Friday, February 20, 2009

ရင်ဆိုင်ကြအုံးစို့

မေမေ ချစ်သော သားကြီးကိုဥဂ္ဂါ...

အရာရာ ဟာ ဖြစ်သင့်လို့ဖြစ်တာချည်းပဲ.. မဖြစ်သင့်ပဲဖြစ်နေတာ တစ်ခုမှမရှိဘူးတဲ့ သားရေ..။ တစ် ခါက သောတာပန်ရဟန်းတစ်ပါး ဟာ.. နံနက် မိုးလင်း ရေကန်နားမှာ မျက်နှာ သစ်နေတုံး သူခိုးတစ် ယောက်က ခိုးရာပါပစ္စည်း ကို နံဘေးနားချပြီး ထွက်ပြေးသတဲ့..။

နောက် က ဖမ်းဘို့ရောက်လာတဲ့ မင်းချင်းတွေက ပစ္စည်း ထုပ် နဲ့ လက်ပူးလက်ကြပ်မိတယ်ဆိုပြီး...ဝိုင်းရိုက်ကြတာ..သေပါလေရော..။ ဒါကိုမကျေနပ် တဲ့ သံ ဃာ တချို.က ဘုရားထံ သွားလျှောက်ကြတယ်..။မတရားဘူး..မတရားသဖြင့် ခံရတယ်ပေါ့..။

မြတ်စွာဘုရားက ပြန်ပြီးအတိတ် ကိုဆောင်ပြတယ်..။ ယခုဘ၀မတိုင်ခင် ဘ၀တစ်ခုမှာ..လှည်းသားတွေကို အုပ်ချုပ်တဲ့ သူဖြစ်ခဲ့တယ်တဲ့..။စခန်းချတဲ့ နေရာ တစ်ခုမှာ တစ်နေ့တော့..ခိုးပြေးလာတဲ့စုံတွဲတစ်တွဲ ရောက်လာပြီး..ခိုကိုးခွင့်တောင်းကြတယ်..။

လှည်းသူကြီးက မကြံကောင်း မစည်ရာ..၊ မိန်းကလေးကို တပ်မက်တော့...မတရားသဖြင့်လိုချင်လာရော..။ညတွင်းချင်း အဘိုးတန်ပစ္စည်း သူတို့ လှည်းမှာ သွား ဖွ က်ထားပြီး..သူခိုးရယ်လို့ စွပ်စွဲ ရိုက်နှက်..သတ်ပစ်ပြီး မိန်းကလေးကို သိမ်းပိုက်ခဲ့တယ်..။ အဲဒီအကြောင်းကံရဲ့ အကျိုးဆက်တွေ.. လို့ မြတ်စွာဘုရားရှင်က ဆောင်ပြတော်မူခဲ့တယ်..။

ကံ ကံ၏ အကျိုးပေးကို နားလည်တဲ့ ကမ္မဿ ကတာ သမ္မာဒိဌိ ဉာဏ် ရရှိ ခဲ့ပြီဆိုရင်..တစ်လောကလုံး အမြင်တွေ ရှင်းကုန်တယ်..။ အပြစ်တင်စရာ..မရှိတော့ဘူးပေါ့..။ အကျိုးပေါ်လာရင် အကြောင်းကိုဆင်ခြင်ဘို့ ဆရာတော်ဘုရားဟောကြားခဲ့ ပါတယ် ကလေးရယ်..။ မေမေတို့လည်း အတိတ်မှာ မှားခဲ့တာ တွေရှိမယ် သားရေ..။ ခံစား စံစား ရတာတွေ မှန် သမျှ ၀ဋ်ကြွေးကျေအောင် ဆပ်ဘို့အခွင့် အရေးပေးတာလို့ မှတ်ယူပါတယ်။ ကျေအောင် ဆပ်ကြတာပေါ့..သားသားရေ..။

သားသား နှလုံးခွဲရမယ် ဆိုတဲ့ သတင်းကို လက်ခံရရှိ ချိန် မှာ မေမေ ဟာ..သာသနာ့နယ်မြေတစ်ခုဖြစ်တဲ့ စင်္ကပူ ဓာတ်တော်တိုက် မှာ ရှိနေခဲ့ပါတယ်..။ တစ် ခြားနေရာမှာ ဆို..မွှေနှောက်ချောက်ခြား လွင့်ပါး ပျောက် ကွယ် သွားမတတ် ခံစားခဲ့ရမှာပါပဲ..။

ကျခဲ့တဲ့ မျက်ရည်တွေ..ပူပင်သောကတွေ..၊ ငါ့သားမှဖြစ်ရလေခြင်းဆိုတဲ့ ဒေါသတွေ၊.ဝေဖန်ဆင်ခြင်နိုင်စွမ်း မဲ့ခြင်း ဆိုတဲ့ မောဟတွေပြည့်လျှမ်းခဲ့ရပါတယ်..။
သားသားနှလုံးမခွဲခင် မေမေ့နှလုံးသည်းပွတ် ကို အရင် ခွဲထုတ် ယူငင်သွားခဲ့သလိုပါ သားရေ..။ (ရင်အုပ်မကွာ) ဆိုတဲ့ မိခင်ရဲ့အရည်အသွေး မပြည့်မီလေသော..မိန်းမတစ်ယောက်ပေါ့သား။

(မိမိသာ လျင် ၊မိမိ၏ ကိုးကွယ်ရာ အစစ်ဖြစ်၏။မိမိမှ တစ်ပါး ကိုးကွယ်ရာ မရှိ၊ မိမိကိုယ် ကို ကောင်းစွာ ဆုံးမ မှ ကိုးကွယ်ရာ ၏၊)
သူတစ်ပါး တို့ နတ်ရွာ မဂ် ဖိုလ် ရသည်ကို မိမိတောင်းယူ၍ မရကောင်း ၊မိမိ ကိုယ် တိုင် ကျင့်ကြံအားထုတ်မှသာရနိုင် မည်၊ သူတစ်ပါးကမည်သို့မှ မတတ်နိုင်။
ဆိုတဲ့ ဒေသနာတော် ကို မေမေတို့ရဲ့ကျေးဇူးတော်ရှင် မြတ်စွာဘုရား ကဇေတဝန်ကျောင်းမှာ ကုမာရကဿပ မယ်တော် ကို ဆုံးမရင်းဟောကြားခဲ့ တာကိုမေမေပြန်သတိရမိပါ တယ်သား ရေ။ မဂ်ဖိုလ် နိဗ္မာန်ကို ကြိုးစား ဘို့ ဘိက္ခူနီမ ဝတ်ခဲ့ပေမဲ့ လူ့ဘဝက ပါလာ တဲ့ သန္ဓေ သားလေးကို မွေးပြီးကတည်းက တရားမေ့ပြီး မျက်ရည် ပင်လယ် ဝေခဲ့ရ တဲ့ အမေ တစ်ယောက် ပေါ့..။

ရဟန်းဝတ်သွားတဲ့ သားကိုတမ်းတတဲ့မျက်ရည် ၁၂ နှစ် တာ ပတ် လုံး ပူလောင် လိုက်တာ.. မေမေ ထပ်တူထပ်မျှ ခံစားလို့ရပါတယ် သားရေ..။မျက်ရည် အလူးလူး နဲ့ အရူးမီးဝိုင်း သား- သား- သား ဆိုပြီးအော် ဟစ် လဲကျ ခဲ့ရတယ် ဆိုတဲ့ အမေ တစ်ယောက်ရဲ့ နှလုံးသားကို လည်း ရာနှုန်းပြည့် ခံစား နား လည်ပါ တယ် သား ရယ်။

( သင်သည် ချစ်ခြင်းကို ဖြတ်တောက် ခြင်းငှာ မစွမ်းနိုင်ပါသလော) လို့အေးစက်ပြတ်တောက်တဲ့ စကားကို သားရဟန်းက ဆိုတဲ့ အခါ..အဲဒီနေ့မှာပဲ အရဟတ္တဖိုလ် တည် ခဲ့တာ ကို မေမေ ကောင်းကောင်း အမှတ်ရ တာ ပေါ့ သားရယ်..။
ကျေးဇူးတော် ရှင် မြတ်စွာဘုရား သက်ရှိထင် ရှား ရှိခဲ့ရင်..( တပည့်တော်မအား နှလုံးရောဂါ အစား အေးစက် ပြတ်တောက်သော စကားတစ်ခွန်း ရရှိ အောင် ဆောင်ကျဉ်းပေးပါ) လို့ရှစ်ခိုးတောင်းပန် မိမလားပဲ ကလေးရေတစ်ရက်ကြာမှမေမေ ပြန်ဘို့စီစဉ်ရင်းတည်ငြိမ် လာခဲ့ပါတယ်..။
လေယာဉ်က ဆင်းဆင်းချင်း မန္တလေးကို ဆက်တက်ခဲ့ရတာ...ပိန်ချုံးနေတဲ့ သားကိုကြည့်ပြီးမေမေ ကိုယ့်ကို ကို ခွင့်မလွှတ်နိုင်ခဲ့ဘူး..။ ညကခရီးပန်းခဲ့ပေမဲ့ မေမေ ကိုယ်တိုင်သွေးဖေါက်လှူ ပေးဘို့ စီစဉ်ပါရစေသား..။ကံအားလျော်စွာ အကြောင်းညီညွတ်ခဲ့တော့ မေမေ့ သွေး ဟာ မနက်ဖြန်ခွဲမဲ့ သားအတွက်..လုံလောက်ပါတယ်တဲ့ အဖြေကိုရတော့မေမေ စိတ် အေးရပါတယ်..။

ခဏသာ နားပြီး..ညတိုင်းမေမေသားနဲ့အတူ စောင့် အိပ်ရင်း ..သားရောဂါကို မေမေလေ့လာ ခဲ့ပါတယ် သား
Rheumatic heart disease is a condition in which permanent damage to heart valves is caused
by rheumatic fever. The heart valve is damaged by a disease process that generally begins
with a strep throat caused by streptococcus A bacteria that may eventually cause rheumatic
fever.
Streptococcus Bacteria infection ဖြစ်ပါတယ်..နှလုံးရဲ့ အဆို့ရှင် heart valve ကို တိုက်ခိုက်
ပိတ်ဆို့တာပေါ့..သာမာန်လူတွေ ၅စင်တီ ရှိတယ်..သားသားမှာ က ၁ စင်တီသာ ကျန်တော့လို့ ခွဲ ပြီးချဲ့ရတာ
ပါသား..။သူက အစားအသောက်တွေကတော့ မကူးစက်နိုင်ဘူး..။ သွားပွတ်တံ၊ ခေါင်းအုံးစွပ်
၊အမြဲတမ်းသုံးတဲ့အသုံးအဆောင်တွေကတဆင့် ကူ စက်စေနိုင်တယ်..။

Strep throat is caused by Group A streptococcal infection (GAS), specifically the bacterium
Streptococcus pyogenes It is spread by direct, close contact with an infected person via air-based germs.In addition, it may be spread through contamination of pillow cases, toys, toothbrushes and other often-used materials. Rarely, contaminated food, especially milk and milk products, can result in outbreaks.

မေမေမှာချင်တာက ဘယ်သူကိုမှ အပြစ်မ တင်တဲ့ အေးချမ်းတဲ့ စိတ်ကိုထားပါ..
ဆေးလိပ် ၊ အရက် ၊ကော်ဖီ ၊ လဘက်ရည် လုံဝမသောက်ပါနဲ့..။စာမှာက (Tobacco product)အကုန်ရှောင်ရမယ်။ကွမ်းစားတာ လည်း ပါပါတယ် ကလေးရေ..။
အဟာရပြည့်တဲ့ အစား အသောက် ကို စားရမယ်..ငါး၊ အသား၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စားပါ သား။
ကိုယ်လက်လှုပ်ရှား မှု ရှိပါစေ..။ ကွန်ပျူတာ အင်တာနက် ချည်း ထိုင်မလုပ်ပါနဲ့ ကလေးရေ..။
ရွှေတိဂုံ ဘုရားတက် ဘို့ အကြံပေးချင်တယ် သား..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ကျောင်းမှာ ကျင်းပပြုလုပ်တဲ့ ခင်ပွန်းကြီး ၁၀ ပါး ကန်တော့ပွဲ ကို အမြဲ သွားရောက် ကန်တော့ပါ..သား..။

ခရီးကြမ်းတွေ..၊ ဖုံထူတဲ့ နေရာ ၊ လူထူတဲ့ နေရာ မသွားပါနဲ့ ဆေးမှန်မှန်သောက်ပါသားရေ။
မေမေက သည်မှာ စုံစမ်းတော့ အဆို့ရှင်ကို အစားထိုး ခွဲစိတ်နိုင်တယ်တဲ့.. ။
မေမေ့ရဲ. မိခင်ဘ၀တာဝန်ကျေပြွန်မှု တစ်ခုဖြစ်စေရပါမယ် သားရယ်..။သည်တစ်ခါတော့....

မေမေတို့ အံမကြိတ်ဘူး..လက်သီးမဆုပ်ဘူး.. တောက်မခေါက်ဘူး..မျက်ရည်မထွက်ဘူး..။

စိတ်ကြည်လင် စွာ
အေးချမ်း ငြိမ်သက်စွာ
ရဲရင့်ပြတ်သားစွာ...
ရင်ဆိုင်ကြတာပေါ့..သားသားရေ..။

4 မှတ်ချက်ရေးရန်:

winmyint said...

ကျေးဇူးတော် ရှင် မြတ်စွာဘုရား သက်ရှိထင် ရှား ရှိခဲ့ရင်..( တပည့်တော်မအား နှလုံးရောဂါ အစား အေးစက် ပြတ်တောက်သော စကားတစ်ခွန်း ရရှိ အောင် ဆောင်ကျဉ်းပေးပါ) လို့ရှစ်ခိုးတောင်းပန် မိမလားပဲ ကလေးရေတစ်ရက်ကြာမှမေမေ ပြန်ဘို့စီစဉ်ရင်းတည်ငြိမ် လာခဲ့ပါတယ်..။
===
မင်္ဂလာပါခင်ဗျား..
မြတ်စွာဘုရားရှင်၏ နောက်ဆုံးစကားဖြစ်တဲ့...
”သင်္ခါရတရားသည် ပျက်တတ်တယ်၊ သတိနဲ့ကြည့်” ဆိုတဲ့စကားက မလုံလောက်ဘူးလားဗျာ..ဒီစကားက လေးအသေင်္ချနှင့် ကမ္ဘာတစ်သိန်းလုံး၊ ပြီးတော့ ၄၅ ဝါလုံး တရားတွေဟောပြီးမှ အနှစ်ချုပ်ဖွင့်ဟထွက်လာတဲ့ မြတ်စွာဘုရားရှင်၏ တကယ့်နောက်ဆုံး ပြောတဲ့စကားပါ...တကယ့် အနှစ်ကလေး၊ တကယ့်အရသာကလေး တကယ့်အရေးကြီးဆုံးလေးကို ဉာဏ်တော်နှင့်ရွေးချယ်သီကုံးပြီးတော့ ပန်းလေးတစ်ကုံးကဲ့သို့ ပေးသွားတာပါ...ဒီပန်းကုံးသည် ပန်သူတိုင်းကို တင့်တယ်ပါတယ်...ဤသို့ နောက်ဆုံးပြောတဲ့ ဒီစကားကို ကောင်းစွာနာယူခံယူ၍ အစဉ်မပြတ် တဖျတ်ဖျတ် ပြနေတဲ့ သင်္ခါရကို သတိမလတ် ပညာနဲ့ကြည့်တတ်ရင်ဖြင့် အချိန်မလင့်ပါ လိုရာခရီး ဒုက္ခချုပ်ငြိမ်းတဲ့ဆီကို ရောက်မှာ အမှန်သာဖြစ်ပါတယ်နော...
လေးစားစွာဖြင့်
ဝင်းမြင့်

Unknown said...

အန်တီရေ..
ခန္ဓာရထားတဲ့ သား တို့တွေသည် အိုခြင်း၊ နာခြင်း၊ သေခြင်းတွေကို မလွဲရှောင်သာပဲ ရင်ဆိုင်တွေ့ကြုံရမှာပါ။ ဒီခန္ဓာကို ကျန်းမာအောင်၊ ရပ်တည်နိုင်အောင်၊ နေထိုင်နိုင်အောင် ပြုပြင် စီရင်ပေးနေရသလို တန်အောင်လည်း ခိုင်းသင့်တယ်လို့ သတိရလိုက်မိတယ်။ လိုချင်တဲ့ သံသရာ တဖက်ကမ်းကို ကူးတဲ့ နေရာမှာ ဖောင်သဖွယ် အသုံးချရာမှာပဲလို့ ထင်မိပါတယ်။

မိခင်မေတ္တာကို ထင်မြင်စေပါတယ် အန်တီ။

ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာပါစေ...

ခင်မင်လေးစားစွာဖြင့်..
အောင်ဦး

Unknown said...

တီတီ တအားခံစားနေရလား... အမေ့ကိုတောင် သတိရလာတယ် တီတီရာ.. သားအမေ့ကို ဟိုတစ်ခါ နောက်ဆုံးစကားပြောခဲ့တုန်းက နည်းနည်း ရင့်ရင့်သီးသီး ပြောလိုက်မိတယ်.. အဲဒါကလည်း အမေ့အတွက်ပါ... အမေက သားအပေါ် တအားသံယောဇဉ်ကြီးတယ်လေ... အဲဒါကို သားကကြောက်တာ ... အမေသေရင် အဲဒီသံယောဇဉ်အစွဲက အပါယ်ကိုပို့မှာလေ... ဒါကို သားမြင်တော့ အမေသားကို အဲဒီလောက် စိတ်ပူမနေပါနဲ့... သားလည်း အမေ့ကို စိတ်မပူဘူး.. နောက် ဖုန်းလည်း ဆက်ချင်မှ ဆက်တော့မယ်... အမေ သားအရင်ပြောပြထားတဲ့ တရားသဘောလေးတွေ နှလုံးသွင်းပြီးသာ နေပါ... စသဖြင့်ပေါ့ တီလေးရာ... အဓိကကတော့ သားအပေါ် အမေသံယောဇဉ် တဖြေးဖြေး နည်းလာအောင် ရည်ရွယ်တာပါပဲ... ဒါပေမယ့်လည်း အဲလို လုပ်လိုက်တာက အမေ့အပေါ် မတရားရာ ကျသွားမလားပဲ... ဒါပေမယ့်လည်း သားဒီအတိုင်းပဲ ဆက်နေလိုက်တယ်... အဲလိုအမေ့ကို ပြောပြီးကတည်းက သားအမေနဲ့ စကားမပြောဖြစ်သေးဘူး ဒီနေ့ထိ... အမေ့ကို မချစ်လို့မဟုတ်ပါဘူးတီလေး သားဒီလိုလုပ်တာ.. တအားချစ်လို့ပါ... တီလေး တီလေးသားအပေါ်ထားတဲ့ မေတ္တာတွေ မြင်ရ ကြားရ ဖတ်ရတော့ အမေနဲ့ နှိုင်းယှဉ်ပြီး အမေ့မေတ္တာတွေကို သတိရ တမ်းတတယ် တီလေးရာ... သားအမေလည်း တီတီ့လို ဘာသာရေး အသိလေးတွေ ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ တီလေးရာ… မျက်ရည်တောင် ကျလာတယ် ရေးရင်းနဲ့… သား ကိုဝင်းမြင့် ဆုံးမစကားလေးတွေနဲ့ အမေ့ကို ပြောပြထားပေမယ့် အမေဆိုတော့လည်း သားအပေါ်စွဲတဲ့ အစွဲက မသေးဘူး တီလေးရယ်…

ဒါတွေပြောလို့ တီလေးလည်း စိတ်မကောင်း ဖြစ်နေဦးမယ်... ထားလိုက်ပါ... ဒီအတိုင်းလေးပဲ ကောင်းပါတယ်... အမေတဖြေးဖြေး စိတ်ငြိမ်လာမှာပါ...

တီလေးကျန်းမာပါစေ...

လေးစားစွာဖြင့်
ဖိုးသား

The Bliss Of Emancipation said...

အစ်မရေ

အစ်မရဲ့ ဒီပို့ စ်လေးကို အခုမှဘဲဖတ်ဖြစ်ပါတယ်။ အစ်မကို ကျွန်တော်လည်း မိတ်ဆွေတစ်ယောက်အနေနှင့် တစ်ခုခုတော့ ကွန်မန့် ပေးချင်လာလို့ ။ အစ်မလည်း ဓမ္မလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ဦးဘဲဆိုတော့ မိမိကိုယ်ကို ထိန်းသိမ်းဆုံးမနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပြီးသားပါအစ်မ။ ကိုယ်တိုင်က မိခင်တစ်ယောက်မဟုတ်တဲ့အတွက် မိခင်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အ၀မသိနိုင်ပေမဲ့  တော်တော်လေး နီးနီးစပ်စပ်တော့ ကိုယ်ချင်းစာပြီးတော့ ခံစားပေးနိုင်ပါတယ်အစ်မ။

တခါတလေ ဘ၀မှာ ကောင်းတာတွေကို ရည်ရွယ်ချက်ရှိရှိနှင့် လုပ်နေပါပြီဆိုတော့မှ အကြောင်းကြောင်းတွေနှင့် စိတ်ဆင်းရဲ၊ စိတ်ညစ်စရာတွေ၊ အကုသိုလ်အာရုံတွေ ၀င်လာတတ်ကြပါတယ်။ နောက် ဘာမဟုတ်ဘဲလုပ်မိတဲ့ အကုသိုလ်သေးသေးလေးတွေကလည်း အချိန်အကြာကြီးမဆိုင်းဘဲ ကိုယ့်အပေါ်ပြန်ပြီ အကျိုးသက်ရောက်မှု၊ ၀ဋ်လည်တာတွေ ချက်ချင်းဆိုသလို ဖြစ်လာတတ်ပါတယ်။ အဲဒီအခါတွေကျရင် ဘာလို့ ငါ့ကျမှ ဒါမျိုးဖြစ်ရတာလဲ (Why Me?) ။ ငါလည်း မဟုတ်တာကြီးကြီးမားမား မလုပ်မိဘဲနှင့် ဆိုတဲ့ အတွေးမျိုး ၀င်မိတတ်ပါတယ်။

အဲဒီလိုဖြစ်တာတွေကို ကျွန်တော် ဆရာတော်တစ်ပါးကို လျှောက်ကြည့်တော့ သံသရာကျုံ့ သွားတဲ့သဘောလို့ ပြောပါတယ်။ ခံစရာရှိတာတွေ သံသရာမှာ တော်တော်ကြာမှ ဖြစ်မယ့်သက်ရောက်မှုတွေ လက်တလောဘဲ ဘ၀မှာတင် အကျိုးပေးလိုက်ခြင်းဖြင့် ၀ဋ်ကြွေးဆပ်လိုက်တဲ့သဘောလို့ ဆိုပါတယ်။ ဒီတစ်ခါဖြစ်ပြီး ပြီးပြီလို သဘောမျိုးပေါ့။ အဲဒီလို အာရုံတွေ၊ အကျိုးသက်ရောက်မှုတွေဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ဟာ ကိလေသာတစ်ခုခုနှင့် မတုံ့ ပြန်တော့ဘဲ တရားအသိ၊ တရားသတိလေးနှင့် နေလိုက်နိုင်ဖို့  အရေးကြီးမယ်ထင်ပါတယ်။ ပြောသာပြောရတာပါ။ တကယ့်လက်တွေ့ မှာ ဒီလို တရားနှလုံးသွင်းပြီးနေဖို့ ဆိုတာ မလွယ်ကူပါဘူး။ တရားနှင့် အမြဲနေနေကျမဟုတ်ခဲ့ရင်တော့ အလူးအလဲခံရတာပါဘဲ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ လုံးဝတရားမသိတဲ့သူထက်စာရင်တော့ ကိုယ်ကအများကြီးခံသာသေးတာပေါ့။

နောက် ကျွန်တော်ဆိုရင်ပေါ့။ ငါလုပ်ချင်ရင် ငါဖြစ်ချင်ရင် ဘာမဆိုဖြစ်အောင်လုပ်လို့ ရတယ်ဆိုတဲ့ စိတ်မျိုးရှိတယ်။ အဲဒီလိုလူမျိုးအတွက် အနတ္တက ကောင်းကောင်း သင်ခန်းစာပေးပါတယ်။ ဘာမှအစိုးမရ၊ အလိုသို့ မလိုက်၊ သူ့ သဘောသူဆောင်ဆိုတာတွေနှင့် ကိုယ့်ကို သဘာဝတရားကြီးက ကပြအသုံးတော်ခံပါတော့တယ်။ ကဲ...ဘယ်လိုရှိစ၊ မင်းလုပ်ချင်တိုင်း လုပ်လို့ ရမလားလို့  မေးနေသလိုပါဘဲ။ နောက်ဆုံးတော့လည်း ဖြစ်လာတဲ့ အခြေအနေတွေပေါ်မှာ အသင့်အတင့်နှလုံးသွင်းရင်းနဲ့ ဘဲ ကိစ္စတော်တော်များများကို ဖြတ်သန်းရတော့တာပါဘဲ။

နောက်တစ်ခုက ငြိတွယ်မှုတွေပေါ့။ ငြိတွယ်မှုများလေ၊ ကိုယ့်ကို ပိုဆင်းရဲစေလေပါဘဲ။ တင်းနစ်ဘောလုံးတစ်လုံးကို နံရံကို ပစ်ပေါက်သလိုပါဘဲ။ ကိုယ်ကပစ်ပေါက်လိုက်တဲ့အားများလေ ကိုယ့်ဆီပြန်လာတဲ့ အရှိန်များလေပေါ့။ နောက်ဆုံးတော့ ငြိတွယ်မှုတွေကို တတ်နိုင်သလောက် လျှော့လိုက်တော့မှဘဲ ကိုယ့်မှာ နည်းနည်း ခံသာသွားတော့တယ်။

မိုးကုတ်ဆရာတော်ကြီးကတော့ အာရုံတိုင်းကို ဖြစ်ပျက်မှတ်ပစ်လို့ ဟောထားတာဘဲ။ သားအာရုံ၊ သမီးအာရုံ၊ ပစ္စည်းအာရုံ၊ ဘာအာရုံဘဲလာလာ ဖြစ်ပျက်မှတ်လို့ ဆိုထားပါတယ်။ ဥာဏ်အားကောင်းတဲ့ အချိန်တစ်ခုမှာတော့ မှတ်နိုင်ဖို့ ကမခဲယဉ်းပင်မဲ့ အဲဒီလို အားကောင်းတဲ့အချိန်မျိုး ကိုယ့်ဆီမှာ အချိန်မရွေး ရှိနေဖို့ ကတော့ တော်တော်လေး လေ့ကျင့်ယူထားမှ ရမှာပါ။ ဒါတွေကတော့ အစ်မလည်း သိပြီးသားဖြစ်မှာပါ။

ကျွန်တော့် လက်စွဲတော်ဓမ္မဆေးကို အစ်မကို မျှဝေရရင်တော့ အဘိဏှသုတ်ပါဘဲအစ်မ။ ကျွန်တော် အဲဒီသုတ်တော်ကို တော်တော်လေး နှလုံးသွင်းဆင်ခြင်ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာဘဲဖြစ်ဖြစ်၊ ကိုယ်ချစ်ခင်သူတွေဘဲဖြစ်ဖြစ် တစ်နေ့ မဟုတ်တစ်နေ့  ကိုယ်ကစပြီး မခွဲရင် သူတို့ က စပြီး ခွဲသွားမှာဘဲ။ ခွဲတာတော့ ခွဲကြရမှာဘဲ။ အနှေး၊ ဒါမှမဟုတ် အမြန်။ ဒါ Absolute Truth ဘဲလေနော်။ ဘယ်သူ ရှောင်လို့ လွတ်မှာလဲ။

နောက်တော့ အနတ္တတရားကို ဆင်ခြင်ဖြစ်ပါတယ်အစ်မ။ စိန္တာမယနှင့်ဘဲဖြစ်ဖြစ်၊ ဘာဝနာမယနှင့်ဘဲဖြစ်ဖြစ်။ တစ်ခုခုနှင့် ဆင်ခြင်လိုက်ခြင်းနှင့်ဘဲ သက်သာရာ ရှာပြီးနေရတာဘဲအစ်မ။

တကယ်တော့အစ်မရယ်။ ဘ၀ဆိုတာ မွေးလာကတည်းက ဒုက္ခသစ္စာဘဲမဟုတ်လား။


မေတ္တာဖြင့်
ဝိမုတ္တိသုခ