင်းတယ်နော်..ဇွန်လကုန်လောက်တော့ အမ ဘန်ကောက်လာဖြစ်အုံးမယ်..ထင်တယ်..။ဖုန်းဆက်မယ်နော်..ကျန်းမာပါစေ..။