Wednesday, June 5, 2019

နဂါးပွက်တောင်


ဆိုတာ..ကျွန်မ အခု ပထမဆုံး ရောက်ဘူးပါတယ်...။

ရွှံ့ မီးတောင် တစ်ခု ဖြစ်တယ်...။ အမြင့်ပေ ၃၀ ၊ထိပ်ဝ ၈ပေခန့်ရှိတယ်..။

မီးတောင်က ချော်ရည်တွေ စီးထွက်သလို..

ရွှံ့မီးတောင်က နေ မီသိန်းဓာတ်ငွေ့ တွေထွက်နေလို့ ....

ရွှံ့ မီးတောင်က ပွက်တာ ဖြစ်ပါတယ် တဲ့..။

ကန်တော့တာ ဆုတောင်းတာ တွေ...နဂါးတွေ ရှိတယ်လို့ယုံကြည်တဲ့....

ကိစ္စတွေကျွန်မဘာမှမပြောလိုပါ..။

အနတဂ္ဂမ သံသရာမှာ ကိုယ် နားမလည်တာတွေများစွာရှိသလို

မတော်ဘူးတဲ့ဆွေမျိုးမရှိ ဆိုတဲ့....

သံသရာဆွေမျိုး ဆိုတဲ့

မေတ္တာယှက်နွယ် မှုကိုလည်း ဝေဖန်စရာအကြောင်းမရှိပါ..။

ထိုသို့ သဘောထားတယ် ဆိုရင်.....

နေထိုင်ရာဘုံဗိမာန် ကို နွားနို့လောင်းထည့်သင့်ပါသလား...။

လာလည် တဲ့လူတိုင်း အဲလို ထည့်ကြမယ် ဆိုရင်...မီးတောင်ရဲ့ pH, Temperature , Texture ပြောင်းလဲအောင်ဖန်တီးသလို ဖြစ်မနေဘူးလား။

ဓာတု ဖြစ်စဉ်တွေ ပြောင်းပြီး မီသိန်းမထွက်တော့ရင်ကော....

နဂါးတွေ ရှိတယ် လို့ ယုံကြည်ရင် ..အဲလို ပျက်စီးအောင်မလုပ်သင့်ဘူး လို့ထင်ပါတယ်...။

ဒါဟာ သဘာဝ ကပေးအပ်လာတဲ့ဆန်းကျယ် မှု..အလှအပတရား

ကိုဒေသခံ တွေရဲ့ ဖြောင့်စင်းမှု ၊ တန်ဘိုးထားတတ်မှု တွေ နဲ့

ရေရှည်တည်တံ့အောင်မစောင့်ရှောက်သင့်ပေဘူးလား...။

၁၉ ၉ ၁.... မှာ ကျွန်မ ဖိလစ်ပိုင် ကိုရောက်ခဲ့တဲ့အချိန်မှာ ပင်နာတူဘို မီးတောင်ပေါက်ကွဲ တာ လပိုင်းမျှသာရှိနေချိန်...။

မနီလာ မှာ ပင်နာတူဘိုက ထွက်လာတဲ့ချော်ရည် နဲ့ အရုပ်ကလေးတွေလုပ်ပြီး ကမ္ဘာလှည့်ခရီးသည် တွေရောင်းတာ ကျွန်မ မြင်ခဲ့ဘူးတယ်...။

မင်းဘူး မှာ ဒီလို လုပ်ရမယ် ..ပုံတူကူးရမယ် မဆိုလိုပါဘူး...။

သဘာဝကိုသဘာဝ အတိုင်းလေး ထားပေးဘို့ ကိုသာကျွန်မ တောင်းဆိုချင်ပါတယ်...။

ဒါဟာ အလှရတနာပဲမဟုတ်ပါလားရှင်..။

0 မှတ်ချက်ရေးရန်: