Thursday, February 12, 2009

ခင်ပွန်းကြီး(၁၀)ပါးကန်တော့ပွဲ














u
သားသားနဲ့ မီးမီး

ကျေးဇူးတော်ရှုင်ပိုင်းလော့ဆရာတော်ဘုရားဆုံးမ တဲ့အတိုင်းမေမေ က သီတင်းကျွတ်လပြည့်ကစပြီး တော့အဖိတ်နေ့ရယ်၊လပြည့်နေ့၊ရယ် လပြည့်ကျော်တစ်ရက်နေ့တွေမှာ ခင်ပွန်း ကြီး၁၀ပါးကန်တော့ပွဲလုပ်ပါတယ်..။အခုဆို လပြည့် ၅ ခါတိုင်ခဲ့ပါပြီ..။

ကြည်ညိုနိုင် အောင် မေမေတင်လိုက်ပါတယ်..။ပထမပုံကတော့ AIT မှာကျောင်းသူ ကျောင်းသားတွေ နဲ့ အတူကန်တော့တဲ့ပုံဖြစ်ပြီးဒုတိယပုံကတော့ အီတလီ မှာတစ်ကိုယ်တော် ကန်တော့တာ ဖြစ်ပါတယ်..။မေမေတို့ အတိတ်ဘ၀တွေမှာမမြင်နိုင်တဲ့ ပြစ်မှားကံတွေအများ ကြီးရှိခဲ့တယ်..ရှိနိုင်တယ်..။ဝန်ချတောင်းပန်မှုတွေပြုရမယ်…။

မာနထောင်လွှားမှုတွေ ဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးတဲ့ဘ၀ရဲ့ အဆိပ်အတောက်တွေသာ ဖြစ်ပါတယ်..။ကိုယ့်အပေါ် ကိုစော်ကား ပြစ်မှားတဲ့သူတွေကိုလည်း ခွင့်လွှတ်ကြရတယ်…။ဒါမှလည်း ဘ၀ခရီးကို စိတ်ကြည်လင် ငြိမ်းချမ်းစွာ လျှောက်လှမ်း နိုင်ကြမယ် ကလေးတို့ရေ။

မေမေ ဒီနေ့ ဓမ္မစေတီဆရာတော်ဟောကြား တဲ့ (ဝေသာလီလှဧကရီ၏ ဘ၀ဆည်းဆာ) ဆိုတဲ့ အမ္ဗပါလီအကြောင်းတရားနာဖြစ်ခဲ့ပါတယ်.။ သည်တရားကိုနာတိုင်းဝမ်းနည်းခံစားရလွန်း လို့ ခဏ ခဏ မနာဖြစ်ခဲ့ဘူး..။ဒါပေမဲ့ သည်နေ့ ပြာသိုလပြည့် ဆိုတော့ ပြစ်မှား ခဲ့တာ တွေအတွက်ခင်ပွန်းကြီး၁၀ပါးကန်တော့ဖြစ်ခဲ့ တာနဲ့တိုက်ဆိုင်နေတာမို့ နာ ယူမိခဲ့ပါတယ်..။

ပြစ်မှားကံတွေအကြောင်း စဉ်းစားမိရင်း.. အမ္ဗပါလီ ဟာ ဘ၀တစ်ခုမှာ ဘုရားကုန်းတော် ပေါ် သန့်ရှင်းရေးလုပ်ရင်းနဲ့ စကားတစ်ခွန်းနဲ့ စော်ကားမိတယ်..။ ရဟန္တာ မကြီးတွေ ဖြတ်သွားရင်း နှာချေပြီး ကျကျန်ခဲ့ တဲ့ သလိပ်စကို စေတနာ အပြည့် နဲ့ သန့်ရှင်းလိုက်ရင်..ပြီးရော ပေါ့..။ သန့် တော့ သန့်ရှုင်းတယ်..(ဘယ်ပြည့်တန်ဆာမ ကများ တံတွေးထွေး သွားတာ လဲ)လို့ ရေရွတ်ကျိန်ဆဲခဲ့ တယ်..။

အဲဒီ ပြစ်မှားကံဟာ..ပြည့်တန်ဆာမ ဘ၀နဲ့ ဘ၀များစွာပေးဆပ်ခဲ့ရတာ ကို မြင်တော့ သံဝေ ဂ များစွာရမိပါတယ်…။ ဗိမ္မိသာရမင်း ဟာ စံပါယ်တင် မှည့် နဲ့ တော် တော်ကြည့်လို့ကောင်း တယ် တဲ့..။အဲ ဒီ ချစ်သူ နဲ့ လည်း မပေါင်းရ ဘူး။ ၀ိ မလကောဏ္ဍည ဆိုတဲ့ သားကလေးနဲ့ လည်း တူတူ မနေရရှာဘူး..။
အဖေ ကလည်း အမတ်ချုပ်ဆိုတော့ သမီးကို အမိန့် ချလည်းပြီးရော ရင် ကွဲသေရရှာတယ်..။ အစ်ကို ကလည်းရဟန်းဝတ် တယ်..။

