Wednesday, November 15, 2017

မှိုင်းဝေဝေ အုံ့ ဆိုင်း ကုရုတိုင်း



( ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ရေးသေားတော်မူသော မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် ကို ကိုးကားရေးသား ပူဇော်ပါတယ်..။ )))
ကုရုတိုင်း သို့ မဟုတ် နယူးဒေလီ နယ် တစ်ဝိုက်
ဒီနေရာကိုရောက်ကတည်းက တပ်ဂ်ျမဟာ ကို စိတ် ကသိမ်းပိုက်လိုက်တာ ..ကျမ က သတိပဋ္ဌာန်တွေ ကင်းလွတ်နေခဲ့သည်ပဲ..။
အင်ဒိုနီးရှားရောက်တုံး က ဗော ရောဗုဒ္စ္စ္ဒအကြောင်း ရေး မလို့အချိန် မရ... ပြန်သွားတဲ့အခါ Moody ပျောက်ဆုံး သွားတော့စာရေးလို့ မကောင်းတော့..။
ဒါကြောင့် ဒီနေရာ မှာ တပ်ဂ်ျမဟာကိုဦးစားပေးလိုက်တယ်..။
အခု မှ သတိပဋ္ဌာန်... ကို စိတ်ပြန်လည် ဦးညွှတ်မိ...။
မြူခိုးတွေ အုံ့ ဆိုင်းလို့ ကောင်းကင်ပြာကိုမမြင်ရတာ ၃ ရက်တောင်ရှိပါပေါ့..။
တကယ်တော့ 
အိန္ဒိယနိုင်ငံ နယူးဒေလီ New Delhi မြို့တော် ၀န်းကျင် ကို ကုရု တိုင်း ရယ် လို့ မှတ်တမ်းများအရ သိရတယ်။

ဒါဆိုရင်တော့ ကုရုတိုင်းသားတွေဟာ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ တရားစောင့်ခဲ့ကြ တယ်၊လို့ ဆိုရမ လိုပါ၊
မြတ်ဘုရား မပွင့်ခင်ကလဲ သာသနာပကာလမှာ ငါးပါးသီလ မြဲခဲ့ကြသလို မြတ်ဘုရား လက်ထက်တော်မှာလဲ ကုရုတိုင်းသားတွေဟာ အဆင့်ြ မင့် လာပြီး သမထ၊ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို လက်ကိုင် ထား ကျင့်သုံးခဲ့ကြ ပါတယ်..။
တစ်ယောက် နဲ့ တစ်ယောက်တွေ့ တဲ့အခါ ... ဘယ်လို သတိပဋ္ဌာန် တရားကို ကျင့်သုံးနေပါသလဲလို့ မေးမြန်းနှုတ်ဆက်ကြ ပါသတဲ့..။
ဒီလို အသိဥာဏ် အဆင့်အတန်းမြင့်မားကြလို့ လည်း......
ဘုရားရှင် က ကုရုတိုင်းကို ကြွတော်မူပြီး ခက်ခဲ နက်နဲလှတဲ့ မဟာသတိပဋ္ဌာန သုတ်တော် ကို ဟောတော်မူခဲ့ဖူးတယ် လို့ သိရပါတယ်..။
ကျမ တို့ သိမှီ လိုက်တဲ့အထဲမှာတော့
ယော အတွင်းဝန် ဦးဘိုးလှိုင်.....
သူဟာ ဘဝ ထဲကမထွက်ခွာခင်..တစ်လ လောက် အလို မှာ အခန်းတံခါးပိတ်ခါ နေသတဲ့..။ ဘယ်သူနဲ့ မှ အတွေ့ မခံတော့ဘူး။

ကိစ္စမှန်သမျှ အကုန်ဖြတ်တော့တယ်..။
မိသားစု နဲ့ မိန်းမ ကို တော့ ထမင်းသာ ပို့ စေပါတယ်..။
ငယ်သူငယ်ချင်း ဖြစ်တဲ့ သူ နဲ့ သာ အတူနေပြီး နေ့ တိုင်းမဟာသတိပဋ္ဌာန သုတ်ကို ဖတ်တယ် ရွတ်ပွားတယ်..။
ဆွေးနွေးကြရင်း မှ တစ်လအကြာ သေဆုံး ခဲ့တယ် လို့ သိရပါတယ်..။
မှိုင်းဝေဝေ အုံ့ ဆိုင်း ကုရုတိုင်း ရယ် လို့ ရေး ခဲ့တဲ့ ကျမ ဟာဒီနေ့တော့ မဟာသတိပဋ္ဌာန သုတ္တန် ဟောကြားတော်မူခဲ့တဲ့ နေရာကို သွားရောက်ပူဇော် ခဲ့ပါတယ်..။
နယူးဒေလီ ရဲ့ မြို့ အနီး မှာ ကုရုတိုင်း ရှိတယ် လို့ ဆိုသော်လည်း အခု ဆိုရင်မြို့လယ်ခေါင် ရောက်နေပြီ လို့ ဆိုရပါမယ်..။ 
ကားတွေ နေအိမ်တွေ ရှုပ်ထွေးလှတဲ့မြို့ပြ ဧရိယာ ထဲ မှာ ရောက်နေပေ မဲ့ ထူးဆန်းလှစွာ ကျောက်ဆိုင် ကျောက်တုံး တွေ နဲ့ ခံတပ်လို ဖြစ်တည် နေတာက ထူးခြား လှပါတယ်..။
တရားတော် ဟော ကြားတော် မူတဲ့နေရာ လေးကို လေးထောင့်စပ်စပ် သံတိုင်များ နဲ့ ကာရံထား ပါတယ်..။ 
မြန်မာ နဲ့ ဗုဒ္စ္ဒဘာသာ ဘုရားဖူးခရီး သည် များ ပူဇော် ခဲ့တဲ့ သာသနာ့အလံလေး သုံးခု ချိတ် ဆွဲ ထား တာ ကမကြာ သေးပုံရလို့ သစ်လွင်နေဆဲပါ..။

ကျောက်သား တောင်ကမူ ကုန်းမို့မို့ လေး ပေါ်မှာတော့ ဆော့တက်ကစားနေကြတဲ့ကလေး တွေ… ကအများသား..။
ထိုင်ပြီး ဝတ်ပြုလို့ ရတဲ့ သံတံတားလေး ရှိလို့ သာ တော်ပါသေးတယ်..။

မဟာသတိပဋ္ဌာန သုတ္တန် ဟောကြားတော်မူ နေတဲ့ သက်ရှိထင်ရှား မြတ်စွာ ဘုရားရှင် ကို ကြည်ညို ပူဇော်ပြီး ….. စောင့်ရှောက်ကြသော သာသနာစောင့်နတ်မင်းများကို အမျှအတန်းများပေးဝေခဲ့ပါတယ်..။
ဒီအထိန်းအမှတ်နေရာလေးကို အင်ဒီးယားအစိုးရ၊ ရှေးဟောင်းသုတေသန ဋ္ဌာနက တူးဖော် ထိန်းသိမ်း ထားပြီး ၁၉ ၅၈ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ ဥပဒေ ပုဒ်မ ၂၄ အရ ဖျက်ဆီးသူ၊ ရွှေ့ပြောင်းသူ၊ ထိခိုက် ပျက်စီးအောင်လုပ် သူ များကို ဥပဒေ နဲ့ အရေးယူပါမယ်။ ထောင်သွင်းအကျဉ်းချပါမယ် လို့ ပြဋ္ဌာန်းခဲ့ပါတယ်..။ 
၁၉ ၉ ၂ မှာတော့ ထိုနေရာထူးနေရာမြတ် ရဲ့ မီတာ ၂၀၀ အကွာ ကို ဝန်းခြံ ကာရံထား ပြီး ထို ဧရိယာကို ပါ အာဏာ သက်ရောက်ကြောင်း တိုးချဲ့ကြေညာပေးခဲ့ပါတယ်..။
အဓိက ကတော့ကျောက်တုံးကျောက်သားတွေ ကိုမတူးဖေါ် ဘို့ ဥပဒေ ထုတ်ထားပေးတာ ပဲကျေးဇူးတင်ပါတယ် ကွယ်..။ 
မီတာ ၂၀၀ ပတ်လည် ခြံဝန်းလေး ထဲမှာတော့ ကျောက်သားလမ်းလေးတွေ…. တမာပင်တွေ ၊ သရက် ပင် တွေ ညောင်ပင် တွေ တချို့ စိုက်ပျိုး ထားသော်လည်း တန်ဘိုးမသိ သူလက် ရောက်နေသည့်နှယ် …. ခြောက်ကပ် ကပ်…. နဲ့ အမှိုက် အနည်းငယ် ရှိနေတာ….။
ကျမ ရောက်ရှိချိန်..ကနေညိုချိန် ဆိုတော့လည်း မှိုင်းပျပျ အုံ့ဆိုင်း ..ကုရုတိုင်း ဆိုတာကို ဘုရားရှင်လက်ထက်ကသာဆိုရင်လို့..လွမ်းတမိပါသေးတယ် ..။
ခြံဝန်းတံခါးကလည်း စောင့်ရှောက်မဲ့သူကင်းလို့ တစ်ဝက်သာ ဖွင့်ထားတဲ့ တံခါးကနေ ခေါင်းငုံ့ ဝင်ခဲ့ရပါတယ်..။

တရားတော်ဟောကြားတာ ကုရုတိုင်း လို့ဆိုသော်လည်း ကုရုတိုင်းရဲ့ ကမ္မာသဒမ္မ ဆိုတဲ့ နိဂုံး ရွာ ကြီး မှာ ဟောကြားတာပါလို့ ကျန်းဂန် များ ကဆိုပါတယ်..။
နိဂုံး ဆိုတဲ့ဝောဟာရကတော့ ဈေးရှိပြီး စည်ကား တဲ့နေရာ ကို ခေါ် ဆိုတာ ဖြစ်ပါတယ်..။ နိဂမ ဆိုတဲ့ ပါဠိစကားလုံးက ဆင်းသက်လာတာပါ..။
အဲဒီနိဂုံး ရွာ မှာ မြတ်စွာဘုရားရှင် သီတင်းသုံးနေတုံး မဟာသတိပဋ္ဌာနသုတ်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်..။ 
မဟာ သတိပဋ္ဌာန သုတ်တော်ကို မြတ်စွာဘုရားရှင် ရဲ့ပိဋက သုံးသွယ် ၊ နိကာယ် ၅ ဖြာ ၊ဓမ္မက္ခန္ဒ္စာပေါင်း ၈၄၀၀၀ မှတ်တမ်းတင်ထာတဲ့တရားတော်တွေ ထဲမှာ ဒီဃ နိကာယ် မှာ မဟာ သတိပဋ္ဌာန သုတ် ဆိုတဲ့အမည် နဲ့ မှတ်တမ်းတင်ထားပါတယ်။
နောက်ပြီးတော့မဇ္ဈိမ နိကာယ် မှာလည်း မဟာသတိပဋ္ဌာန သုတ်ဆိုပြီးတော့ မှတ်တမ်း တင်ထား ခဲ့ပါတယ်..။ တစ်ခြား သုတ်တွေထက် ရှည်လျားတဲ့ သုတ် ဖြစ်ပါတယ်..။
မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ = နယူးဒေလီ

0 မှတ်ချက်ရေးရန်: