Thursday, February 12, 2009

မေတ္တာပါရမီဖြည့်ရအောင်.....

မေမေချစ်သော သားသား နဲ့ မီးမီး..

မေမေ က အရင်က ပြောခဲ့တာ..ပါရမီ ၁၀ပါးကို လက်ကိုင်ထားဘို့…မေတ္တာပါရမီ ကို စတင် ဖြည့်ကျင့်ရင် ပါရမီ ၁၀ပါးလုံးကျွဲကူးရေ ပါ.. ပါဝင် ဖြည့်ဆည်းရာ ရောက်တယ်လို့..ဆရာတော် ဘုရားက ဆုံးမ တော်မူပါတယ်..၊
အခုပြော မဲ့ မေတ္တာပါရမီ အတွက်တော့မေမေ က စနစ် တကျ ဖြစ်ချင်တာ နဲ့..ဓမ္မဗျူဟာ လူ ပုဂ္ဂိုလ် များ ဆိုင်ရာ ဓမ္မ စာ ပေ သင်တန်းကျောင်းက ဆရာမ ဒေါ်ခင်လှတင်ရဲ့..မေတ္တာသုတ်တော် ကျင့် စဉ် သင်တန်း အခွေကို သေချာ နာ ယူဖြစ်ခဲ့ပါတယ်..။ စင်္ကပူ www.dhammadonload.com ရဲ့ ကျေးဇူးကြောင့် အလွယ်တကူရရှိခဲ့ ပါတယ်..။

ဆရာမ ရဲ့ ဖေဖေ ဦးမြသောင်းဟာ မေမေ့ ရဲ့ ဘာ သာရေး လက်ဦးဆရာ ဖြစ်ခဲ့ပါတယ်..။ မေမေ ၉တန်းလောက် ကတည်းက..ရွှေတိဂုံဘုရားရဲ့ထီးတော် ရိပ်က ဓမ္မစာပေ သင်တန်းကျောင်းဆိုတာ.. အခုမင်္ဂလာ ဗျူဟာ အသင်း နေရာ မှာ ပေါ့..။

ဗုဒ္ဓ၀င် နဲ့ ၃၈ဖြာ မင်္ဂလာ ကို တနင်္ဂနွေနေ့တိုင်း သင်ကြားပေးခဲ့ပါတယ်..အခုတော့ အမှတ် ၃ လိုင်းကားလေးတွေပြေးတော့ သွားရတာ လွယ်နေမှာပေါ့.. မေမေတို့တုံးက..၄၈ ဘတ်စ်ကား ကိုစီး ရတယ်..။ လင့် လမ်း မှတ်တိုင် မှာ ဆင်းပြီ အာ ဇာနည် ကုန်း ကို ခြေလျင် ဖြတ်ပြီး…တက်ရတာ…အပတ်စဉ်ပေါ့..။
သင်တန်းက ကျေးဇူးများလှပါတယ်…။ ဆရာ မဒေါ် ခင်လှတင် ဟာ အဖေ့ခြေရာ နင်းနိုင်တဲ့ အပြင်..သဒ္ဓမ္မဇောတိက ဘွဲ့ တံဆိပ်ရရှိခဲ့တဲ့ သာသနာ့ အာ ဇာနည် အဘိုးတန် အမျိုး သမီး ဖြစ်နေတာ မြင်ရတော့ မေမေ နှစ်ထောင်းအားရ ၀မ်းသာ လှပါတယ်..။

မေမေ ကသားသား ၆နှစ်၊ ညီမလေး ၁နှစ်သမီးမှာ အဘိဓမ္မာ စာ မေးပွဲဖြေခဲ့ရတာ..သင်တန်းမတက်နိုင်တော့ ဆရာ ဒေါတ်တာမင်းတင်မွန်ရဲ့ တက္ကသိုလ် အဘိဓမ္မာ စာ အုပ်ဖတ်ပြီး ဖြေခဲ့ရတယ်..ဋီကာကျော် ကျတော့….ဆရာမ အသင်ကောင်းတဲ့သတင်းတွေ ကြားရပါတယ်.. ကံနည်းလို့လား..မသိ ဆရာမ ထံမရောက်နိုင်ခဲ့ဘူး..သူငယ်ချင်းတယောက် စီစဉ်ပေးလို့ ဆရာမ ရဲ့ တိတ်ခွေ..နဲ့ စာ အုပ်တွေရပြီးဖြေပြီးအောင်ခဲ့ရပါတယ်..။

တကယ်လို့ ၁၉၉၉ခုနှစ်လောက်မှာ..ဆရာမနဲ့ တွေ့ ပြီး ဗုဒ္ဓစာပေတွေ သင်ယူခဲ့ရရင် ..Biotechnology မသင်တော့ပဲ ဘ၀လမ်းကြောင်းတောင်ပြောင်းသွားနိုင်လောက်တယ်လို့ တွေးမိတယ်….ရှင်းလင်းပြတ်သားတဲ့ အသံ၊စေတနာ၊ စနစ်ကျနမှု၊ အချက် အလက် ခိုင်မာ မှု တွေကရဲရဲတောက်ပါပဲ..။

ငြိမ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော အကျိုး စီးပွား ၌လိမ္မာသော သူ သည် ဤု ဆိုလတ္တံ.သော နည်းလမ်းကိုဖြည့်ကျင်ရမည်တဲ့..။ ၁၅ချက် ရှိတယ်နော်..သေချာဖတ်ကြည့်ပါ..။
မေတ္တာ ပို့တယ် ဆိုတာ ကိုယ့်မှာ မေတ္တာတွေ စုဆောင်းထားမှ ရှိနေမှပေးလို့ရတယ်.မဟုတ်လား..ပေးဝေ နိုင်ဘို့ကော.. သူတပါးပေးတာကို ခံယူနိုင် ဘို့ကော.. ကြိုတင်ပြင်ဆင်ရမဲ့အချက်တွေ ဖြစ်ပါတယ်..။ မေမေ တစ်ချက် ချင်းဆက်ရေးသွားပါမယ်..။

(မေတ္တာ ပေး၍ မေတ္တာ မရသူ.). ဆိုတာ ကြားလို့တော့ ကရုဏာ သက်စရာ ဖြစ်ပေမဲ့..ပြန် ဆန်းစစ်ဘို့လိုအပ်လှပါတယ်..သည်အချက်တွေဟာ ချိန် ထိုးလို့ရတဲ့ အချက်တွေပါပဲ..ကလေးတို့ရေ..။သည် အချက်ထဲက ညွှန်ပြထားတာတွေ နဲ့ကိုယ်က ညိနေရင်တော့ သူများထံမှ မေတ္တာခံယူဘို့မလွယ်လှသေးဘူးပေါ့..။ကလေးတို့လည်း စစ်ဆေးကြည့်ပါအုံး..လေ..။

မေမေ ဗီဒီယိုထဲက နေ မူရင်းအတိုင်း မျှဝေလိုက်ပါတယ်..။
ငြိမ်းအေးသောနိဗ္ဗန်သို့ ဉာဏ် ဖြင့်သက်ဝင် ၍ နေလိုသော အကျိုးစီးပွား ၌ လိမ္မာသော သူသည် ဤဆိုလတ္တံ.သော နည်းလမ်းကို ဖြည့်ကျင့်ရမည်..။
မေတ္တာပေးဝေလိုသူတွေကော..မေတ္တာ ခံယူလိုသော သူများအတွက်ကြိုတင် ဖြည့်ကျင့်ရမည့်အချက် ၁၅ချက်ရှိ ပါတယ်..။

၁။သက္ကော=ကျင့်နိုင်စွမ်းရမည်။

၂။ ဥဇု=ကိုယ်နှုတ်ဖြောင့်မတ်ရမည်။

၃။ သုဟုဇု=စိတ်နေစိတ်ထားကောင်းစွာဖြောင့်မတ်ရမည်..။

၎။သုဝစော=ဆိုဆုံးမလွယ်ရမည်။

၅။ မုဒု=စိတ်ထားနူးညံ့သိမ်မွေ့ရမည်။

၆။ အနတိမာနီ=လွန်ကဲတက်ကြွသောမာန်မာန မရှိရာ။

ရ။ သန္တုဿကော=ပစ္စည်းလေးပါး ၌ ရောင့်ရဲလွယ်ရမည်။

၈။ သုဘရော= မွေးမြူလွယ်ရမည်(သူတစ်ပါးအပြုစုမခက်စေရ)

၉။ အပ္ပကိစ္စော=အမှုကိစ္စနည်းပါးရမည်(အပိုအလုပ်တွေနည်းရမည်)

၁၀။ သလ္လဟုက၀ုတ္တိ=၀န်ကျဉ်းပေါ့ပါးသောအသက်မွေးမှုရှိရမည်။

၁၁။ သန္တိန္ဒြိယော=ငြိမ်သက်သော ဣနြေ္ဒရှိရမည်။

၁၂။ နိပကော=ရင့်ကျက်သောပညာရှိရမည်။

၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံးကြမ်းတမ်းခြင်းမရှိရာ။

၁၄။ ကုလေသွ နနုဂိဒ္ဓေါ=ဒါယကာတို့၌တပ်မက်မှုကင်းရမည်(ဆရာစွဲ၊ ဒကာစွဲ၊လူမျိုးစွဲကင်းရမည်)

၁၅။ နစခုဒ္ဒ မာစရေ ကိဉ္စိ ယေန ၀ိညူပရေ ဥပ၀ဒေယျုံ=ပညာရှိတို့ကဲ့ရဲ့စွပ်စွဲနိုင်မည့်ဒုစရိုက်မှုကို စိုးစဉ်းမျှ အနည်းငယ်မျှ လည်းမပြုမကျင့်ရာ။

1 မှတ်ချက်ရေးရန်:

Aung Nursery said...

ဖတ်သား လိုက်နာ စရာတွေ နဲ့။ တရားနာချင်ရင် အဆင်သင့် ဖြစ်စေတဲ့ နေရာလေးပါ ခင်ဗျား။