Thursday, February 4, 2021

ကိုယ်၏ မမျှော်လင့်တတ်သော


အရာရာ အကြောင်းညီ ညွတ် မှ ဖြစ်မယ် တဲ့..။
စိတ်ကို အရှင်ထား ပါတဲ့။
ဖြစ်စေချင်သော ဆန္ဒ သည် ဥပါဒါန် ဖြင့်ခိုင်ခန့်လေလေ…
ဖြစ်မလာ တဲ့အခါ ပူဆွေးရလေလေ ဆိုတာ …
သိခဲ့ ကြုံ ခဲ့ ရလေတော့ ...
ဘယ်..ကိလေသာ ကို မှ ဖြစ်ခွင့်မပေး လိုတော့....ပါ..။
ကိလေသာ ဖြစ်ခွင့်ပေး လိုက် တာ နဲ့
အကုသိုလ်များ စွာ လုံးထွေးရစ်ပတ်လျက်
ကိုယ်ကရှုံးရတော့တာ..။
ကတိ အထပ်ထပ် ဖြင့်
သေချာ လွန်းတဲ့ ကိစ္စ တွေ မှာတောင်
ကြံဖန်လွဲချော် တတ်ပါသော
လောက သဘော မှာ မော.........
.နေခဲ့ရလွန်းတော့လည်း .................
ဘာကို မှ မမျှော်လင့်တတ် သော
စိတ် အလေ့ မှာ ထုံခဲ့ ၊ မွေ့ ခဲ့ ပါတယ်..။
အော်...
ကြုံခဲ့ တွေ့ ခဲ့ရလေ သော........။

0 မှတ်ချက်ရေးရန်: