Thursday, February 19, 2009

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ..။

သား သား နဲ့ မီး မီး တို့ရေ..။


လွန် ခဲ့ တဲ့ အနှစ် သုံးဆယ် ကျော် လောက် တုံးက မေမေတက် ရောက်သင် ယူခဲ့ရတဲ့ ဓမ္မ စာပေ သင်တန်းကျောင်းလေးအကြောင်းပြောခဲ့ဘူးပါတယ်။ ကျေးဇူးစကားတွေ ၊ကျေးဇူး တရား တွေ အကြောင်း ပြောနေဖြစ်တာ မို့ ဘာသာရေးဆိုင်ရာလက် ဦးဆရာ များကို ကို အမှတ် တရ မှတ်တမ်းတင်ရင်း၊ ဦးခိုက် ပူဇော်ချင်လာ တာ နဲ့သည် စာ လေးကို ရေးလိုက်ပါတယ် ကွယ်..။

အရင် တစ် ခါ ရေးတဲ့ စာထဲမှာလည်းပါ တဲ့ ရွှေတိဂုံဘုရားရဲ့ ထီးတော် ရိပ်က ဓမ္မစာပေသင်တန်းကျောင်း ၊မင်္ဂလာ ဗျူဟာ အသင်းချုပ် ဖြစ်ပါတယ်..။ အခုကြားတောရလမ်းမှာ ရှိတဲ့ ဓမ္မဗျူဟာ သင်တန်းကျောင်း မှ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့ ရထားတဲ့ ဆရာ မဒေါ်ခင်လှတင် ရဲ့ ဖခင်ကြီး (ဓမ္မ ဗျူဟာ ဦးမြသောင်း၊ နဲ့ ဆရာမ ဒေါ် သူဇာ မြင့်) တို့ကို သည် စာရေးသားရင်း ဦးခိုက် ပူဇော်လိုက်ပါတယ် ကလေးရေ..။

ဝါတွင်း သုံးလ ရဲ့ အပတ် စဉ် တနင်္ဂနွေ နေ့ တွေ တိုင်းမှာ တက်ရတာပါကလေးရေ..။သင်တန်း ပြီးတဲ့ အချိန်မှာ ရန်ကုန် မြို့ က ဘုရားစုံလည်းလည် ဖူးရသေးတယ်..။သင်တန်းရဲ့ သင် ရိုး ညွှန်းတန်း အရ ဗုဒ္ဓဝင် နဲ့ ၃၈ဖြာ မင်္ဂလာ တရားတော် တွေကို လင်္ကာ လေးတွေနဲ့ သင်ကြားပေးခဲ့တာ ပါ..။
(မကြားဘူးကြား ၊ကြားဘူးစင်ကြယ်၊ ယုံမှား ပယ်ဖျောက်) ဆိုတဲ့ ဂုဏ်သတ္တိလေးတွေ လက်ဆောင်ရခဲ့ဘူးပါတယ်ကွယ်..။
ငယ်ငယ်က မုန့်ဘိုးလေးတွေထဲကနေ ဓမ္မဗျူဟာ စာစောင်၊ မြတ်မင်္ဂလာ စာစောင် လေး တွေကို တန် ဘိုးထားဖတ်ရှု ကြီးပြင်းလာ နိုင် ခဲ့တာ သင်တန်းကျောင်းလေးက ချပေးခဲ့တဲ့ မျိုးစေ့ ကြောင့်ပါပဲကွယ်..။သားသား မှတ် မိ မှာ ပါ မေမေ ဟာ သည် စာ စောင်လေးတွေကို စုဆောင်းထားရှိ ပြီး ဘုရားကျောင်းဆောင် အောက် နားမှစင်လေး တစ်ခုနဲ့ သီးသန့် ပူဇော် ရင်း ၊ ဖတ် ရှု ခဲ့ရင်း တစ် ခါ တစ် ခါ ကျ ဆင်းတတ် တဲ့ စိတ် ဓါတ်တွေ အတွက် အားမာန် သစ် တွေ ဖြစ်စေခဲ့ရတာပါ။

မေမေ အဘိဓမ္မာစာမေးပွဲတွေဖြေတော့လည်း မင်္ဂလာ ဗျူဟာ အသင်းက နေ့လည် စာ ကျွေးတာ စားပြီး ဖြေခဲ့ရပါတယ်..။အောင် ရုံ ပဲ ဖြေနိုင်ခဲ့တာတောင် ဆုပေးပွဲ အခမ်းအနားတွေနဲ့ ဆုချပေးခဲ့ပါသေးတယ်..။သားသားတို့ မီးမီးတို့လည်း အချိန်ပေး ပြီး သွားရောက် သင်ယူ နိုင်ဘို့ကြိုးစားကြပါကလေးတို့ရေ...။ ကလေးများအတွက် နေရာကောင်းတစ်ခုဖြစ်ပါတယ်ကွယ်..။

မင်္ဂလာဗျူဟာ အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ကြီး၊ မဟာ သဒ္ဓမ္မ ဇောတိကဓဇ ဦးအောင် သိမ်း ရဲ့ ကဗျာလေးကို ဖော်ပြရင်း ကျေးဇူးတုန့်ဆပ်၊ ပူဇော်လိုက်ပါတယ် ကွယ်၊ ဖတ် ဖြစ်အောင် ဖတ်၊ မှတ် ဖြစ်အောင် မှတ် ၍ ကျင့်ဖြစ်အောင် ကျင့် ကြပါစို့ကလေးရေ..။
ခေါင်းစဉ်လေးက တော့

(ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်ပါစေ)

ရေချမ်းသစ်သီး၊ ပန်းဆီမီး ကို ၊
ခိုင် ဖြီးသဒ္ဓါ၊ လှူပြီးကာ မျှ
ငါ့မှာ ကောင်းကျိုး ၊အလွန် တိုး ဟု၊
ယုံကိုးစိတ်ထဲမရောင့်ရဲ နှင့်။

မစဲညနေ့၊ ဘုရားရှေ့တွင်၊
ပျော်မွေ့မြတ်နိုး၊ မြဲရှစ်ခိုး၍ ၊
ကောင်းကျိုးပွားစည်၊ ကြီးလှပြီ ဟု
ယုံကြည် အားရ၊စိတ်မချနှင့်..။

ဓာရဏ နှင့်၊ ဓမ္မစင်္ကြာ
မေတ္တာ ပဋ္ဌာန်း၊ ရွတ် နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ၊
ကြီးမည့် တေဇော်၊ မစောင့်မျှော်နှင့်..။

ဂုဏ်တော် ပုတီး၊ သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ၊ ငြိမ်သက် စွာ ဖြင့်
သဒ္ဓါကြည်ယုံ၊ စိတ်ပြီးရုံဖြင့်၊
လုံလောက်လှပြီ၊ မရပ်တည် နှင့်..။

ရေကြည်သစ်သီး၊ ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ်၊ စေလွှတ် မေတ္တာ၊
တစ်ရာ့ရှစ်သီး၊ စိတ်ပုတီးကို
မညည်းဆင့်ကဲ၊ စိတ်မြဲစိတ်ပါ ၊ မဖြတ်ပါနှင့်..။

ဆက်ကာတစ်မျိုး၊ ရှေ့သို့တိုး]၍
အကျိုး နိဗ္မာန်၊ မျှော်ရိုးမှန်က၊
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ
သံသရာဝဋ်၊ ထွက် လွတ်စေကြောင်း၊ လမ်းမှန်ကောင်းဟု
ညွတ်ပြောင်းစိတ်ထဲ၊ ယုံကြည် စွဲလျက်
အမြဲနေ့ည၊ ဝိပဿနာ၊ဘာဝနာကို
ခိုင်မာ ဆန္ဒ၊ ကြိုးလုံ့လမှ၊
ဗုဒ္ဓ ခေတ်မြတ်၊တွေ့ကျိုးနပ်မည်...ကြပ်ကြပ်သတိရှိပါစေ..။

ဆရာဓမ္မဗျူဟာဦးမြသောင်းနှင့်၊ မင်္ဂလာ ဗျူဟာ အသင်းကြီးအားဦးနှိမ်ရိုကျိုးရှစ်ခိုးပူဇော်ကန်တော့လျက်..။

1 မှတ်ချက်ရေးရန်:

Anonymous said...

ဗုဒ္ဓ ခေတ်မြတ် တွေ.ရကျိုးနပ်အောင် ကျိုးစားနေပါ့မယ် ခင်ဗျာ။