Thursday, February 12, 2009

ဆိုဆုံးမလွယ်ရမယ်-သုဝစော(၄)

ချစ်သောသားသားနဲ့မီးမီး

လူဆိုတာ သူတပါးအပြစ်ကိုမြင်လွယ်ကြတယ်..။အပြစ်တင်လွယ်ကြတာ သဘာဝတရားပါပဲ..။ ကိုယ့်အပြစ်ကိုထောက်ပြရင်တော့ ဆတ်ဆတ်ခါနာတတ်ကြတယ်..။.
လူ့ သဘာဝ သူသူ ကိုယ်ကိုယ် အားနည်းချက်ဆိုတာရှိကြစမြဲ ဆိုတော့..အဲဒီအားနည်းချက်ကို နည်းမျိုးစုံနဲ့ ဖုံးကွယ်ဘို့ ကြိုးစားကြတာ..ကို ကြုံရတာများတော့ မေမေက မသိချင်ယောင်ဆောင်တတ်တာ တောင်အကျင့်ဖြစ်နေပါပြီ..။

မေမေဟာ သူများကိုအပြစ်ပြောတာအကျင့်မရှိဘူး။ ကိုယ့်ကိုဝေဖန်လာရင်တော့..ဒေါသနဲ့ မတုံ့ပြန်ခဲ့ပေမဲ့ဝမ်း နည်းညှိုးငယ်တတ်တဲ့အကျင့်ရှိတယ်..။ မျက်နှာလည်းပျက်တတ်တယ်..မကောင်းတဲ့ အကျင့်ပေါ့..။သည် အကျင့် ကြောင့်မိတ်ဆွေတွေလည်းများစွာ ပျက်ခဲ့ဘူးပါတယ်..။
ဒါဟာလည်းဆုတ်နစ်တဲ့ဒေါသပါပဲဆိုတာ တရားတွေနာ ယူမှ နားလည်ရပါတယ် ကလေးရေ။ ပြန်ပြီးရန်တွေ့ရင်တော့တက်ကြွသော ဒေါသပေါ့..။
မေတ္တာရ ရှိစေနိုင်မဲ့ကြိုတင်ကျင့်ဖွယ် ၁၅ချက်ထဲက (သုဝစော= ဆိုဆုံးမလွယ်ရမည်)ဆိုတဲ့ တစ်ချက်ယိုယွင်းခဲ့ ပြီဆိုတာ မသိခဲ့ ပဲ ကိုး..။ မေတ္တာတုံးခံ ခဲ့ဘူးပါတယ်..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးက တော့..၀ဋ်ကြွေး တစ်ခုကျေပြန်ပြီပေါ့..။ ကျေအောင်ဆပ်ပေးတဲ့ ကျေးဇူးရှင် ဆိုပြီးကျေးဇူးတင်တတ်ရမယ်ဆိုတာ သင်ပေးဘူးတယ်..။
တကယ်တော့အပြစ်ညွှန်ပြတဲ့လူတွေကို ရွှေအိုး ညွှန်ပြတဲ့ လူလို သဘောထားရမယ်တဲ့..။ အပြစ်ကိုပြင်လိုက်ခြင်းဖြင့် ရွှေအိုးရသလို..အကျိုးများစေတယ်ဆိုတာကို ကျေးဇူးတော် ရှုင်မြတ်စွာဘုရားမိန့်ကြားခဲ့တာပေါ့..ကလေးတို့ရေ..။
မေမေ့ကို စင်္ကပူ ရွှေတောင်ကုန်းရိပ်သာဆရာတော်(
Vipassana Medtation Centre, VMC)က နှုတ်တိုက်ချပေးသင်ပေးခဲ့ဘူးတယ်..။

ကိုယ်ညံ့..ညံ့မှန်းသိ လူတော်ဖြစ်နိုင်၏။
ညံ့လျက်နဲ့ပင်တော်သည် ထင် ညံ့မြဲညံ့မည်ပင်..။

ဆရာမ ဒေါ်ခင်လှတင် ရဲ့ သင်တန်း ကို နာယူတဲ့ အခါမှ မေတ္တာကြိုတင်ကျင့်ဖွယ် ၁၅ချက်ကို သိခဲ့ရပါတယ်.ကလေးတို့ရေ..။ သားတော်ရာဟုလာလေး ဆိုရင် ဘုရားကျောင်းတော်မှာ..ကစားရင်တောင်သဲလုံးလေးတွေ မြှောက် မြှက်ပြီး
(ငါ့ ၏ အပြစ်ကိုပြောဆိုညွှန်ပြဆုံးမ မဲ့သူတွေ ဟာ သဲလုံးပမာ များပါစေလို့) ဆုတောင်းပါတယ်တဲ့..။
ယဉ်ကျေးမှု သင်တန်းတွေမှာ.. ကျေးဇူးတော် ရှင်ရွှေဟင်္သာ ဆရာတော်ဘုရားကြီးက လင်္ကာလေးနဲ့သင်ကြားပေးခဲ့တယ်..။

သားတို့ သမီးတို့၊ အပြစ်အနာအဆာ..။
မြင်ရင်လည်းပြောပါ..ကြားရင်လည်းပြောပါ..။
ယုံမှားရင်တောင်ပြောပါ..။အားမနာရပါ..။
သနားကြင်နာလို့သာ..ပြောသာပြောပါ..။
ကုစားကြမှာ…ကုစားကြမှာ..။ယုံတော်မူပါ..။
ကိုယ့်အပြစ်မြူမှုံ…မြင့်မိုရ်ပုံပြုပါလို့..မောင်မယ်လိမ္မာ..။
ရွှေအိုး ညွန်တဲ့ ဆရာအဆူဆူ ဆုံဆည်းရလိုပါ..။

ကလေး တို့လည်း မေမေ နဲ့ အတူ..သုဝစော ဆိုတဲ့ အချက်ကို ဖြည့်ကျင့်ရင်းရွှေအိုး တွေတူးဖော်ကြပါစို့..။နံပါတ်(၄) အချက် ပေမဲ့ ကျန်တဲ့ ၁၄ချက်ကို ယုံကြည်ရိုကျိုးစွာလက်ခံ နိုင်မှာ မို့အရင်ရေးလိုက်ပါတယ်..ကလေးတို့..။

0 မှတ်ချက်ရေးရန်: