Wednesday, June 5, 2019

ဝိရောဓိ ယုဂ



တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ရဲ့ ကဗျာ ကို ခံစား ရေးဖွဲ့ ပါသည်။

-အိမ်တွေ ကျယ်လာ တယ် မိသားစု တွေ သေးငယ်သွား….
နေရတာ….ပိုကောင်း လာ ပေမဲ့..မိသားစု တွေ့ဆုံ ချိန် တွေလည်းနည်းလို့သွားခဲ့ပြီ….။

-ရယူခဲ့တဲ့ ဘွဲ့ တွေကတော့များ နေပါရဲ့ သို့သော် နှလုံးသားထပ်တူပြုကာ ခံစား စွမ်းဆောင်ပေးနိုင်သော အရာများ ပျောက်ဆုံးသွား တာကြာခဲ့ပါပကော…။

-ဗဟုသုတတွေ များလိုက်တာ …ဆုံးဖြတ်နိုင်စွမ်း ကတော့ဖြင့်မရှိ ပါလေတော့..။

-လောကမှာ ကျွမ်းကျင်သူတွေများ လာတာနဲ့ ပြေလည် သွားရမဲ့ အစားပြဿနာ တွေ ပဲများလာတာအဖတ်တင်….ဆင်ခြင်စရာ အတွေး..။

-ခေတ်ပေါ်ဆေးဝါးတွေ ပေါများ ..သလောက် ချိနဲ့ လာတဲ့ ကျန်းမာရေး ကသူနဲ့ မဆိုင်သလို..။

-ကျွန်မ တို့လူသားတွေ လကမ္ဘာ ကို အသွားအပြန် လုပ်နိုင်ခဲ့ကြတယ်..စကြာဝဠာကိုအောင်နိုင်ခဲ့ကြတယ်..
သို့သော်ကိုယ့်အိမ်နီးချင်း ရဲ့ ကျန်းမာရေး သတင်းမေးဘို့ရာ ..ခြားနေတဲ့လမ်းကလေး ကို ကူးဖြတ် မသွားနိုင်ခဲ့..။ 

-ကျွန်မ တို့ ကွန်ပျူတာေ တွ အိုင်တီနည်းပညာတွေ တီထွင်ခဲ့ကြ ..ဆက်သွယ်ရေးစနစ် တွေ တည်ဆောက်ခဲ့ကြ..တယ်..။
ငါ ရဲ့ သတင်းကိုသူသိဘို့လို တယ် ဆိုတဲ့ကိုယ်ချင်းစာ စိတ် အတွေး နဲ့ ဆက်သွယ် ဘို့ တော့မေ့နေကြတာ..အမှန်ပါ..။

-အရည်အတွက် တွေ တိုးပွားလာမှုပေါ်ပီတိဖြစ်ရင်း…… ငွေတွေ ပစ္စည်းတွေ ရေတွက်ကြည့်ရင်း..
အရည်အသွေး ရဲ့အရေးပါမှုကိုမေ့လျော့နေကြတယ်..။

-အမြန် ဆုံး ရတဲ့ အစားအသောက်တွေ အလွယ် တကူ ရနေသော်လည်း အစာချေဖျက်နှုန်းတွေကတော့မကောင်း လှတော့ပါဘူး ။

-အသွင်အပြင် ခန့်ညား..လှပ..စာရိတ္တခြစား…..ကာလ တွေလျား ခဲ့…။ 

-နက်ရှိုင်းတဲ့အမြတ်အစွန်းတွေ တူးဖေါ်ရှာဖွေရင်း….. ရင်းနှီးကျွမ်းဝင်တဲ့နှလုံးသားတွေ 
အပေါ်ယံ မှာ သိမ်ငယ်သွား…..။

++++ဒီကာလ များ မှာ…..
ကျွန်မ ဟာ……
ကရုဏာ နှလုံးသား ……နဲ့
ဆိတ်ငြိမ် ရာကို သွား.......
တစ်ယောက်ထဲ သာ ပျောက်ဆုံးသော အရာများ ကိုရှာဖွေနေချင်မိတော့တယ်..။

မှတ်ချက်။ ။ ဒလိုင်းလားမား ရဲ့ ကဗျာ ကို ခံစား ရေးဖွဲ့ ပါသည်။ 

The Paradox of Our Age ( Dalai Lama )
=========================

We have bigger houses but smaller families;
more conveniences, but less time.

We have more degrees, but less sense;
more knowledge but less judgement;
more experts, but more problems;
more medicine but less healthiness.

We’ve been all the way to the moon and back,
But have trouble in crossing the street to meet our new neighbor.

We built more computers to hold more copies than ever,
But have less real communication;
We have become long on quantity,
But short on quality.

These are time of fast foods but slow digestion;
Tall men but short characters;
Steep profits but shallow relationships.

မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ... ဘန်ကောက်

0 မှတ်ချက်ရေးရန်: