Sunday, April 24, 2011

ကရုဏာ နှင့် ပညာ

သတ္တဝါ တစ်ဦးဦး အတိဒုက္ခ ရောက်နေတယ်ဆိုတဲ့အသံကြားတာ နဲ့ သနားကြင်နာခြင်း တည်းဟူသော ကရုဏာ တရား ဟာ သူတော်ကောင်းတို့နှလုံးသားကို ရိုက်ခတ် စေ့ဆော်မြဲ ဖြစ်ပါတယ်..။
လောကရဲ့အကျိုးစီးပွား ကိုဆောင်ရွက်တဲ့နေရာမှာ *ကရုဏာ* လောက်အစွမ်းထက်တဲ့တရားမရှိ ပါဘူး။ လောကုတ္တရာ ရဲ့ အကျိုးစီးပွား ကိုဆောင်ရွက်တဲ့နေရာမှာလည်း *ပညာ* လောက်အစွမ်းထက် တဲ့ တရားမရှိ ပါဘူး ရယ်လို့ ဗုဒ္ဓစာပေ ကျမ်းဂန်များ ကအဆိုရှိခဲ့ပါတယ်။

ကျွန်မတို့ အားလုံး ရဲ့ကျေးဇူးတော်ရှင် မြတ်စွာဘုရား သည် မိမိသန္တန်မှာ ကရုဏာ နှင့် ပညာ ကိုနှစ်ပါးစုံ ကိန်း နေအောင် ဆောင်ရွက်ပြီး သတ္တဝါဝေနေယျ တို့အတွက် လောကအကျိုး နှင့် လောကုတ္တရာ အကျိုး နှစ်မျိုး လုံး ကို ဆောင် ရွက်တော်မူခဲ့ ပါတယ်..။

ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာ သခင် ရဲ့ သားတော် ရဟန်းတော်များ သည်လည်း ထိုလမ်းစဉ်အတိုင်း လျှောက်လှမ်းကြ သလို ကျွန်မတို့ သည်လည်း အတူဖြစ်အောင် အတုယူရ မည် မဟုတ်ပါလော..။

*လှူသူ၊ ပြုသူ၊ဝမ်းမြောက်သူ၊အတူရကြသည်*

*နှုတ်တစ်ရာ၊စာတစ်လုံး စာလုံးပေါင်းတစ်ထောင်၊ပုံပေါင်းတစ်ချပ်*

လို့ ဆိုစကားများ ရှိထား လေတော့ လှူဒါန်းသူ၊ ပြုလုပ် ဆောင်ရွက်သူများ နှင့် အတူဝမ်းမြောက် ပီတိဝေမျှ ခံစား ကြရလေအောင် ဓာတ်ပုံလေးများ ကြည့်ရှုသာဓုခေါ်ကြပါစို့။





ဒုက္ခသည်ရယ်လို့ အမြင့်ကနေ စွန့်လှူတာမဟုတ်ပါ။
ထိုင်လျှက် တန်ဘိုးထားကျေးဇူးဆပ်တာမျိုးပါ။

ငွေတစ်သောင်းကျပ်နဲ့ ဆန်တစ်အိတ်ထောင်နိုင်တယ်ဆိုတော့ ဝမ်းသာရတာပေါ့နော်..။

ကိုယ်တိုင်ကြီးကြပ်အားပေးစကား ဆိုလျှက်..
လက်အုပ်ချီမိုး ရှစ်ခိုးပါ၏ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား။

2 မှတ်ချက်ရေးရန်:

သစ္စာအလင်း said...

*ကိုယ့်ဒုက္ခလို့ ထပ်တူထပ်မျှခံစားပြီးသူတပါး ရဲ့ ဆင်းရဲဒုက္ခ ကိုဖယ်ရှား ပေးလိုတာ ကရုဏာ...
*သူတော်ကောင်းရဲ့ စိတ်နှလုံးကို တုန်လှုပ်စေတာ ကရုဏာ ..တဲ့ (အဓိပ္ပါယ် -၂-မျိုး)
လောကသဘော သောက က ကရုဏာ အယောင်ဆောင်တတ်ပါတယ် တဲ့။

Aung Nursery said...

ဓာတ်ပုံတွေ ကြည့်ပြီး ကြည်နူးစရာ ကောင်းလိုက်တာ။ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျား။