Thursday, February 26, 2009

ဝိဿနာအစ ၊သံဝေဂ


ဝိပဿနာ တရားကောင်းတယ် ဆိုပေမဲ့ သံဝေဂဉာဏ် မပါပဲမကောင်းနိုင်။ ကျွန်မတို့ ဓမ္မမိတ် ဆွေများနှင့်လည်း သည် သံဝေဂအကြောင်း ကို မကြာသေးခင်ကမှပြောဆိုနေဖြစ်ခဲ့ပါသေးတယ်..။ကိုဝင်းမြင့်ဇော် ကတော့အထက် မဂ်ကို လှမ်းတက် ဘို့လှေကားတစ်စင်းပါတဲ့..။

စွဲမြဲစွာ အားထုတ်ဖြစ်ဘို့ကတော့သံဝေဂသည် နက် ရှိုင်းသော သံဝေဂဖြစ်နေရပါလိမ့်မယ်…။ မဟုတ် လို့က တော့ ဦးစားပေးအဆင့် မဟုတ်ပဲ ကျောင်းပိတ်မှ လုပ်ရတဲ့၊ ရုံးပိတ်မှ လုပ်ရမဲ့ အပို ဝန်ဆောင် မှုတစ် ခုလို ၊ နွေရာသီကျောင်းပိတ် ဖက် ရှင်လို ကျင့်သုံးနေတတ်ကြပါတယ်..။

ကျွန်မသည်မနေ့ကကျေးဇူးတောရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးရဲ့ ယောဂီဟောင်းတရားတိတ်ခွေအမှတ် (၁) ကို နာ ယူမိလို ကြားသိရတဲ့ သံဝေဂ တရားကို ပြန်ရေးပြချင် မိပါတယ်..။
သံဝေဂ ဉာဏ် နဲ့ ပတ် သက် ပြီး ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် ကောသလ မင်းရဲ့ အဖေတူ အမေကွဲ ညီအစ်ကို တွေ ဖြစ်တဲ့ ဘဒ္ဒဝဂ္ဂီ ညီနောင် ၃၀ ကို ဟော ကြားခဲ့ ဘူးပါတယ်..။
သူတို့တွေဟာ ပထမ အကြိမ်တရားဟော ပြီးချိန် မှာ အနာဂါမ်ထိ ဖြစ်ပြီးသားပါ.။အခြေခံသိ ပြီးသားတွေ ဒေါသလည်းသိမ်းနိုင်တယ် ၊ဒါပေမဲ့ဘာ လို့ ရဟန္တာ မဖြစ်ကြ သေးတာ လည်းလို့ ဆင် ခြင် ကြည့်တဲ့ အခါ..သံဝေဂ ဉာဏ်လို နေတာ ကို ဘုရားရှင်က သွား တွေ့ရပါတယ်..။သဘော ပေါက် ရက် သားနဲ့ အထိုင် မကျသေးတာ.။ နိဗ္ဗာန်ကိုတော့သိတယ်အရဟတ္တ ကျင့်စဉ်မှာ အထိုင် မကျသေးတာ..။

အချိန်နဲ့ ပတ်သက် ပြီးမှားနေတာ အများကြီး…အများကြီးနေရအုံးမယ်ထင်ထားတာ သည် အမှားကြောင့်ဆိုတာ သိတော့ဘုရားရှင်က ဘဒ္ဒဝတီ ညီနောင် (၃၀) ကို အဲဒီအခါ သံဝေဂ ဉာဏ်ရစေဘို့ တော အုပ် တစ်ခုခေါ်သွားပြီး ဘုရားရှင် က သံသရာရဲ့သက်တမ်းကို တွက်ပြတော်မူပါတယ်..။ အချိန်ကို ဆန်း စစ်ပြတော်မူပါတယ်..။

ဘုရားရှင်က ချစ်သားတို့်သံသရာ သက် တမ်းဟာ အသင်္ချေပေါင်း အနန္တ ရှိပါတယ်လို့ဟော ကြားတော် မူပါတယ်..။

တစ်သင်္ချေ..ဆိုတာ ၁ နောက် မှာ သုည အလုံးပေါင်း၁၄၀ဆိုတဲ့ ဂဏန်းပမာဏ ရှိပါတယ် ၊ နှစ်တွေ မဟုတ်ဘူး ကမ္ဘာ တွေနော်။တစ်ကမ္ဘာ ဆိုတဲ့ ကာ လ က ဘယ် လောက် ကြာလည်းဆိုတော့ အလျား၊ အနံ၊ အမြင့် ၁၃ မိုင် ရှိတဲ့သံကန် ကြီးကို မုံညှင်းစေ့ တွေ ထည့်မယ်.၊ထို မုန် ညှင်းစေ့ များထဲမှနှစ်တစ်ရာ မှာ ၁စေ့ယူ ပြီး ဖယ် မယ်..။
ကုန်ဆုံးသွားတဲ့ အချိန်ဟာ တစ် ကမ္ဘာ..ဖြစ်ပါတယ်..။ ဤကဲ့သို့ ကြာညောင်းလှစွာ ၊ များပြားလှစွာ သော ဘဝတွေကို ကျင်လည်ကျက်စားပြေးလွှားခဲ့ရပါတယ်လို့ ကျေးဇူးတော် ရှင် မြတ်စွာဘုရားကဥပမာ ဆောင် ပြတော်မူပါတယ်..။
လူ့ဘဝ၊ တိရိ စ္ဆာန်ဘဝ၊ ငရဲ ပြိတ္တာ ၊အသူရကာယ်၊ နတ် ၊ဗြဟ္မာ အစုံ ဖြစ်ခဲ့ဘူးတာ တွေထဲက ကမ္ဘာ ပေါင်း များစွာ မှာလူကို ဖယ် ထား၊ တခြားဘဝတွထား နွားဘဝ။ အဲဒီ နွားဘဝ ထဲ မှာ ပဲ အနက်၊ အနီ၊ အညိုတွေ ခဏဖယ်ထားပါ။
နွားအဖြူဘဝနဲအဖြူဘဝနဲ့ ခေါင်းဖြတ် အသတ် ခံရလို့ကျ ခဲ့တဲ့ သွေးတွေ ပေါင်းထားမယ် တဲ့။
ချစ်သားတို့ ကမ္ဘာသေးသေးလေးမှာ ရှိတဲ့ ပင် လယ်ရေနဲ့ ကျခဲ့တဲ့ သွေးထုထည် နှိုင်းယှဉ် ရင် ဘယ် ဟာ များမလဲလို့မေးပါတယ်..။လွယ် လွယ် နဲ့ ဖြေလို့ မရဘူးနော် နက် နက် ရှိုင်းရှိုင်း တွေးပြီးဖြေကြရပါမယ်ဆို တော့ သွေးက များသွားမယ် လို့ ဖြေကြရပါတယ်..။
ဘုရားရှင်က မှတ်ရမယ် တဲ့ ဆိတ်လည်းဖြစ်ခဲ့ဘူးတယ်..။ကြက် ဘဲ ဝက်၊စသည် ဖြင့် မဖြစ်ခဲ့ဘူးသော ဘဝမရှိပါ..။
လူ့ဘဝမှာလည်းတောလမ်းမှာ သူပုန် တွေ သတ် လို့ ကျ ခဲ့တဲ့ မျက် ရည်တွေ။သေခါနီးမှာ မသေချင်ပဲသေရတော့ ကျတဲ့မျက် ရည်တွေပေါင်းထားမယ်..ဆိုရင် ကမ္ဘာသေးသေးလေးက ပင်လယ် ရေကနည်းပါသေးတယ် တဲ့..။

အဲလို များပေမဲ့ တကယ် ကျင်လည်ရတာ ကတော့ ဂဏန်းသေးသေးလေး …၃၁ဘုံပဲ ရှိတာ။စကားအရ သာ ၃၁ ဘုံနော် အနာဂါမ် ဗြဟ္မာ ကြီးတွေသာ ရောက် ရှိနိုင်တဲ သုဒ္ဓါ ဝါသ ငါးဘုံကို ဖယ် လိုက် ရင် ၂၆ဘုံမှာပဲ ကျင်လည်ရတာ ဆိုတော့အဲလို အစုန် အဆန် ပြေးသွားကျင် လည်ခဲ့ရဘူးသော ဘဝတွေထဲမှာ မဖြစ် ဘူး တာ မရှိ၊


မရဘူးတာ တစ် ခုမှမရှိဘူးတဲ့..။
မတော်ဘူးတဲ့ဆွေမျိုးလည်းမရှိ..။
မရောက်ဘူးတဲ့နေရာ မရှိ။
မမြှုပ်ဘူးတဲ့ သင်္ချိုင်းမြေလည်းမရှိ။
ဗြဟ္မာ ပြည်ဆိုတာ လည်း မဆန်း၊

နတ် ပြည် ဆိုတာလည်းမဆန်း၊
ရွှေ ငွေ ဥစ္စာ တွေ ဆိုတာ လည်းမဆန်း၊
တိုက်တာ ခြံမြေ၊ကားတွေလည်း မဆန်း

အိမ်ထောင်သားမွေးကိစ္စတွေလည်းမဆန်း၊

လူချမ်းသာ ဘဝ၊ ဘုရင်မင်းဘဝတွေလည်းမဆန်း၊
သူတောင်းစားဘဝ၊ ပါမောက္ခဘဝ ၊အနူအဝဲ အကျိုးအကန်းဘဝ၊ အချော အလှ ဘဝအကြိမ် ကြိမ် ၊ ဖြစ်ခဲ့ရတာကို သည် တရားမှ တဆင့် ပြန်သိရပါတယ်..။ ဘယ် မှာ စိတ်ကျ ကျ၊ ဘယ် လို ပုံဖော်ပြီးစိတ်ကူးတွေ ယဉ် ယဉ် ရိုးနေပြီ..။ စိတ်ကျက်စားလို့ပျော်စရာနေရာရှာမရနိုင်တော့တာ သံဝေဂဉာဏ်ဖြစ်ပါတယ်...။

ဘယ် ဘဝ ပဲ ဖြစ် ဖြစ် အိုနာ သေ နဲ့ပဲ အဆုံးသတ်ရတာ၊ နောက် ဆုံးအကုန်ထားခဲ့ရတာ..။ပင် ပန်းလှပါ ပြီ…အဲ ဒီ ဆင်းရဲတဲ့ အကြောင်းရင်းက အဝိဇ္ဖာ ကြောင့်လို့ ဟော ကြားခဲ့ပါတယ်..။
လော ကမှာတွေးချင်တာ တွေး။စိတ် ကူးကိုကြိုက် သလို ယဉ် ။ ဣဋ္ဌာရုံ၊ အနိဋ္ဌာ ရုံ မှန် သမျှ သည် အကုန် ဖြစ်ခဲ့ဘူး ပြီ..မဖြစ်ဘူးတာ တစ်ခုမှမရှိ၊ မရဘူးတာ တစ်ခုမှ မရှိ.. မရဘူးတာ နိဗ္ဗာန် တစ်ခုသာ ကျန် ပါတော့တယ်..။


အဲလို အချိန်တွေကို ထည့် မတွက် ပဲ လွှမ်းမိုးနေတဲ့ အဓိက အချက် က အချိန် နဲ့ ပတ် သက် ပြီး အထင် မှာ နေတာ..ကျွန်မတို့လက် ရှိရတဲ့ ဘဝလေးကို အကြာ ကြီးနေရအုံးမယ် ထင် နေတာ။ရှေ့လ မှာ ဘာ လုပ် မယ်၊ နောက် နှစ် အနာဂါတ် တွေ အများကြီး ပုံဖော် ထားတာ အမှား၊ အို နာ သေကို ထည့် မတွက်ပဲ ဘဝထူထောင်ရေးအတွက်ကြိုးစားနေမိ၊ အချိန်များစွာပေးနေမိ ၊အို နာ သေ က ရောက်တော့မယ်..။ တရားစခန်းလေး ၁၀ရက်လောက် ဝင်ပြီးတာ နဲ့တာ ဝန်ကျေစပါးရောင်းပြီးတဲ့ လယ် သမားလို စိတ်ချ လက် ချ လော ကီရေးတွေနဲ့ နပမ်းလုံးဘို့ကြိုးစားကြတဲ့ အထဲ မှာ ကျွန်မလည်းပါဝင်ခဲ့ပါတယ်..။

အတိတ်ကံ အတိုင်း အကျိုးပေးတဲ့အတိုင်း ခန္ဓာဝန်ကို အကျဉ်းဆုံးထားပြီး ကုသိုလ်အပြည့်အဝဆုံးနဲ့ သံသရာဝဋ်ရဲ့ လွတ် လမ်းရှာရတော့မှာအမှန်ပါပဲ..။အဲဒီ အို နာ သေနဲ့ ကံ အကျိုးပေးကို နားလည် ဘို့ ဘုရားရှင် က အဘိဏှသုတ္တန် မှာ ဟော ကြားခဲ့ပါတယ်..။

[အိုခြင်းတစ်ဖြာ ၊ နာခြင်းတစ်ထွေ
သေခြင်းတစ်ခြား၊ ကွဲပြားတစ်ဖန်
ကံလျှင် ဥစ္စာ ၊ ဤငါးဖြာကို
မကွာနေ့ည။ ဉာဏ် သက်ဝင် ၍ ဆင်ခြင် ကြ ]


ကျွန်မတို့တွေ တောထဲက တောသမင်တွေလို..တော ထဲမှာ ပတ္တမြားတွေ့ပါလျက် ကယ် နဲ့ မြက် စား ပြီးပြန်ကြတော့ မှာလား.။ကျွန်မ ကိုယ် ကို မေးဖြစ်ခဲ့တဲ့မေးခွန်းပါ..ဖြေနိုင်အောင်လည်းကြိးစားနေပါတယ် ဓမ္မမိတ်ဆွေတို့ရေ..။

3 မှတ်ချက်ရေးရန်:

ဆလိုင်း ဟံသာစန်း said...

ခုလို တရားတော်တွေကို ဝေငှတဲ့အတွက် ကျေးဇူးပါ။
ပဋိစ္စ သမုဒ်ပါဒ်နဲ့ ပက်သက်တဲ့ ရှင်းလင်းချက်ကလေးတွေ ဖတ်ချင်ပါတယ်။ စာအုပ်ထဲကဖြစ်ဖြစ် ကိုယ်တိုင် သိတာဖြစ်ဖြစ်ပေါ့။

Unknown said...

အခုလို ပြောကြားရေးထာပေးတာဝပ်သာတယ် ကျေုးဇူးတင်ပါတယ်

Unknown said...

အခုလို ပြောကြားရေးထာပေးတာဝပ်သာတယ် ကျေုးဇူးတင်ပါတယ်