Friday, February 13, 2009

စိတ်ထားနူးညံ့သိမ်မွေ့ရမည်-မုဒု(၅)၊လွန်ကဲတက်ကြွသော မာန်မာနမရှိရာ-အနတိမာနီ(၆)

သားသားနဲ့ မီးမီး

အခုရေး မဲ့ အကြောင်း ကတော့ သူများကို ဆုံးမ မဲ့ အလင်းစကား မဟုတ်ပဲ..ကိုယ့်ကို ကို ပြန် ဆုံးမ ရမဲ့.. ဆင်ခြင် တုံတရား လက်ကိုင်ထား ခိုင်းရ မဲ့..စကား ဖြစ်နေပါတယ်..။ ကိုယ်ဖော် တဲ့ ဆေး ကိုယ် စား ရမယ်ပေါ့ လေ…။
ဆရာတော် ဘုရားကပြော ဘူးတယ်.. မိဘ တွေ.သတိထားဘို့..။ မိဘတွေက ဆရာတော် ထံပါး မှာ တရားနာ ပြီး ကြီးပွားရေး သော့ချက်တွေ..ဘ၀အောင်မြင်ရေးတွေ.. သိလာ ပြီးတော့.. သားသမီးတွေကို အတင်းပုံသွင်းကြတော့ တယ်..။
ပုံသွင်းပြီး ဆိုကတည်းက..မိဘတွေရဲ့ နှလုံးသားမှာ..လိုက်နာ ကျင့် သုံးတာ.. လိမ္မာ တာ..အောင်မြင်တာတွေ အကြီး ကြီး ပုံဖော်ကြတော့တယ်..ပုံဖော်တဲ့ အတိုင်း မဖြစ်လာတော့အ ပူဓာတ်တွေ ထွက် ပြီး အကုသိုလ် နယ် ထဲကို ရောက် မှန်း မသိရောက်နေ ကြရတတ်တယ် တဲ့။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရားကြီးက (သူများ ပြင်ရင်းနဲ့ ကိုယ် ပါ ပျက် ပျက်လိုက်လာ တာ သတိ ထားရမယ် တဲ့) သိပ်ကို မှန်တဲ့ စကားပါ..။ တာဝန်ကျေပစေ..သံ ယော ဇဉ်မထားနဲ့ ဆိုတာ တောင်တန်းသာ သနာ ပြု ဆရာ တော် ကြီး ဟော ဘူးတာ ရှိပါတယ်..။သံယောဇဉ်မပါတဲ့မေတ္တာသန့်သန့် ဖြစ်နေရပါလိမ့်မယ်..။ အရာရာကို အကြောင်းညီညွတ်ရင်ဖြစ်လိမ့်မယ်..ဆိုပြီးကြိုတင်နှလုံးသွင်းထား မှသာ..အလင်းစေတမန်.. မီး မပျက် ပဲ အမြဲ..အလင်းဖြန့်ဝေနိုင်မှာ ပေါ့လေ..။
မုဒုဆိုတာ စိတ်ထားနူးညံ့ သိမ်မွေ့နေရပါမယ်.. မုဒု ဂုဏ် နဲ့ ပြည့်စုံမှသာ သူတစ်ပါးကို မေတ္တာ အပြည့် ထား နိုင် ပွားနိုင် မှာဖြစ်သလို ကိုယ့် ကလည်း မေတ္တာ ကို ခံယူ နိုင် စွမ်း ရှိ မှာ ကလေးတို့ရေ..။
နူး ညံ့ သိမ် မွေ့တယ် လို့ပြောရင် ကာ ယကံ၊ ဝစီကံ စတာ တွေမှာ ချို ချို အေးအေး လေး ပြောတာကု ထင် တတ် ကြတယ်။ အပြောလေး ကချို ပြီး အတွင်းစိတ် က ကောင် ကျစ်လှ စွာ ပျက် စီး ရာ ပျက် စီးကြောင်းတွေ ကြံစည် နေမယ် ဆိုရင် အဲ ဒီ ချိုသာ ပျော့ပြောင်းမှုဟာ မုဒု ဖြစ်တယ် မခေါ်ဆို ထိုက် သေးပါ ကလေး တို့..။
ကျေးဇူးတော် ရှင်ပိုင်းလော့ ဆရာတော် ဘုရားကြီး စကားနဲ့ ပြောရရင်.. သူ့ ဘဝ သည်ကိုယ့် ဘဝ ၊ သူ့ ခံစားမှု သည် ကိုယ့် ခံစားမှု၊ သူနောင် ရေး သည် ကိုယ့်နောင်ရေး စသည် ဖြင့် စိတ်ပါဝင် စား စွာ သူ့နေရာ မှနားလည် မှု များစွာ ဖြင့်တွေး တော ပြီး နှလုံးသား ကို ထပ်တူ ပြုထားရ မယ် တဲ့..။
ဒါမှသာ စစ် မှန် သော မေတ္တာ ကို ပွားများနိုင်မှာ ပါ။ ရေ တစ် ခွက် လှူ တာ တောင် စေတနာ သန့် သန့် နဲ့ ရေငတ် လာ သော နှလုံးအိမ် ကို အာ ရုံပြု ပြီး သောက် ပြီးသည် ထိ စောင့် ကြည့် ကာ အပေး နဲ့ ပျော် တတ် ဘို့ သင် ပေးတော် မူပါတယ်..။ပစ္စည်း အဓိ က မကျဘူးနော်..။ စတင် ကျင့်ကြံ ကြည့်ရအောင်။

နောက်သတိထားရမှာ ကတော့..သိမ်မွေ့စွာ ခြေဖေါ့နင်းပြီးဝင်ဝင် မင်းမူတတ်တဲ့.. မာန။ မာနကိလေသာ ဆိုတာ..အရဟတ္တမဂ် ရမှသာ ပယ်သတ်နိုင်တာဖြစ်တော့ သာ မာန်ပုထုဇဉ် လောက် ကတော့ ချာလပတ်ရမ်းနေတာပေါ့လေ..။ ရှိတာတော့ရှိတာပေါ့.. သတိနဲ့ လွန်ကဲ မှု မဖြစ်အောင် ဉာဏ်နဲ့ ထိန်းဘို့ မေမေ့ကိုယ် ကို ကို မေမေ ပြန်ပြောနေရပါတယ် ကလေးတို့ရေ..။

ကောင်းတာတွေလုပ်နေပေမဲ့..တရားထိုင်နေရင်း ဖြစ်တတ်တာ.. ထိုင်လို့ကောင်းလိုက်တာ.. ငြိမ်နေတာ ပဲ..ငါမို့သာ လုပ်နိုင်တာ..ရှေ့ကမိန်းမလှုပ်လိုက်တာ….အခန်းထဲရောက်မှသင်ပေးအုံးမှ…။
ငါမှသာလှူ နိုင်တာ၊ ငါလိုလူမို့သာ..သိတတ်နားလည်တတ် ကျင့်သုံးတတ်တာ..။ငါလို အမေ မျိုး မို့သာ သည်လို ရေးနိုင်တာ..ဖန်တီးနိုင်တာ..။မသိစိတ်က နှိုင်းယှဉ်နေမိတတ်တယ်ကလေးတို့ရေ..။

မာန ဆိုတာ နှိုင်း ယှဉ်ပြီး ငါက သာတယ်ပေါ့..။ မူလဓမ္မဆရာတော် ဦးဝိဇယပြောတာကို မေမေ အမြဲရွတ်နေရပါတယ်..။(အားထုတ် သမျှ မှာ ကိလေသာ၊ဖြစ်မလာ မှလမ်းမှန်သည်။)..ဒီတော့ ဒါန၊ သီလ၊ ဘာဝနာ ဘာ ပဲ လုပ်လုပ်..မာန ကိလေသာ မ၀င်အောင် သတိထားနေရပါတယ်..။ မဟုတ်လို့ကတော့ ကုသိုလ်အမည်တပ်လျက်.. လမ်းမှား ပေါ်လျှေက်မှန်း မသိ လျှောက် နေမှာ ဖြစ်ပါတယ်..ကလေးရေ..။

မဟာမြိုင်တောရ ဆရာတော် ဦးဇော တိက က ပြောဘူးတယ်..ပညာ တတ်တွေကို.. သူလေးစားပါတယ်..တဲ့ ဒါပေမဲ့..တက္ကသိုလ်ပါမောက္ခ တွေ..ပါရဂူ ကြီးတွေမှာ..တွေ့ရတတ်တာ..Psychic Inflation ဆိုတဲ့ စိတ်ဖောင်းပွမှု ဖြစ်နေတတ်ပြီး..ကိုယ်ထက် ရာထူး၊ အသက်၊ ဂုဏ် ငယ်တဲ့သူတွေပြောတာကို လက်ခံဘို့ရာ ငြင်းဆန်ကြပါတယ်တဲ့..။ ငါ့လောက် သိသူမရှိ ပါဆိုတဲ့ မာနကြောင့်ပါ် တဲ့..။
ရောမ ခေတ်က ဂရိတွေးခေါ် ပညာ ရှင် Socrates က ပြောခဲ့တာ…ကလေးတို့ နှစ်သက်မှာပါ..

True knowledge exists in knowing that you know nothing.

မေမေလည်းသားဆီက သမီး ဆီက..သင်ယူနေရပါတယ်..သင်ပေးကြပါအုံးကလေးတို့ရေ..။ဆရာတော်တပါးကလည်းပြောဘူးတယ်.သူရေးတဲ့ ဗုဒ္ဓစာပေဆိုင်ရာ ကျမ်းစာ အုပ်ဟာ..ဘုရားဉာဏ်တော် ကို မဟာ သမုဒ္ဒရာ နဲ့ ခိုင်းနှိုင်းပြီး..သမုဒ္ဒရာ ကို ယုံ သူငယ် ထောက်သလိုရေးရတာ ပါလို့ ပြောတာ မေမေမှတ်သားဘူးတယ်..သူတော်ကောင်းတွေရဲ့ မြတ်နိုးဘွယ်၊အတုယူဘွယ် စိတ်ဓာတ်လေးတွေ ပါကလေး တို့ရေ..။
အခုမေတ္တာကြိုတင်ကျင့်ဖွယ်ထဲက နံပါတ်၆ဖြစ်တဲ့ အနတိမာနီ= လွန်ကဲတက်ကြွသော မာနမရှိရာ ဆိုတာ နှလုံးသွင်းဖြစ်ခဲ့ ပါတယ်..။ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးကတော့ တပည့် တွေကို အထပ်ထပ် ဆိုခိုင်းတာ..

ကျေးဇူးမြင်ရင် မေတ္တာပေါ်သည်
ကျေးဇူးပျောက်ရင်မာနပေါ်သည်။

မာနသည် ကျေးဇူးတရားကို မမြင်အောင်ဖုံးကွယ်ထား၍ ဒဏ်(၁၀)ပါး သင့်စေသော အဆိပ်အတောက်တွေလို့မေမေအမြဲပြောခဲ့ တာပေါ့ ကလေးတို့..။အဆိပ်အတောက်တွေ စုဆောင်းမိနေမှတော့ အေးမြတဲ့ မေတ္တာကိုဘယ်ပွားများနိုင်ပါတော့မလဲ..စဉ်းစားကြည့်ပါလေ..။

0 မှတ်ချက်ရေးရန်: