Friday, February 13, 2009

Secret of Success III (သို့မဟုတ်) သက္ကော ဂုဏ် နဲ့ပြည့်စုံကြသူများ















AIT,BKK
သားသားနဲ့ မီးမီး

မေတ္တာ ပိုင်ရှင်ကြီးတွေဖြစ်အောင် ကြိုတင် ဖြည့်ဆည်းရမဲ့ အချက် ၁၅ချက် ကို ဆွေး နွေး ရေးသား နေတုံးမှာ ပဲ တိုက် ဆိုင် လှ စွာ သာဓုခေါ် ဆိုရမဲ့ သတင်း တစ် ပုဒ် ကို လက် ခံရရှိခဲံပါတယ်..။အဲဒါကတော့ AIT’ian မောင် ညီမ များရဲ့ (ဒုတိယ အကြိမ် ခင် ပွန်း ကြီး ၁၀ ပါး ပူဇော် ကန် တော့ ပွဲ )သတင်းပဲ ဖြစ်ပါတယ် ။
ကလေးတို့ ကတော့ ထင် မယ် မေမေ က AIT Community ကို သိပ် အထင်ကြီး အမွှန်းတင် တာ ပဲလို့်ထင်ကြမယ်။ ဥပမာ ပေးရရင် တော့ လူ့ ဘ၀ ကို (မနု ဿ တ ဘာဝ ၊ ဒုလ္လဘ=ရတောင့်ရခဲသောတရား) လို့ပြော သလိုပေါ့လေ..။ လူဖြစ်စေ နိုင်တော့ ကုသိုလ် ကောင်းမှု တွေ ပြု ခဲ့လို့ သာ ရခဲတဲ့ လူ့ ဘ၀ကို ရခဲ့ကြတာဖြစ်တယ်။ဒါ ကို ကျေး ဇူးတော် ရှင်မြတ် စွာ ဘုရား က လက် သည်းခွံ ပေါ်က မြေ မှုန် နဲ့ မဟာ ပထ၀ီ မြေကြီး နဲ့ နှိုင်းဆပြခဲ့ပါတယ်..။
သည် လိုပါပဲ AIT ဆို တာ က ကုသိုလ် ကောင်း မှု စုဆောင်းထား ပြီးသားရှိသူတွေ မှ ရောက်လာ ကြရတတ် တယ်။ တို့များ ကတော့ ပါရမီ နည်းခဲ့တော့ ခက် ခဲလှစွာ ဖြတ်ကျော် ရင် ဆိုင် ခဲ့ရပါတယ်..။ ပညာ သင်ဆုတွေရတယ် ဆိုတာ ဒါနပါရမီ၊ ပညာ ပါရမီ ကို်ထူး ကဲ စွာ ဖြည့် ကျင့် ပြီး သားဆိုတာ မှန်း ဆနိုင် တွေးကြည့်နိုင်သလိုပါပဲ။

ထိုင်းကို ကြွ လာ သမျှ ဆရာတော် ၊ သံဃာတော် များ ကို အနီးကပ် ပူဇော်ဆည်းကပ် ခွင့်ရကြ သလို တကယ် လည်း ပီပြင်အောင် လုပ် ဆောင် တတ်ကြပါတယ်..။ ချမ်းမြေ့ရိပ်သာ ဆရာတော် ဘုရားကြီး ဆိုရင် AIT ကျောင်းသားတွေ ဟာ လေးနက်တဲ့ အတွေးအခေါ် ကို ခံယူ နိုင် စွမ်း ရှိ တယ် လို့ ယူဆထားပြီး တရား တော် ကို မြှင့် မြှင့်ဟောရ ကြောင်း မိန့်ကြားဘူးပါတယ်..။ချမ်းမြေ့ ရိပ်သာ မှာလည်း AIT က လို့ပြောရင် တရားစာအုပ်တွေပေး ဘို့ ကူညီ ဘို့ ဆရာတော် ဘုရားကြီး က မှာ ကြား ထားတော် မူပါတယ်..။

မေမေ တို့ ကျောင်းတက် တုံးက ဆရာမကြီးဒေါ် မြင့် မြင့် သိန်း ဟာ ပထမဆုံး နဲ့ တစ်ယောက်တည်းသော မြန်မာ အမျိုးသမီး ပါမောက္ခ တစ်ဦး ပါ ။ ပုံ မှာ ပါတဲ့ ဘုရား ဆင်းတုတော် ကို ဆရာမ ကြီးတို့ မိသား စု ပူဇော် လှူဒါန်း ခဲ့ တာ ဖြစ်သလို ဆရာမကြီးရဲ့ ဦးဆောင်မှု အောက် မှာ ကျောင်းရဲ့ ဘာ သာရေးလှုပ် ရှား မှုတွေ ပီပြင်ခဲ့ ပါတယ်..။

အခုဆိုရင် မြန်မာ အမျိုး သမီး ဆရာမ ကြီး ဒေါက်တာ ဒေါ် ခင် နီနီသိန်း ဟာ AIT , Vice President အဖြစ် တာဝန် ထမ်းဆောင် နေတာ မုဒိတာ ပွားစရာ၊ ဂုဏ် ယူ စရာ ဖြစ်ပါတယ်..။ဒါတွေကို ထောက်ရှု တွေး ဆပြီး မေမေ ဆိုရင် ကိုယ် က အသက်ကြီးပေမဲ့ ငယ်ရွယ်ကြတဲ့ မေမေ့ Senior တွေကို အမြဲ ကို၊ မ တပ် ခေါ် ခဲ့ ပါတယ်..။( ဆရာမ မနီတာ၊ ဆရာ ကို ကျော် ငြိမ်းအေး၊ ဆရာကို စံဟိန်း၊ မ၀ါ၊ အကျိမသန်း ခင်၊ မဟေ၊ မပေါက်၊ ကို တင်အောင် မိုး၊ ကို ကြံ၊ကို ရှိန်၊ ကိုမျိုးထွန်း၊ကိုကျော်မိုးလေး၊ ကို ကျော် ဆန်းဦး၊ ကို ကျော်သူ၊ကိုတာ၊ မမေသူ၊ မမို့၊ မမို စသည်ဖြင့်ပေါ့လေ..။)ငယ် သော်လည်း ကိုယ့်ထက် ဒါနပါရမီ ပညာ ပါရမီ ရင့်ကျက်တဲ့နေရာ မှာ သာလွန် ခဲ့ကြတယ် မဟုတ်လား..။ AIT မှာ က Senior လက် ဆင့်ကမ်းမှ သင်ပေးပြင်ပေးမှ.. အဆင်ပြေပြေ နေနိုင်ကြတယ် ဆိုတာ ကို သိမှတ်ကျေး ဇူးတင်နေ ဖြစ်ပါတယ်..။
ပြီးခဲ့တဲ့ ၂၀၀၈ ဇုလိုင် သြဂုတ် လ တွေမှာ မေမေ ဟာ အကြောင်းတိုက် ဆိုင်စွာ..AIT မှာ ပထမ အကြိမ် ခင် ပွန်း ကြီး (၁၀)ပါး ပူ ဇော် ပွဲ ကို အတူ တကွ ကုသိုလ် ပြုခွင့်ရခဲ့ပါတယ်..။သူတို့ အားလုံးရဲ့ ကျင့် နိုင် စွမ်း ရှိသော ဂုဏ်( သက္ကော) ဆို တဲ့ ဂုဏ် ကြောင့်ပါ..။ကောင်းတဲ့ အကျင့် ရယ်လို့ ဆုံးဖြတ် နိုင်တာ တွေ..တရား ဓမ္မ ကိန်း ၀ပ် ထိုက်တန် သောအ စွမ်းသတ္တိ တွေ ရှိ နေတာ လည်း ပါတာ ပေါ့လေ..။

လက်ရှိ ဗုဒ္ဓ ဘာ သာ အသင်း ဥက္ကဌ မသက်ထားမြင့် ၊ကို မိုးသူအောင်တို့ကလည်း ပိုင်းလော့ ဆရာတော် ဘုရား ရဲ့ တပည့် တွေ ဖြစ်နေ ကြတာ.. တိုက် ဆိုင် မှုတော့မဟုတ်ပါ..။ အကြောင်းဆက်တွေ ရှိ နေပါလိမ့်မယ်။ ၀န်ထမ်း အဖြစ် တာဝန် ထမ်းဆေင် နေကြတဲ့ ဆရာမဒေါ် နွဲ့ နွဲ့ ရီ၊ မမို မိုတင်(Sirikhit International Institute of Technology)၊ ကို သောင်းထွဋ်အောင်(School of Civil Engineering)၊ ဒေါက်တာ မသန်းခင်(Shinawatra University) တို့ ရဲ့ ပါရမီ တွေဖြည့်ကျင့်ရင်း အားဖြည့် ပံ့ ပိုး ခဲ့တာ ကလည်း ၀မ်းမြောက် ဖွယ်ရာ ပါ..။
ဘာ သာရေး ကိုင်းရှိုင်းကြတဲ့ ၊ ချယ်ရီ ၊ စနိုး၊ မေဆုဟန်၊ ကို မိုးသူအောင်၊ မြတ်ဆုထွန်း၊ နေရီ၊ စံစံအိ၊သင်းနွယ် ထွေး တို့တွေကလည်း AIT မှာ အစဉ် အဆက် ထိန်းသိမ်း ခဲ့ကြတဲ့ ဗုဒ္ဓဘာသာရေး လှုပ် ရှား မှုတွေကို မျိုး ဆက် သစ် တွေ ထံ လက်ဆင့်ကမ်းနိုင်ကြလိမ့် မယ် လို့လည်း မျှော်လင့် ယုံကြည် မိပါတယ်..။ဆရာမ ဒေါက်တာ မသန်းခင် ကလည်း တူတူမ တွေကို ပြန် လည်သင်ကြား လက်ဆင့်ကမ်း ပေးမယ်လို့ စီစဉ် နေပါတယ်..။

ကောင်း သော ကျင့် စဉ်များ ကို ချက်ချင်း ခံယူ ကျင့် သုံး နိုင်သော၊ ဖြည့်ကျင့် နိုင် သော၊ အ စွမ်း သတ္တိ ရှိသော၊( သက္ကော) ဂုဏ်နဲ့ ပြည့်စုံကြပါပေတယ် ချီးကျူးရင်း နဲ့ ထပ် တူထပ်မျှ သာ ဓုခေါ် လိုက်ပါတယ်..။
သက္ကော ဂုဏ် ကို အထွဋ် တင် ပြီး ပြော လိုက်ရပေမဲ့ တကယ် တွေး ကြည့်ရင်..လွန် ကဲ တက် ကြွ သော မာန်မာန မရှိတဲ့(အနတိမာနီ) ဆိုတဲ့ ဂုဏ် လည်း ရှိကြပါတယ်..။ ရင့်ကျက်သော ဉာဏ်ပညာ ရှိခြင်း(နိပကော) လည်း ဖြစ်ကြပါတယ်..။

မာန တွေ ခံ နေခဲ့ လျင် ဖြင့် ဘာ တွေ ဆရာလာ လုပ် တာလဲ..။ ငါတို့ က သိပြီးသား လို့တုံ့ ပြန်ကြမှာ ပေါ့ လေ..။မာန ရှိနေ သရွေ့ ၊ ခံနေသရွေ့ တော့ ကျေး ဇူး တရားသိခြင်း ၊ တုံ့ဆပ်ပူဇော်ခြင်းဆိုတဲ့ အောင်မြင်ရေးသော့ချက် ဟာ ဖွင့်ရ ခက် ခဲ နေကြ လိမ့် အုံးမယ်..။ ကျေးဇူးတော် ရှင် ပိုင်းလော့ ဆရာ တော် ဘုရား ကမိန့်တယ်..၊ အပြစ်တွေ ကို ၀န်ချတောင်းပန်တယ် ကန်တော့တယ် ဆိုတာ..Computerထဲက file တွေ ကို delete လုပ် သလို လုပ် ပစ်တာ ပါ ပဲတဲ့..။ ကိုယ့် ကို ပြစ်မှားစော်ကားသူတွေကိုပါ ကျေအေး ကြရတယ် မဟုတ်လား။

ဒါဆိုရင် ကြည်လင် သန့်စင် သော စိတ်ထားများဖြင့် ဘ၀ခရီး ကို ငြိမ်အေး စွာ လျှောက် လှမ်း နိုင် ကြပါလိမ့်မယ်..။ Secret of Success I မှာပါတဲ့ ပုစ္ဆာ ၂ ခု မှ ကောင်းကျိုး များ ပြည့်စုံတဲ့ Today/Tomorrow Asian Leaders များ ၊ပညာပြည့်ဝနှလုံး လှကြသူတွေ အဖြစ် လောက အလှ ဆင်နိုင်ကြတော့မှာ ကို မြင်ယောင်ရင်း အားတက် ကြည် နူး မိပါတယ် ကလေး တို့ရေ..။

0 မှတ်ချက်ရေးရန်: