Sunday, August 17, 2014

သစ္စာ လင်းသောနေ့


ယနေ့ဟာ…ကျွန်မတို့ဗုဒ္ဓဘာသာဝင်များအားလုံးရဲ့နေ့ထူးနေ့မြတ်ဖြစ် တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကြီးဖြစ်ပါတယ်။

စိုက်ပျိုးရေး နှင့် ဘွဲ့ ယူခဲ့သောကျွန်မ ကဗောဓိပင် ပေါက်တဲ့နေ့ကို အမှတ်တရ ပိုလို့ ဖြစ်ခဲ့သော်လည်း ကဆုန်လပြည့် နေ့ရဲ့ ထူးခြားချက်တွေ က ကြီးမြတ် လှစွာ ဦးခိုက်ဖွယ်ရာ ပြည့်နှက်လို့နေပါတယ်..။

ကဆုန်လပြည့်ဗုဒ္ဓနေ့ ဆိုတာကတော့ ခပ်သိမ်းသော ဘုရားရှင်တို့သည် သစ္စာလေးပါးကို သိကြ တဲ့ နေ့ ပဲဖြစ်ပါတယ်..။

ခပ်သိမ်းသော ဘုရားရှင် အားလုံးတို့သည် သစ္စာလေးပါး၊ မြတ်တရားကို ၊ ဆရာမကူ ၊သယမ္ဘူ ဥာဏ် မြတ်ဖြင့် ကိုယ်တော် တိုင်ထိုးထွင်း သိတာ ဒီ ကဆုန်လပြည့်နေ့ မှာပါ..။

ပွင့် တော် မူကြ တဲ့ ဘုရားအဆူဆူ သည် သည်နေ့ အ ရောက်မှာ သစ္စာ တရားကို သိမြင် ကြတယ် ဆိုတော့ သစ္စာ ဥာဏ်ရောင် ထွန်းသစ်သော နေ့ ရယ်လို့ တန်ဘိုးထား မြတ်နိုးမိပါတယ်။

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ၊မှတ်ရန်လမြတ်ကဆုန်။လို့လည်း မှတ်သားခဲ့ဘူးပါတယ် ။ဤသည်တို့မှာကား…

(၁) ဗျာဒိတ်ခံယူတော်မူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း ၏ အစ ကဆုန်လပြည့်နေ့။

(၂) ကျေးဇူးတော်ရှင် ဂေါတမ မြတ်စွာဘုရားရှင်မွေးဖွားတော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားအဖြစ်ရောက်ရှိ တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောကြားတော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံဝင် တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်(အင်္ဂါနေ့)။(ဘီစီ ၅၄၃)

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ စတဲ့ ထူးခြားချက်တွေအပြင် သစ္စာရနံ့ တွေ လွှမ်းခြုံ လျက် ကျန်ရှိနေသေးသော စကြဝဠာ အနှံ့ သို့ ရည်မှန်းလျက် ကျွန်မ သစ္စာအလင်း မှ ရိုးကျိုးစွာပူဇော် ဦးခိုက် လိုက်ပါတယ်။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: