Thursday, February 4, 2021

Permaculture (11)

ဇုံများခွဲခြားခြင်း
-----------------------------------
သြဂဲနစ် စနစ် နဲ့ ခြံတည်ချင်ကြသူများ၊ စိုက်ခင်းထောင်ချင်သူများက ဂေဟအကျိုးပြု စိုက်ပျိုးရေး နဲ့ ပတ်သက်တဲ့ အတွေးအခေါ် လုပ်ဆောင်ပုံကျင့်စဉ် တွေကိုလေ့လာ ပြီး တဲ့အခါ…။ မေးခွန်းတွေ မေးလေ့ရှိကြပါတယ်..။
အမယ်စုံစိုက်ရမယ်…။ သေချာလည်းဂရုစိုက်ရမယ်..ဆိုတော့ ကျယ်ကျယ် စိုက်လို့မရတော့ဘူးပေါ့..။ နည်းနည်းပဲ ကျဉ်းကျဉ်းပဲလုပ်လို့ ရတော့မှာ ပေါ့ ပြောလေ့ရှိကြပါတယ်..။
ပြောင်းလဲလာ တဲ့ရာသီ ဥတု ကိုအံတုဘို့၊စိန်ခေါ်လာ တဲ့ စျေးကွက် တွေကို ရင်ဆိုင်ဘို့၊ ရှားပါးလာတဲ့ စိုက်ပျိုးရေးကဏ္ဍ မှာ လူသားအရင်းအမြစ် ပြဿနာတွေကိုကျော်လွှားဘို့ လို စိုက်ပျိုး ဘို့ စဉ်းစားလာကြရာ မှ ပေါ်ထွက်လာတဲ့နည်းစနစ်တွေ ဖြစ်ပါတယ်..။
အခု အပိုင်း (၁၁) မှာကတော့ မိမိစိုက်ပျိုးမြေကို ဇုံ ခွဲခြား ပြီး သီးနှံများကိုရွေးချယ် စိုက်ပျိုးတာ ပဲဖြစ်ပါတယ်..။
ဇုန်များဟာ အသုံးဝင်မှု ၊လူတို့ပေးနိုင်တဲ့အချိန် ၊ တိရိစ္ဆန် တို့လိုအပ်ချက် စတာ တွေကိုထည့်သွင်းစဉ်းစား ပြီး ဉာဏ်ပါပါ ခွဲခြား သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်..။
အိမ် နဲ့ အဆောက်အဦနေရကို ဇုန်နံပါတ် သုည (၀) လို့သတ်မှတ်မယ် ဆိုရင်..သူတို့ကို ဇုန်(၁) မှာ နေရာချ စိုက်ပျိုးထားသင့်ပါတယ်..။
ဇုန် 0ဖြစ်တဲ့ အိမ်, ဒါမှမဟုတ်အိမ်စင်တာ နေရာမှာ လည်း တည်ဆောက်တဲ့အခါ စွမ်းအင်နှင့်ရေလိုအပ်မှုကိုလျှော့ချ ဘို့ စီမံ ရပါမယ်..။ နေရောင်ခြည်ကဲ့သို့စွမ်း အင်များ ၊မိုးရေ သဘာဝအရင်းအမြစ်များကိုစုဆောင်း အသုံးချ ဘို့ အစီအမံများပါရပါမယ်..။
ယေဘုယျအားဖြင့်နေထိုင်ရန်နှင့်အလုပ်လုပ်ရန်အတွက်ပတ်ဝန်းကျင် နဲ့ သဟဇာတဖြစ်တဲ့ ရေရှည်တည်တံ့သောပတ်ဝန်းကျင်ကိုဖန်တီးရန်ရည်ရွယ်တာကို အမြဲ သတိရှိနေရပါမယ်..။
