Thursday, February 12, 2009

ဓမ္မရသ ဖန်တီးရှင် သား ကိုအောင်ဆွေဦး သို့

သားကိုဦးရေ..

သားရေးတဲ့ comment လေး ကို Post အသစ် တင်ရင်းဖြင့် Response လုပ်ပါရစေ..။
ဓမ္မ Web site လေးတွေတော် တော် များများကို လည်ပတ် ဖတ်ရှုရင်း တော် လိုက်တဲ့ ကလေးတွေ..ကိုယ် ငယ် ငယ် က သည် အရွယ် မှာ လဘက်ရည် ဆိုင် ချိန်ပြည့်ထိုင်၊ ကဗျာ ရူး စာ ရူး ၊တစ်ခါ တစ်ခါ ဦးတည် ချက် တွေလည်း မဲ့၊ မိုက် လည်း မိုက် ခဲ့ဘူးပါတယ်..။
အခုကလေးတွေ ရဲ့ ဘဝတွေက အဓိပ္ပါယ် ရှိလိုက်ကြတာ လို့ လှိုက် လှိုက် လှဲ လှဲ ချီးကျူး မိပါတယ်..။ ကုသိုလ် အင်အား များပြားနေသူတွေမှ သာ သည်အလုပ် ကို ပျော်ရွှင်ကြည်နူး စွာ၊ လှိုက် လှိုက် လှဲ လှဲ ထက် ထက် သန် သန် လုပ် နိုင်ကြတာဖြစ်လို့ သာသနာ တော် ကို ကာ ကွယ် စောင့် ရှောက်ကြ တဲ့ ရှေ့တန်း ခံတပ် မှူးတွေ ပဲလို့လည်း တင်စား ထင်စားဝံ့ပါတယ် ကလေး ရေ..။
သားအရင်း ရဲ့ Blog မှာ ကတော့ Romantic Feeling တွေ ပြည့်လျှမ်းနေလေတာ့ ကိုယ့် တုံး ကလိုပဲလို့ နားလည် ပေးရပါတယ် သားရေ..။

တကယ် တော့ လည်း အနမတဂ္ဂ ဘ ဝသံသရာ မှာ ဘဝ တွေက အ သင်္ချေ ပေါင်း အနန္တ လို့ ကျေးဇူးတော် ရှင်မြတ် စွာ ဘုရား ကမိန့်ကြားခဲ့ပါတယ်..။ တသင်္ချေ ဆို တာ က ၁ နောက် မှာ သုည အလုံးပေါင်း ၁၄၀ ရှိ တယ် လို့ မှတ် သားဘူးပါတယ်..။

အခု ကမ္ဘာ့လူဦးရေ သန်း ၆၀၀၀ကျော် ပဲ ရှိတာ ဆို တော့ အာလုံး ဟာ မိဟောင်း ဖဟောင်းလို့ ခံယူ ဆက် ဆံရမယ်လို့ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော် ဘုရား က သင်ကြားပေးဘူးပါတယ် ကလေးရေ..။မတော် စပ်ခဲ့ဘူးတဲ့ အမိအဖ မရှိဘူးပေါ့လေ..။အကြောင်းဆက် တွေ ရှိ နေကြ တာ ၊ ရှိနေကြမှာ အသေအချာ ပေါ့ ။ မေတ္တာ တရားမှာ ခြံစည်းရိုးခြားပြီး ငါ့ မိသားစုမှ၊ ငါ့ ဘာ သာ မှ ငါ့ လူမျိုးမှ ဆို ပြီး ကွက် ကြား မိုးရွာ ရင်တော့ စစ်မှန်တဲ့ မေတ္တာ မဖြစ်နိုင်သေးဘူးပေါ့လေ..။

သည် လို သည်လို များပြားလှတဲ့ ဘဝ တွေကို အဝိဇ္ဇာကြီး စိုး ပြီး ဖြတ် သန်းခဲ့တာ၊ ငါ့ သား ၊ ငါ့မယား၊ငါ့ ကိုယ်၊ ငါ့ ဟာ ငါ့ ဥစ္စာ ဆိုတဲ့ သက္ကာ ယဒိဋ္ဌိ အစွဲ နဲ့ တို့ များ အပါယ် လေးပါးလည်း ကျ ခဲ့ဘူးမှာ ပါပဲ ကလေးရေ..။
မေတ္တာ နဲ့ ကျေး ဇူး တရားကို သိမြင် ဘို့တော ကျေးဇူးတော် ရှင်မြတ် စွာ ဘုရား က သမုတိ သစ္စာ ကို မပယ် ခိုင်းဘူးဆို တာ သားလည်းသိမှာပါ..။
သားဆုတောင်းပေးသလို သက္ကာ ယဒိဋ္ဌိ အစွဲ ကို မဂ် ဉာဏ် နဲ့ ပယ် သတ် နိုင်တဲ့ အထိ ကြိုးစား သွား မယ် ဆိုတာ ကတော့ အခုလူ့ဘဝ ရဲ့ အန္တိ မရည် မှန်းချက် ပါပဲ..။

တရားရဘို့ ဆို တာ ကလည်း အချက် ၃ ချက် အဓိက အရေးကြီးတာ ပေါ့လေ..။
၁။ မိတ် ဆွေကောင်း
၂။ တရားနာ
၃။နှလုံးသွင်းတည့် ရမယ် ဆို ထားတော့
တို့ များ သံသရာ ခရီးသည် တွေ အတွက် မိတ် ဆွေကောင်း တွေရဲ့ သစ္စာ ဉာဏ် ရောင် ၊ဓမ္မ အလင်းရောင် တွေ ဦးဆောင် ဖွဲ့စည်းခဲ့ တဲ့အခါ.. အဝိဇ္ဖာ အမှောင် ပျောက် လွင့် သွားမှာ ကို
အသေအချာ ယုံကြည် မိပါရဲ့ ကလေးရေ..။

0 မှတ်ချက်ရေးရန်: