Thursday, February 12, 2009

သစ္စာတရားကိုဝင်းမြင့် နှင့် အဖြူရောင် မေတ္တာကိုဖိုးသားသို့

၁၉၉၈ လောက် ကမှ စပြီး ဆရာတော် ဘုရားတွေ ရဲ့ တရားတော် တွေကို နာ ယူပြီး ၊ နားရည် ဝ နေခဲ့ ရ သလို တကယ် လည်း လိမ္မာချင် စိတ် တွေ ပေါက် ခဲ့ရပါတယ်..။ စကားပြောရင် လည်း တရားတော် တွေထဲက ဥပမာ တွေကို ပြော နေဖြစ်တာ ကို ပတ် ဝန်းကျင် ကသတိထားမိကြပါတယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က ပြန်လည် ဖြန့် ဖြူး ရ လိမ့်မယ်လို့ကြိုတင် မိန့်ကြားခဲ့ဘူးပါတယ်..။အကြောင်းပြည့်စုံလာ တဲ့ တစ် နေ့ကို ရောက် ခဲ့ တော့ သည် ဘလော့လေး ကို ရေးဖြစ်ခဲ့ပါတယ်။

ကျွန်မ တို့ ကျောင်းနေတုံး ကဆိုရင် စာ စောင်ထုတ် ဘို့ဆိုတာ ဖယောင်း စက္ကူ မှာ ကညစ် လို့ခေါ်တဲ့ အပ် ချွန် ချွန် နဲ့ ဖောက် ရတာ တော် တော်လေးကို ပင် ပန်းပါတယ်..။ ပြီးမှ စာ ကူး စက်မှာ မှင် ထည့်ပြီး လှည့်ထုတ်ရတာ ၊ ကိုယ့် ကဗျာ လေးတွေ စာ လေးတွေကို မှင် အမဲ လေး နဲ့ မြင်ရတဲ့ ပီတိ က မမေ့နိုင် စရာ ပါ..။

အခု ခေတ်တော့ သည်လို ကိုယ် ဂျာ နယ် မှာ ကိုယ် ပဲ စာရေး၊ဆရာ ကိုယ် ပဲ ဒီဇိုင်းဆရာ၊ ကိုယ် ပဲ အယ် ဒီတာ၊ ကိုယ် ပဲ ထုတ် ဝေ သူ ။စာပေစိစစ်ရေးကို လည်းတင် စရာ မလိုဘူး။ ချက် ချင်းလည်းမြင်ရတာ ဆို တော့ ကျောင်းတုံးက ဗီဇ က ထက် သန် ပြင်းပြလာ တာ ပေါ့လေ..။ ဒါကလည်း အကြောင်းတစ် ကြောင်းပေါ့.။

တရား ဝေငှတဲ့ အခါ ဆရာ လုပ် သလို၊ အမိန့်ပေးသလို ပုံစံ မျိုးမဖြစ်ရအောင် ငါကပိုသိတယ် ဆိုတဲ့မာန လေသံတွေ ကင်းစင်ရလေအောင် အမေ က သားသမီးတွေကို ဆုံးမ တဲ့ ပုံစံကို ရွေးချယ် ခဲ့ရပါတယ်..။ တကယ် လည်း သား သမီး ၂ယောက် ရဲ့ အဝေးမှာနေရတဲ့ မိခင် တစ်ဦိးပါ..။

မရေးသားခင် ကို ဝင်းမြင့်တို့ ကို ဖိုး သားတို့ ရဲ့ ဆိုက် ကလေး တွေက အတုယူစရာ၊ ဆရာတင် စရာ လေ့လာ ခဲ့ရတယ် အတွက် ကျေးဇူး အများကြီး တင်နေပါတယ်..။ဖန်တီး မှု အစုစုတွေကိုလည်း သာဓုခေါ်ရပါတယ်၊ လေးစားမှု နဲ့ မှတ်တမ်းတင်ပါတယ်။

ဟို တလော က ကျွန်မ Email ထဲကို လိင် မှု ပိုင်း ဆိုင်ရာ ၊ပုံတွေ ထင်ထင် ရှားရှား ဖေါ်ပြထားတဲ့ Blog တစ်ခု ရဲ့ Link ကို ပို့တာ ခံရဘူးပါတယ်။သေချာ စစ်လိုက်တော့BCC နဲ့ လူ တွေ တော် တော် များများကို ပို့ တဲ့ ပုံ ပါ ပဲ..။ ကိုလတ်ဆိုတဲ့ မြန်မာ အမျိုးသားနံမည် နဲ့ပါ..။

နည်းပညာတိုး တက် မှု ဟာ မီးလို ပါပဲ ကောင်းကျိုးတွေ ဖြစ်စေနိုင် သလို ဆိုးကျိုး တွေ ကလည်း အားကောင်းစွာ လိုက်ပါ ကြတာ ကျွန်မ သတိပြုမိပါတယ်..။
Internet Cafe မှာ အချိန်တော် တော် များများ ကုန်ကြမဲ့ နည်းပညာ သစ်ကိုလိုက် စားကြသူ လူငယ် တွေ အ တွက် ကျွန်မ စိုးရိမ်မိပါတယ်။
Biological need ဖြစ်ပေမဲ့ လွန်ကဲ မှု ဟာ စိတ် စွမ်းအား ကိုယ် စွမ်း အား လမ်းမှားရောက် စေနိုင်ပါတယ်၊အခုလို ကျွန်မတို့တို့အားလုံးရဲ့ ကြိုးပမ်း မှု တွေဟာ၊ တစ် ချို့ တစ် ချို့သော နေရာ တွေ အတွက် မီးလျှံ ကြားကရေစင်၊ ကန္တာရကြား မှ အို အေ စစ် ဖြစ်တန် ကောင်း ပါရဲ့လို့ ဆုတောင်းရပါတယ်။
ကိုဝင်းမြင့် တို့ ကို ဖိုးသားတို့ တွေ က တော့ အဆင့်မြင့် မိုးကုတ် ဆရာ တော် ဘုရားကြီးရဲ့ တရား သံ တွေ ထုံ မွှမ်းထား တော့ ဘုန်းကံ လည်း ကြီးမားကြပါပေတယ် လို့ ထပ် မံ ၍ ချီးကျူး စကားဆို ချင်ပါတယ်.။
ပိုင်းလော့ ဆရာတော် ဘုရားကြီး ဆုံးမထား ဘူးတာ က မဂ် ဉာဏ် ဖိုလ် ဉာဏ် ဆောင် နိုင် တဲ့ အရည် အသွေးရ ဘို့ ဆိုတာ က ပါရမီ ရင့် ကျက် ပြီးသား မှ ဖြစ် နိုင် တာ ပါ တဲ့..။ဘုန်း ဆို တာ ကလည်း (ပုည =ကုသိုလ်ကောင်းမှုရှိခြင်း) ဆို တဲ့ ပါဋ္ဌိ ကနေ ပုဉ်း ဖြစ်ပြီး ဘုန်း သို့ ဆင်းသက် လာ တယ် ဆို တာ ကို ဝင်းမြင့်တို့ က ပို သိပါတယ် လေ..။
ကျွန်မ ရဲ့ Target Group က ကလေးများဖြစ်လို့ ပါရ မီ ကျင့်စဉ် များ ကသာ စတင် လိုက် ပါတယ်..။ပါရမီ ကျင့် စဉ် များ မှ တဆင့် ကြိုးပမ်းရင်း သစ္စာ ပန်းတိုင် ဆီိသို့ လျှောက် လှမ်းရမှာပါ။ ပိုင်း လော့ ဆရာတော် ဘုရားကြီးကလည်း တရား ဟော တယ်(သည် မှာ တော့ မျှ ဝေ တယ် ပေါ့လေ..။ ) ဆို တာ ကျင့် ဆဲ(သို့မဟုတ်) ကျင့်ပြီး ပုဂ္ဂိုလ် မှသာ ပြုလုပ် ပါ လို့ ဆုံး မ ခဲ့လေ တော့ ကျွန်မသည် ကျင့် ကြံ အားထုတ် ဆြဲဖစ်ပါတယ်..။
ကျင့် ဆဲ ဆို ရင် ဓမ္မ ရသ ကို ခံ စားရမယ်၊ ကျင့် ပြီး ပုဂ္ဂိုလ် ဆိုရင် ဝိမုတ္တိ ရသကို ခံ စား ရ မယ် ဆို တာ ဆရာတော် ဘုရားဟော ကြား တော် မူပါတယ်..။ အဲ သည် ဓမ္မ ရသ နဲ့ တင် မျှ ဝေ ချင် စိတ်ဖြစ် လာ ခဲ့ရတာ ပဲ ဆို ပါတော့။
ကျွန် မထက် အသက် များ စွာ ငယ် သော် လည်း ပညာ ဉာဏ် ရင့် ကျက် မှု ရှိခြင်းကို သာဓု ထပ် မံ ခေါ်ဆို လိုက် ပါတယ်..။

ရွှင်လန်း ထက် သန် စွာ ဓမ္မ ခရီး ကို
ိုကြီး မြတ်သော လုံ့လ ဖြင့်
တက်ကြွစွာဆောင်ရွက် ကြရအောင်ပါ..။

1 မှတ်ချက်ရေးရန်:

winmyint said...

မင်္ဂလာပါခင်ဗျား..
ဒီမှာ ရေးတာစာရှည်ပြီး box မဆန့်တာနဲ့ ကျွန်တော့်မျှဝေရေးသားနေတဲ့ ဆိုဒ်မှာ ရေးသားမျှဝေထားပါတယ်ခင်ဗျား...
http://thitsartayar.dhammathukha.com
လေးစားစွာဖြင့်