ဇုန် (၁) ကတော့ အိမ် နဲ့အနီးဆုံး နေရာဖြစ်တဲ့အတွက် မကြာခဏ သွားလာ ဂရုစိုက် ရမဲ့ သီးနှံ တွေ စိုက်ရမယ်..။ ဥပမာ မကြာခဏရေလောင်းပေါင်းသင် ၊ အနုစိတ် ဂရုစိုက်ပါမှ အဆင်ပြေ မဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်း များ ၊ပန်းခင်းများ ၊ ကိုအိမ် နဲ့ အနီးစပ်ဆုံးနေရာမှာ စိုက်ပျိုးရပါမယ်..။
အသီး ဆိုရင် တောင် စတော်ဘယ်ရီ လို အသီးခင်းတွေ ၊ အစိမ်း ဇကာအုပ်မိုး ပြုစုထားတဲ့ ပျိုးခင်း၊ပျိုးခြံ ရှိရပါမယ်..။တီကောင် မွေးတဲ့ ကန်တွေ ၊မိုးရေစု တဲ့ အိုးတွေ ကန်တွေ ၊မီးဖိုချောင် စွန့်ပစ်ပစ္စည်း တွေကိုမြေဆွေးလုပ်တာ..။ အိမ် ကစွန့်ပစ် တဲ့ရေကို ပြန်အသုံးချ တဲ့ စနစ် တွေရှိရပါမယ်..။
ဇုန် (၂) မှာကျတော့ ပေါင်းသင်ဘို့ ကိုင်းဖြတ် ဘို့ လိုတဲ့အချိန်လောက်ကျမှသာ သွားရန်လိုအပ်တဲ့ အပင်တွေ စိုက်ရပါမယ်..။
မကြာခဏပြုပြင်ထိန်းသိမ်း ဘို့မလိုအပ်သည့်နှစ်ရှည်ပင်များကိုစဉ်းစားရွေးချယ်သင့်ပါတယ်..။ ကင်ပွန်း၊ ဆူးပုတ် ၊ ဆွမ်းမွှေး ၊ ပေါက်ပန်းဖြူ ၊ ဂွေးတောက် ၊ ဘူးသီး ၊ ကင်းပုံသီး ၊သပွတ်သီး ၊ဖရုံသီးများ၊ ကန်စွန်းဥ ၊အာလူးစသည်ဖြင့်…စိုက်ပျိုးလို့ရပါတယ်..။
ဇုန် (၃) မှာကတော့
အဓိကအသုံးပြုသီးနှံများ ဖြစ်တဲ့ ဆန်စပါးလို ၊ ပြောင်း၊ မြေပဲ၊ နှမ်း ၊နေကြာစတဲ့ လယ်ယာသီးနှံ တွေ ကို အိမ် မှာ စားသုံး ဘို့ ၊ ဒေသ တွင်းရောင်းချ ဘို့ စိုက် လို့ ရတဲ့ ဇုန် ပဲဖြစ်ပါတယ်..။ သူက တစ်ခါ စိုက်ပြီး ပြုပြင်ထိန်းသိမ်းရတာ အနည်းငယ် လိုအပ်တာမို့ ပါ။
ဇုန် (၄) ကတော့ တိရိစ္ဆန် အစားအစာ အတွက် အပင်များ ၊ လွှတ်ကျောင်းရန် စားကျက် ၊ ဒေသ တွင်းကျေးငှက်သာရကာ နေထိုင်ကျက်စားဘို့ နေရာလေး..။ ထင်းစိုက်ခင်းများ ၊သစ်ထုတ်လုပ်ရန် သစ်မာ စိုက်ခင်းများ စိုက်ပျိုးထားရှိသင့်ပါတယ်..။
ဇုန် (၅) မှာကတော့ လူ ကဝင်ရောက်စွက်ဖက် မှု မရှိ ပဲ သဘာဝ အတိုင်းတည်ရှိနေဘို့ ဂေဟစနစ် ကိုထိန်သိမ်းတည်ဆောက်တဲ့နေရာဖြစ်ပါတယ်။ ဤဇုန်မှတစ်ဆင့်ကျွန်မ တို့ ခြံအတွင်းရှိ အခြားသော ဇုန်များကိုကူညီနိုင်သောဘက်တီးရီးယား၊ မှိုနှင့်အင်းဆက်ပိုးမွှားများ၏သဘာဝ ၀ သယံဇာတကိုတည်ဆောက်ပေးတဲ့ နေရာ လည်းဖြစ်ပါတယ်..။
Permaculture (11) ဇုံမ်ားခြဲျခားျခင္း
-----------------------------------
ၾသဂဲနစ္ စနစ္ နဲ႔ ျခံတည္ခ်င္ၾကသူမ်ား၊ စုိက္ခင္းေထာင္ခ်င္သူမ်ားက ေဂဟအက်ဳိးျပဳ စုိက္ပ်ဳိးေရး နဲ႔ ပတ္သက္တဲ့ အေတြးအေခၚ လုပ္ေဆာင္ပုံက်င့္စဥ္ ေတြကုိေလ့လာ ၿပီး တဲ့အခါ…။ ေမးခြန္းေတြ ေမးေလ့ရွိၾကပါတယ္..။
အမယ္စုံစုိက္ရမယ္…။ ေသခ်ာလည္းဂရုစုိက္ရမယ္..ဆုိေတာ့ က်ယ္က်ယ္ စုိက္လုိ႔မရေတာ့ဘူးေပါ့..။ နည္းနည္းပဲ က်ဥ္းက်ဥ္းပဲလုပ္လုိ႔ ရေတာ့မွာ ေပါ့ ေျပာေလ့ရွိၾကပါတယ္..။
ေျပာင္းလဲလာ တဲ့ရာသီ ဥတု ကုိအံတုဘုိ႔၊စိန္ေခၚလာ တဲ့ ေစ်းကြက္ ေတြကုိ ရင္ဆုိင္ဘုိ႔၊ ရွားပါးလာတဲ့ စုိက္ပ်ဳိးေရးက႑ မွာ လူသားအရင္းအျမစ္ ျပႆနာေတြကုိေက်ာ္လႊားဘုိ႔ လုိ စုိက္ပ်ဳိး ဘုိ႔ စဥ္းစားလာၾကရာ မွ ေပၚထြက္လာတဲ့နည္းစနစ္ေတြ ျဖစ္ပါတယ္..။
အခု အပုိင္း (၁၁) မွာကေတာ့ မိမိစုိက္ပ်ဳိးေျမကုိ ဇုံ ခြဲျခား ၿပီး သီးႏွံမ်ားကုိေရြးခ်ယ္ စုိက္ပ်ဳိးတာ ပဲျဖစ္ပါတယ္..။
ဇုန္မ်ားဟာ အသုံးဝင္မႈ ၊လူတုိ႔ေပးႏုိင္တဲ့အခ်ိန္ ၊ တိရိစၦန္ တုိ႔လုိအပ္ခ်က္ စတာ ေတြကုိထည့္သြင္းစဥ္းစား ၿပီး ဥာဏ္ပါပါ ခြဲျခား သတ္မွတ္ထားျခင္းပဲျဖစ္ပါတယ္..။
အိမ္ နဲ႔ အေဆာက္အဦေနရကုိ ဇုန္နံပါတ္ သုည (၀) လုိ႔သတ္မွတ္မယ္ ဆုိရင္..သူတုိ႔ကုိ ဇုန္(၁) မွာ ေနရာခ် စုိက္ပ်ဳိးထားသင့္ပါတယ္..။
ဇုန္ 0ျဖစ္တဲ့ အိမ္, ဒါမွမဟုတ္အိမ္စင္တာ ေနရာမွာ လည္း တည္ေဆာက္တဲ့အခါ စြမ္းအင္ႏွင့္ေရလိုအပ္မႈကိုေလၽွာ့ခ် ဘုိ႔ စီမံ ရပါမယ္..။ ေနေရာင္ျခည္ကဲ့သို႔စြမ္း အင္မ်ား ၊မုိးေရ သဘာဝအရင္းအျမစ္မ်ားကိုစုေဆာင္း အသုံးခ် ဘုိ႔ အစီအမံမ်ားပါရပါမယ္..။
ေယဘုယ်အားျဖင့္ေနထိုင္ရန္ႏွင့္အလုပ္လုပ္ရန္အတြက္ပတ္ဝန္းက်င္ နဲ႔ သဟဇာတျဖစ္တဲ့ ေရရွည္တည္တံ့ေသာပတ္ဝန္းက်င္ကိုဖန္တီးရန္ရည္ရြယ္တာကုိ အျမဲ သတိရွိေနရပါမယ္..။
ဇုန္ (၁) ကေတာ့ အိမ္ နဲ႔အနီးဆုံး ေနရာျဖစ္တဲ့အတြက္ မၾကာခဏ သြားလာ ဂရုစိုက္ ရမဲ့ သီးႏွံ ေတြ စုိက္ရမယ္..။ ဥပမာ မၾကာခဏေရေလာင္းေပါင္းသင္ ၊ အႏုစိတ္ ဂရုစုိက္ပါမွ အဆင္ေျပ မဲ့ ဟင္းသီးဟင္းရြက္စုိက္ခင္း မ်ား ၊ပန္းခင္းမ်ား ၊ ကုိအိမ္ နဲ႔ အနီးစပ္ဆုံးေနရာမွာ စုိက္ပ်ဳိးရပါမယ္..။
အသီး ဆုိရင္ ေတာင္ စေတာ္ဘယ္ရီ လုိ အသီးခင္းေတြ ၊ အစိမ္း ဇကာအုပ္မုိး ျပဳစုထားတဲ့ ပ်ဳိးခင္း၊ပ်ဳိးျခံ ရွိရပါမယ္..။တီေကာင္ ေမြးတဲ့ ကန္ေတြ ၊မုိးေရစု တဲ့ အုိးေတြ ကန္ေတြ ၊မီးဖုိေခ်ာင္ စြန္႔ပစ္ပစၥည္း ေတြကုိေျမေဆြးလုပ္တာ..။ အိမ္ ကစြန္႔ပစ္ တဲ့ေရကုိ ျပန္အသုံးခ် တဲ့ စနစ္ ေတြရွိရပါမယ္..။
ဇုန္ (၂) မွာက်ေတာ့ ေပါင္းသင္ဘုိ႔ ကုိင္းျဖတ္ ဘုိ႔ လုိတဲ့အခ်ိန္ေလာက္က်မွသာ သြားရန္လုိအပ္တဲ့ အပင္ေတြ စုိက္ရပါမယ္..။
မၾကာခဏျပဳျပင္ထိန္းသိမ္း ဘုိ႔မလိုအပ္သည့္ႏွစ္ရွည္ပင္မ်ားကုိစဥ္းစားေရြးခ်ယ္သင့္ပါတယ္..။ ကင္ပြန္း၊ ဆူးပုတ္ ၊ ဆြမ္းေမႊး ၊ ေပါက္ပန္းျဖဴ ၊ ေဂြးေတာက္ ၊ ဘူးသီး ၊ ကင္းပုံသီး ၊သပြတ္သီး ၊ဖ႐ုံသီးမ်ား၊ ကန္စြန္းဥ ၊အာလူးစသည္ျဖင့္…စုိက္ပ်ဳိးလုိ႔ရပါတယ္..။
ဇုန္ (၃) မွာကေတာ့
အဓိကအသုံးျပဳသီးႏွံမ်ား ျဖစ္တဲ့ ဆန္စပါးလုိ ၊ ေျပာင္း၊ ေျမပဲ၊ ႏွမ္း ၊ေနၾကာစတဲ့ လယ္ယာသီးႏွံ ေတြ ကုိ အိမ္ မွာ စားသုံး ဘုိ႔ ၊ ေဒသ တြင္းေရာင္းခ် ဘုိ႔ စုိက္ လုိ႔ ရတဲ့ ဇုန္ ပဲျဖစ္ပါတယ္..။ သူက တစ္ခါ စုိက္ၿပီး ျပဳျပင္ထိန္းသိမ္းရတာ အနည္းငယ္ လုိအပ္တာမုိ႔ ပါ။
ဇုန္ (၄) ကေတာ့ တိရိစၦန္ အစားအစာ အတြက္ အပင္မ်ား ၊ လႊတ္ေက်ာင္းရန္ စားက်က္ ၊ ေဒသ တြင္းေက်းငွက္သာရကာ ေနထုိင္က်က္စားဘုိ႔ ေနရာေလး..။ ထင္းစုိက္ခင္းမ်ား ၊သစ္ထုတ္လုပ္ရန္ သစ္မာ စုိက္ခင္းမ်ား စုိက္ပ်ဳိးထားရွိသင့္ပါတယ္..။
ဇုန္ (၅) မွာကေတာ့ လူ ကဝင္ေရာက္စြက္ဖက္ မႈ မရွိ ပဲ သဘာဝ အတုိင္းတည္ရွိေနဘုိ႔ ေဂဟစနစ္ ကုိထိန္သိမ္းတည္ေဆာက္တဲ့ေနရာျဖစ္ပါတယ္။ ဤဇုန္မွတစ္ဆင့္ကၽြန္မ တုိ႔ ျခံအတြင္းရွိ အျခားေသာ ဇုန္မ်ားကိုကူညီနိုင္ေသာဘက္တီးရီးယား၊ မွိုႏွင့္အင္းဆက္ပိုးမႊားမ်ား၏သဘာဝ ၀ သယံဇာတကိုတည္ေဆာက္ေပးတဲ့ ေနရာ လည္းျဖစ္ပါတယ္..။
ဆက္လက္ ေဖၚ ျပပါမည္ ။
ေဒါက္တာသန္းသန္းစိန္
၅.၉ .၂၀၂၀
ေခတၱ- ျမစ္ဆုံဟုိတယ္ ျမစ္ႀကီးနား

0 မွတ္ခ်က္ေရးရန္: