Monday, February 16, 2009

နိဗ္ဗာန်လို ချင်သူများ အတင်းမပြောနဲ့၊ ချမ်းသာလိုချင်သူများ အတင်းမပြောနဲ့

သားသား နဲ့ မီး မီး ရေ.....


မေမေတို့ကလေးတို့ နေ့တဓူ ဝပြောဆိုနေကြတဲ့ စကားတွေကို မပြော မီရယ် ပြော ပြီးရယ် ပြန် စစ်ဆေးကြည့်ပါလားကွယ်..။သူများအတင်းတွေကို မပြောမိဘို့ ကျင့်စဉ် လေး တစ် ခု ကျင့် ကြည့်ရအောင် ကလေးတို့ရေ..။
သူတစ်ပါးကို နှိမ့်ချ ကိုယ့်ကို ကို မြှင့်တင် ပြီး မှ စကားပြောတတ် တဲ့သူတွေကော တွေ့ ကြုံဘူး ပါသလား၊ နောက်ြ့ပီး ချိုချိုသာ သာ အေးအေးချမ်းချမ်း နဲ့ ပြောဆို ဆက် ဆံ တတ် တဲ့ သူတွေလည်းရှိတယ် နော်..။ အဲလို တွေ့ တဲ့ အခါ မေမေ ပြော ခဲ့ဘူးတဲ့ အပူဓာတ်လားအအေးဓာတ်လားဆိုတာကိုကလေးတို့ ခံစားရတယ် နော်။ နာကျင်တယ် ၊ပျော် ရွှင်တယ်ဆိုတာ သိသွားတယ် နော်၊ ပထမလူ က အပူ ပဲ၊ ဒုတိ ယလူ က အအေးပဲ။
မေမေ ဟာ ဘယ် ဘဝက ဘယ် လို အကျိုးပေးလည်းမသိပါဘူး၊ အဆောင် ကျောင်းသူ ဘဝကို ကာလ ရှည် ကြာစွာ နေထိုင် ခဲ့ရတယ်၊ အဆောင်သူ တွေ ရဲ့ ညဉ့်နက်နက် လဘက်ဝိုင်းတွေ ဟာ( အလင်းစကား )မဟုတ် ပဲ (အတင်းစကား) တွေ ဖြစ်နေတတ်ပါတယ်။ အဲ ဒီတုံးကတော့ အကုသိုလ် မှန်းမသိ ပဲ ကူးခတ်လို့ ကောင်းလိုက်တာ တစ်ခါ တစ်ခါ အာရုဏ် တက် သည် အထိ တောင် နေလို က်သေးတယ်။ AIT တက်သည် ထိ အတင်းစကားကို အင်္ဂလိပ် လိုတောင် တိုးတက် ပြောဆို ခဲ့သေးတယ်..။
၂၀၀၅ ခုနှစ် မေလ ၊ စင်္ကပူ သွားရင်း အတိတ်ကံ လေးအကျိုးပေးလို့ ပိုင်းလော့ဆရာတော် ဘုရားနဲ့ တွေ့ ဆုံခဲ့ရပါတယ်။ အဲဒီ တော့ မှ အဲ ဒီ (အတင်းစကား)အလုပ် ဟာ ကိုယ့် စားမဲ့ အဆိပ် ကို ကိုယ် က ဖော်မျူလာ ထုတ် ပြီး ၊ကိုယ် တိုင် ထုတ် လုပ် ပြီး ပျော် ရွှင် စွာဝါးစား၊ မြိုချခဲ့တာ ဖြစ်တယ် ဆို တာထိတ်လန့်စွာသိရှိ နားလည် သွားပါတယ်..။
မေမေက (အတင်းစကား)မပြောရဘူး လို့ သင် တဲ့ အခါ ..သားတို့ ကထင်မယ် အတင်းပြောခံရတဲ့ လူဘက် က ကာ ကွယ် ပြောဆိုတာ လို့ တလွဲ တွေး ထင် ကြလေ မယ်..။ကိုယ်ချင်းစာတရားဆိုတာထည့်တွက်တတ်ခဲ့ရင် ပါတော့ ပါပါတယ် ၊ ဒါပေ မဲ့ လိုက်နာ ချင်စိတ် ပေါ်အောင်ကတော့ အပိုင်းခွဲ ပြီး သုံးသပ်တတ် ရမယ် ကလေးတို့ရေ..။
ကိုယ်နဲ့ ဆိုင် တဲ့ ကိုယ့် အပိုင်း မှာ အကုသိုလ် မဖြစ်စေရေး ဟာ ကိုယ့်အရေး ဖြစ်နေ ပါတယ် ကလေးရေ..။ စိတ် ရဲသဘော တရား၊ စိတ် ရဲ့ အလှည့်ကလေး ဆိုတဲ့သဘာဝတရားကို မေမေ တို့ မသိခဲ့လို့ပါ..။
ဆရာတော် သုံးတဲ့ အသုံး အနှုံးလေးတွေက၊ ဥပမာလေးတွေကို ပြော ပြ မယ်..။ အာ ရုံ တွေကို စိတ် ကဖမ်းယူ ကျက် စားတဲ့ အခါ တိတ်ခွေဖမ်း သလိုပါပဲ တဲ့၊ ဆဲသံ ဆို သံ၊ မနာလိုသံ ၊ကဲ့ရဲ့ သံတွေ သွင်းထားမိ တော့ ပြန် ဖွင့်ရင် ဒါတွေပဲပြန်ထွက်မယ်လေ၊ တရားသံဘယ် ထွက် နိုင် ပါတော့ မလဲ..။ကံသတ္တိ သည် သွေးလှည့်ပတ်မှုနဲ့ အတူ အသွေးအသား မှသည် အရိုး ချဉ် ဆီထိ သတ္တိ ကိန်းသွားပါတော့တယ်။
ရဟန္တာ ကိုယ်တော် မြတ်ကြီးများ ဓာတ်တော်ကျတယ် ဆိုတာ ကောင်းတဲ့ ၊စင်ကြယ်တဲ့ သတ္တိကိန်း တာကြာတော့ ဓာတ်တော် တွေ ဖြစ်ကုန်တာ သည် သဘော ပါပဲ ကလေးတို့ရေ..။
နောက် ဥပမာ တစ် ခု က စိတ် အစာ စား သလို ပဲ၊ အစာအိမ် မှာ မတည့်တာ ကို စား မိ ရင် ဘာဖြစ်မလဲ၊Food Poison ဖြစ်တတ် တယ် အစာ အဆိပ်သင့်တယ်ခေါ်တာ ပေါ့၊ မေမေ ဆို ထိုင်းရောက် စက တစ်နေ့ မှာ ထိုင်းသင်္ဘော သီးသုပ် ရယ်၊ ထိုင်း မုန့်လက် ဆောင်းစား လိုက် တာ အံ ပြီး ဆေးရုံ တန်းပြေးရတော့တယ်။ အဲ ဒီ သဘော လိုပါပဲ။
ကိုယ့် ရဲ့ စိတ်တွေဟာ အ ကုသိုလ် တွေ ပုံဖော် စားသုံး မိတာ၊ အာရုံကျက် စား မှားမိတာ များ သွားမိရင်တော့ မေမေ ဆေးရုံ ပြေးရသလို စိတ် Poison ဖြစ်ပြီး ကိုယ့်ထဲမှာ ရောဂါ စဖြစ်တော့တာပေါ့၊
အဲဒီအချိန်သေရင် တော့အပါယ် လေးပါး တန်း နေတော့ မှာ ပေါ့ ကလေးရေ..။
မသေခဲ့သေးရင် မှာ မေမေ တို့ သိမနေ တာ ကတော့ ကိုယ် မမြင်ရတဲ့ ကိုယ့်ရဲ့ ဓာတ်ရိပ် ဓာတ် ခိုး ၊ ကံ သတ္တိ ကညံ့ညံ့ လိုက် လာ ပြီးကောင်းတာ တွေ ကို ဆွဲ ယူနိုင်တဲ့ အင်အား တွေကျဆင်းသွားစေတယ် ဆို တဲ့ အချက် ပါပဲ..။ ဒါကို ဆရာတော် ကသင်ပေးခဲ့ တယ်..။
လေ့ကျင့် ခန်းတစ်ခုပေးမယ် ၊သားတို့ သမီးတို့ ပတ် ဝန်းကျင် မှာ Statistics Data ကောက် သလို လေ့လာ ကြည့် ပါ၊ အတင်းပြောတတ်တဲ့ လူ ရဲ့ ဘဝ အခြေအနေရယ် မပြော တတ် တဲ့သူ ရဲ့ ဘဝ(မြင့်လာသလား၊နိမ့်သွားသလား၊) ၊ ခံစား မှုနဲ့ လည်းတိုင်းတာ ကြည့်ပါ နော်၊ (ပူ လာ ပါသ လား။ အေးလာ ပါ သလား )..အဖြေတစ်ခု ကို ကိုယ် တွေ့ များနဲ့ ထုတ် ယူ၊တိုက်ဆိုင်စစ်ဆေး ကြည့်ပါကလေးတို့ရေ..။
ဆရာတော် တရား ပွဲ တိုင်းမှာ အထပ် ထပ် အခါ ခါ ဆိုရပါတယ်..။ကောင်းတဲ့အကျိုးပေး တွေကို တောင် မဆွဲ ယူ နိုင် တော့ ဘူးဆိုရင် နိဗ္ဗာန် ဆိုတာ အဝေးကြီး၊ ကလေးတို့လည်းဆိုကြည့်ပါအုံး၊

နိဗ္မာန်လိုချင် သူများအတင်းမပြောနဲ့၊ ချမ်းသာလိုချင် သူများအတင်းမပြောနဲ့။


စိတ်နဲ့ အတင်းပြောတာလည်းအကြုံးဝင် ပါတယ် နော်၊ တစ်ယောက် ထဲ ပွ စိ ပွစိ နဲ့။ ( ဟင်း ခုမှ အမွှေးအတောင် ပြောင်နေတာ အရင် တုံးကတော့ ဘဲဥ တစ်လုံးနှစ် ယောက် စားတဲ့ ကောင်မက များ.......စသည် ဖြင့်...)

ဒါကြောင့် ကျေးဇူးတော်ရှင်ပိုင်းလော့ ဆရာတော် ဘုရားက

(အချိန်တိုင်းတွေးနေရင် ဘဝပြောင်းနေသည် )

လို့ ထွင်း ဖောက်သိမြင်သော စကားနဲ့ သတိပေးခဲ့တာ ဖြစ်ပါတယ် ကလေးတို့ရေ..။

2 မှတ်ချက်ရေးရန်:

Anonymous said...

တီလေးရေ… မင်္ဂလာပါ

ဖိုးသား လာဖတ်သွားပါတယ်… ဖိုးသားလည်း ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ တရား တစ်ပုဒ်လားပဲ နာဖူးပါတယ်… ၂၀၀၆ ကုန်ခါနီးလောက်ကပါ.. ဗိုလ်တစ်ထောင် ဘုရားပွဲမှာ… ဒါပေမယ့် တရားခေါင်းစဉ် *ခင်ပွန်းကြီး ၁၀ ပါး ကန်တော့ခန်း*နဲ့ *အချိန်တိုင်းတွေးနေရင်း ဘ၀ပြောင်းနေသည်* ဆိုတဲ့ စကားလေးကိုတော့ ယနေ့တိုင် မှတ်မိနေဆဲပါ တီလေး…

ခုလိုလွယ်ကူ နားလည်လွယ်အောင် ရေးသားပေးလို့လည်း တီလေးကို ကျေးဇူးတင်ပါတယ်…

တီလေးကျန်းမာပါစေ…

လေးစားရိုသေစွာဖြင့်
ဖိုးသား

Anonymous said...

ွှ့Thanks for enlightening me with this post. I will try not to gossip as possible as i can ....