- အာရုံကို အညိအတွယ် မရှိ တဲ့
စိတ်ရဲ့ ကျက်စားခြင်း တဲ့...။
ဒီနည်း ကို ဆရာတော်ဘုရား ထံပါးသင်ယူခွင့်ရခဲ့တာ....
သိပ်ကိုနောက်ကျ ခဲ့ ပါလားကွယ်...။
- အသိနယ် ပယ်က ..ညိတွယ် ခြင်း တွင် မကင်း ခဲ့သမျှ
ရင်းခဲ့ရတဲ့ ဘဝ ဒဏ်ရာ....
အနာကျက်လု ဆဲချိန် ကျကာမှ.......
သံဝေဂတွေရမိတယ်...။
- ပြင်းပြ တဲ့အလို ဆန္ဒ ရဲ့ မောင်းနှင်မှု တွေ.... ရဲ့ စေစားရာ.....
ဝေဝါး ကမ္ဘာ.....
သံသရာရှည် ဘို့ ဖြစ်ခဲ့တယ်..။
- ငုဝါရောင် နွေ.... ရေလို အေးလျက်..
ပြိုပျက် ...တိမ်တိုက်.....
အခိုက်အတန့် ဆည်းဆာ......
နေဟာ ဝင်ချိန် နီးခဲ့ ပြီ...။
- တကယ် တော့လေ....
ကြွေပြီးသစ်ရွက်..ပြန်မဆက်
မက်ပြီး အိမ်မက် ..ပြန်..မမက်....
ကုန်ပြီး နေ့ရက်.... ရရန်ခက် သတဲ့..။
အိပ်မက်သံသရာ.....
သေချာ နိုးထ သင့် တာပေါ့..။
- ထိ..ထိ... ဆို မထိ....
မထိ..မထိ ဆို မှ ထိ လေ သတဲ့..။
- ရှိ..ရှိ ဆို......ခိုဝင်ခိုက်.....
မရှိ..မရှိ..မှ အသိ တစ်စ ငြိမ်းလေဘိ...။
- မလို..မလို ..ကိုယ်ဟာ
ဘာ မှ မလို.....ဆိုကာ... မျက်လွှာပိတ်မိတယ်...။
- သိစရာ..ကို သိနေတာ...
ဒီ၂ ခုသာ ကျန်ခဲ့တယ်..။
- မဟုတ်တာ ကို မသိချင်တာ...
အမှန်ရှာရင်း ညင်းမိတယ်..။
- ထို..ထို..... အရိပ်.....
စိတ်သဏ္ဍန် မှာ... ဘာတွေ ပြောပြော
မှော်ရုံတော မှာ.....မောရုံသာ ရှိ
အညိအတွယ် ... မရှိခဲ့ပါ......
သေချာ ဖမ်းဆုပ်..မဟုတ်ခဲ့တာ......
ရုပ်နာမ် ..ဓမ္မ..သဘာဝ နဲ့
တစ်ခဏ ကို
လွှတ်ချ နိုင်ခဲ့ ပါပကော...။
မေတ္တာဖြင့်
သစ္စာအလင်း
အလုပ် ခေတ္တနားရင်း...ကဗျာ တစ်ပုဒ် ရေးဖြစ်ခဲ့တယ်..။
ခေတ္တပါဝါဟိုတယ်၊ လားရှိုး
၂၅.၃.၂၀၁၉
0 မှတ်ချက်ရေးရန်:
Post a Comment