ပြစ်မှားကံတွေရဲ့ အကျိုးဆက်ပါ..ကလေးတို့..။သင်္ခန်းစာ ယူပါ..။မေမေ ကံအကြောင်းတွေ ပိုနားလည်ချင်လာတာနဲ့ ပြန်နာ ဖြစ်ခဲ့တယ်..။ဆရာတော်က မှတ်ရလွယ်အောင် ပြစ်မှားကံအတွက် ခံစား ရမှာကို ကဗျာ နဲ့ မှတ်သားစေခဲ့တယ်..။


အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ပြောတတ်ပြစ်ဆို၊ အမျက်သို၍
မလိုရန်မျိုး၊ထိုသူမျိုးဝယ်၊ဆယ်မျိုးပြစ်ဒဏ်ရမြဲမှန်ခဲ့..။

သွေးအံဖြစ်လွယ်၊ရောင်းဝယ်ရှုံးခြင်း၊
ချို့ယွင်းအင်္ဂါ၊ နူနာ ကုဌ
ရှုးကြဖောက်ပြန်၊မင်းဒဏ်သင့်ခန်း၊ကြမ်းတမ်းစွပ်စွဲ၊
သေကွဲသားချင်း ပျက်ခြင်းစည်းစိမ်၊
နေအိမ်မီးလောင်၊ဒုက္ခကောင်သည် ၊
လု့ဘောင် ဒိဌ ၊ တွေ့ ကြုံရ၍
သေကငရဲ၊ ကမ္ဘာစွဲ၏..။
(မဂ်တား၊ဖိုလ်တားပါဖြစ်တတ်ပါတယ်..။)

စိတ်ရဲ့ ကြည်လင် ငြိမ်းချမ်းမှု..၊မေတ္တာထားနိုင်မှု ၊ အာဃာတတွေမရှိတဲနှလုံးသား စတာတွေ ဟာ တန်ဘိုးမဖြတ် နိုင်တဲ့ ဘ၀ရဲ့ အရည် အသွေး တွေဖြစ်ပါတယ်..။ကျေးဇူးရှိခဲ့ဘူးသူတွေကို ကျေးဇူးသိတတ်ပြီးကျေးဇူးကို ပူဇော်တဲ့သဘောကိုလည်းဆောင်ပါတယ်..။

ပိုင်းလော့ဆရာတော်ဘုရားကြီးက ကျေးဇူးမြင်ရင်မေတ္တာပေါ်သည်..။ကျေးဇူးပျောက်ရင်မာနပေါ်သည်..။လို့အကြိမ်ကြိမ်ဆိုခိုင်းတာပေါ့..ကျေးဇူးကိုမမြင်ဘူးဆိုတာက ကန်းတာပေါ့ကျေးဇူးကိုကန်းတဲ့သဘောပဲ။ မေတ္တာဖြစ်ပေါ်စေသောအနီးဆုံးအကြောင်းရင်းသည် ကျေးဇူးကိုဖေါ်ပြပေးခြင်းဖြစ်သည်တဲ့။ မေတ္တာပါရမီဖြစ်စေပြီး ၁၀ပါးသော ပါရမီလည်း ဖြည့်ကျင့်ရာ ရောက်ပါတယ်..။

သေသေချာချာလေးလေးနက်နက်သက်တော်ထင်ရှားဘုရားရှင် ကို အာရုံပြုရြပါတယ်..။ ဓါတ်တော်ကိန်းဝပ်ရာ သို့မဟုတ် ဓါတ်တော်ပင့်ဆောင်ပြီး သက်ရှိထင်ရှား ဘုရားထံ ၀န်ချတဲ့သဘောပါပဲ..။ နဖူး ကို ဦး ညွတ်ပြီး ဘုရားရှင်ရဲ့ခြေတော် အစုံကို ရည်မှန်းကန်တော့ရ ပါမယ်..။ ကြည်လင်လန်းဆန်းပေါ့ပါးမှုကို လက်ငင်းခံစားရပါလိမ့်မယ်.။

သားသားနဲ့ မီးမီး သူငယ်ချင်းတွေကို မျှဝေချင်တယ်ဆိုရင်..ပိုင်းလော့ဆရာတော့်ကျောင်းက စာအုပ်တွေ တတ်နိုင်သလောက်လှူ ပေးပါ..။ Online မှာကတော့
http://www.dhammaransi.net/ မှာdownload လုပ်လို့ရပါတယ်…။ဖိုင်ဆိုဒ် က ၂၀MB ကျော် နေလို့မေမေမတင်တော့ပါ..။ကျန်းမာရွှင်လန်းပါစေ..။

0 မှတ်ချက်ရေးရန်: