Monday, February 9, 2009

ခင်ပွန်းကြီး၁၀ပါးကန်တော့ခြင်း(Protocol)













o
o
o






ညီမ ဒေါက်တာ ဥမ္မာလင်း

ညီမ လိုပဲ Sinawatra University မှ ဒေါက်တာ မသန်းခင် ကလည်း ဘယ် လို လှူရမလဲ လို့ ဆက် သွယ် မေးမြန်းလာ တဲ့အ တွက် သူ့ကို အကြောင်းပြုပြီး အစ် မ ပထမ Post ကိုစတင် ရေးသားဖြစ်ခဲ့ပါတယ်။ ညီမ မေးတာ ကို အရမ်းကျေးဇူးတင်ပါတယ်..။ အစ်မရေးထားတာ ဆောင်ရွက်နည်းမပါဘူး ဖြစ်နေတာလေ..။ အစ် မတို့ ကျောင်းမှာ Theory တွေ သင် ပြီးပေ မဲ့ lab ထဲ မှာ စပြီးလုပ် ဘို့ Protocol ကြည့်ပြီးလုပ်ရတာ မဟုတ်လား။ အဲသလို မျှဝေဘို့ လိုတယ် ဆိုတာကို ညီမ ရဲ့ စာက နှိုးဆော် ပေးပါတယ်။ အစ်မ တို့ စာတမ်းရေး သလို မှတ်တမ်း လုပ်ထားမယ် စိတ်ကူးပြီး ရေးလိုက်ပါတယ်..။
ဆရာတော် ရဲ့ သည် ခင် ပွန်းကြီး (၁၀)ပါးကန်တော့ပွဲ တရား ဟာ မြန်မာ ပြည် မှာ MRTV 3 က ခဏ ခဏ လွှင့် နေပါတယ်..။လူတွေက လည်း တရား အရသာ တွေ့ ကြတော့ ဆရာတော့်ကျောင်း(မိုးညှင်းသိဂီ် ကျောင်၊ ၁၆ ရပ် ကွက် ၊ မြောက် ဒဂုံ)မှာ ဆို တရားစခန်းပွဲတိုင်းမှာ သစ္စာလေး ပါးတရားမဟော ခင် ညနေ မှာ ကန်တော့ရပါတယ်..။

မကန်တော့ရင် နောက် နေ့ ဟောကြား မဲ့ ခန္ဓာ ငါးပါး၊ သစ္စာလေးပါးတရားတွေ ကို သဘော မပေါက်ကြမှာ စိုးလို့ ဆရာ တော် က စီစဉ် ထားတာ ညီမရေ..။ လောကီကြီးပွားရေး သာ မက မဂ်တရား ဖိုလ် တရားတွေကို နားလည် သဘော ပေါက် ဘို့က ပို အရေးကြီးတယ် မဟုတ်လားညီမရေ..။ အခုဆို လူ တွေ များလွန်းတော့ နေရာ တနေရာ စာ ရအောင် တောင် မနည်းကြိုးစားရပါတယ်..။

ပြစ်မှားကံတွေ ဟာ မဂ် ဉာဏ် ဖိုလ် ဉာဏ် ကို တားထား တဲ့ အတွက် တရားဟော တာ ကို သဘော မပေါက်နိုင် တော့တာ ကို ဖြေဆေး ပေးလိုက်တဲ့ သဘော ပါပဲ..။

ပြစ် မှားတယ် ဆိုတာ သူတပါးရဲ့ အားနည်း ချက် ၊ ချို့ ယွင်းချက် ကို ကံ သုံးပါးမြောက် အောင်(ကာ ယကံ၊ ဝစီကံ၊ မနောကံ) တွေ နဲ့ ဖော်ပြလိုက်တာ ပါပဲ..။ အစ်မ တို့ တွေသည်ဘ၀မှာ ကော သံသရာ မှာပါ ဗရမ်း ဗတာ နေခဲ့ကြ တာ မဟုတ်လား။မနောကံ ပါတော့ စိတ် ညွှတ်တာ တောင် ကံ ကမြောက် သွားပြီ။ ဒီတော့ ပြစ်မှားကံ က ရှိနေနိုင် တာ ပေါ့ ညီမရေ..။
အခုဆို ညီမလည်း စာအုပ်တွေ၊ တရားတွေ ရရော ပေါ့ နော်။

တွေမှာ ရယူ နိုင်ပါတယ်..။အစ်မ မြန် မာ ပြည် ပြန် တိုင်း အုပ် ၂၀၊ ၃၀ ၀ ယ် ပြီး ဓမ္မ ဒါန လုပ်ခဲ့ တာ ၊ လူတိုင်း နီးပါး ကြိုက် ကြပါတယ်..။ ကံသတ္တိ အကျိုး ဆက် တွေနားလည် ပြီး ဗေဒင် ယတြာ တွေ မလုပ်ကြတော့ တာ ၀မ်းမြောက် စရာ ဖြစ်နေပါတယ် ညီမရေ..။ဆရာတော် ဘုရား က အကျိုးကို ပွားမနေရဘူး အကြောင်းကို တည့်အောင် လုပ် ရမယ် မိန့်ထားဘူးပါတယ်..။

ကျေးဇူးတော် ရှုင် ပိုင်းလော့ ဆရာတော် ဘုရားကြီးမိန့်တာ က ပြစ်မှား သူထံ ပါးမှာတိုက်ရိုက် ကန်တော့ ခိုင်းတယ်၊ အဆင် မပြေရင် ဓာတ်တော် ကိန်းရာ စေတီ တွေမှာ သွားကန် တော့ ခိုင်းတယ်..။ အစ်မတို့ ကတော့ အဝေးမှာ နေရ တဲ့ အတွက် ဓာတ် တော် ကို သွားလေရာ သယ် ဆောင် ပူဇော် ပါတယ်..။
ညီမ ကြည် ညို စိတ် ညွှတ် နိုင် အောင် ညီမ ဒေါက် တာ တင် တင် ခိုင် ပို့ထားဘူးတဲ့ သီရိလင်္ကာ ကန္နီ မြို့ မှ စွယ် တော် အစစ် ရဲ့ ပုံလေး တင် ပေးလိုက် ပါတယ် ညီမရေ..။

အစ် မ တို့ ဂေါတမ မြတ် စွာ ဘုရား က သက် တမ်း တို တဲ့ အချိန် မှာ ပွင့် ခဲ့ရတော့ ချေချွတ် ရမဲ့ ဝေနေယျ တွေ များစွာ ကျန် ခဲ့သေးတယ်၊ဒါကြောင့် သက် ရှိထင်ရှား ဘုရား အဖြစ်ပူ ဇော် ရန် ဓာတ်တော်များစွာ ထားရစ် ခဲ့တာ ဖြစ်ပါတယ်။

သက် ရှိ ထင် ရှား မြတ် စွာ ဘုရားရဲ့ ခြေ အစုံကို နဖူး နဲ့ တိုက် ပြီး တောင်းပန် ဝန် ချ ရင် အပြစ် သတ္တိတွေ ကျေစေနိုင် တာ ပေါ့ ညီမရေ..။ မြတ်စွာ ဘုရားကို တကယ် ချစ်တဲ့ စိတ်၊ အမှန် တကယ် စိတ် ဝင် စား ပြီး ၊ ပတ် ဝန်းကျင် ပျောက်လောက် အောင် မြတ် မြတ် နိုး နိုး ကန် တော့ရင် ကံ သတ္တိ တွ ပြောင်းကုန်တာ ဖြစ်ကြောင်းဆရာတော်ဘုရား ကမိန့်ကြား တော် မူပါတယ်။

အဲ ဒီ သတ္တိ တွေ ရမှ မဂ် ဉာဏ် ကို ဆောင် နိုင် သလို လော ကီ မှာ လည်းကြီးပွားရေး လမ်းတွေ အကုန် ပွင့် ကုန် တာ ပေါ့။ ချမ်းသာ တော့ အကုသိုလ် တွေနည်းကုန် လာ တာ ပေါ့လေ..။ မကျေနပ် စရာ ဒေါ သဖြစ်စရာ အားမရ စရာ တွေ နည်း လာ တော ပေါ့ ညီမ ရေ..။

ဒါကြောင့် အစ် မ ကတော့ အဖိတ်နေ့။လပြည့် နေ့၊ လပြည့် ကျော် တစ်ရက် တွေ မှာ မှန် မှန် ကန် တော့ ဖြစ်ခဲ့ပါတယ်၊ နေ့ တိုင်း မကန် တော့ တာ ကတော့ လေးလေး နက်နက် မလုပ် ဖြစ်မှာစိုးလို့ပါ..။
အဖိတ်နေ့ ညနေ တွေ မှာ ပန်း၊ သစ် သီးတွေ ၁၀ မျိုး ၊ ဖယောင်းတိုင် ၁၀ တိုင်၊ ချောကလက်၊ ကိတ် မုန့် ဝယ်ပြီး၊သောက် တော် ရေ ၁၀ ခွက် တို့ကို အာမိသ ပူဇာ အဖြစ်လှူ ပြီး အဲ ဒီနေ့ ည မှာ ကန် တော့တယ်..။
ပဋ္ဌာန်း တို့ ဓမ္မ စင်္ကြာ၊ ပရိတ်ကြီး (၁၁)သုတ်၊ အနတ္တလက္ခဏသုတ် တို့ပါ ရွတ် ဆိုပြီး ဓမ္မပူဇာ အဖြစ် ပူဇော် လိုက် တာ ပေါ့..။

ဆရာတော် ဟော တာ ကတော့ လှူ ဘွယ် များစွာ နဲ့ ကြိုက် သလို လှူ ပါ..။ အစစ် အမှန် ကြည် ညို ဘို့ သာ အဓိ က ဖြစ်ပါတယ် တဲ့..။ မနက် မှာ တော့ ခွဲ ပြီး အကုန် ကပ် လိုက် တာ ပေါ့ ညီမရေ..။
ဘုရား ကန် တော့ ငါးပါးသီလ ၊ ယူပေါ့လေ။ အစ် မ ကတော့ အာ ဇီဝဋ္ဌမ္မ ကသီလ ဆောက် တည် ပါတယ်။ ပြီးတော့ မှ ဗီဒီ ယို ခွေ ဖွင့်ပြီးကန်တော့ပါတယ်။

ရင် ထဲမှာ ကိန်းနေတဲ့ အာ ဃာတ တွေ အ ညှိုး အတေးတွေ ၊ အမုန်းတရား တွေ စာရင်းရှင်း လိုက် တဲ့အ တွက် ကြည်လင် လန်း ဆန် ပေါ့ ပါး မှုကို လက် ငင်းခံစားရပါလိမ့်မယ်။ကိုယ့် ကို စော်ကားပြစ်မှား သူတွေကို လည်း ခွင့် လွှတ် စိတ် ထားနိုင် သွားတဲ့ အ တွက် အောက် ဖေါ်ပြပါ အကျိုးကျေး ဇူးတွေကို ရရှိနိုင် သွားပါတယ် ညီမရေ..။

မူရင်းစာ အုပ် ထဲကနေ ဖြတ် ညှပ် ကပ် လုပ် ထားတယ် ညီမ ရေ..။
တက်တက် ကြွကြွ ထက် ထက် သန် သန် အောင် ပွဲ တစ် ခု ခံ လိုက် သလို ဆောင်ရွက် နိုင်ပါစေ။

0 မှတ်ချက်ရေးရန်: