Thursday, February 4, 2021

Permaculture - 2


နိဒါန်း
နောက် တစ်ယောက်ကတော့ David Holmgren ဖြစ်ပါတယ်..။ ဒေးဗစ်ကတော့ ၁၉ ၅၅ ခုနှစ်က မွေးခဲ့တာဆိုတော့အသက် ၆၅ နှစ်ရှိပါပြီ..။ သူလည်း သြစတေလျ နိုင်ငံသား တစ်ယောက်ပါပဲ..။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးသူ ၊ ဒီဇိုင်းရေးဆွဲသူ၊ အဲဒီအကြောင်းတွေ စာရေးတဲ့ စာရေးဆရာတစ်ယောက် လည်းဖြစ်ပါတယ်..။
သြစတေလျ အနောက်ပိုင်းမှာမွေးဖွားခဲ့ပြီး သူ့မိဘတွေကတော့ စာအုပ်ဆိုင်ပိုင်ရှင်တွေ ဖြစ်ပါတယ်…။ နောက်တော့ သြစတေလျ မှာ လူ့အခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှားသူတွေဖြစ်လာကြတယ်..။ အရင်တုံးကသြစတေလျ ကွန်မြူနစ်ပါတီဝင်တွေ ဖြစ်တယ်..။ဒေးဗစ်ရဲ့ မိဘတွေက အယူအဆ တွေကို ရိုက်မသွင်း ပဲ ကိုယ့်ယုံကြည်ချက် နဲ့ ကိုယ်ရပ်တည် တတ်သူ ဖြစ်အောင်..မကြောက်မရွံ့ပဲ မေးခွန်းပြန်မေးတတ်အောင် သင်ပေးခဲ့ပါတယ်..။
ဒေးဗစ်အထက်တန်းအောင်မြင် ပြီးချိန်မှာတော့ သူဟာ သြစတေလျ တိုက်တောင် ဘက်က ကျွန်းနိုင်ငံလေး တက်စ်မေးနီးယား ကို ထွက်ခွာခဲ့တယ် အဲဒီက the Tasmanian College of Advanced Education's Department of Environmental Design မှာ ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ ဂေဟ အကျိုးပြု စိုက်ပျိုးနည်းစနစ်တွေ ၊ မြေယာ အလှအပ ပုံစံရေးဆွဲတာ ၊ ဂေဟ ဗေဒ နဲ့ စိုက်ပျိုးရေး ဘာသာရပ်တွေ သင်ယူခဲ့ပါတယ်..။
ဒေးဗစ်က ဆရာဘီလ် နဲ့ ၁၉၇၄ခုနှစ်မှာ စတင်တွေ့ဆုံခဲ့တယ်..။ သူတို့ ကောလိပ်က စာတမ်းဖတ်ပွဲတစ်ခု မှာ ဆရာဘီလ် ပြောတာတွေကို သူနားထောင်ခဲ့ရတယ်..။ အဲဒီပွဲကစပြီး သူတို့ရင်းနှီးပြီးအတူလက်တွဲလုပ်ကိုင် ဘို့ အစ ဖြစ်လာခဲ့တယ်..။ သူတို့ ၂ယောက်ပေါင်းပြီး အိမ်ခြံဝန်းတစ်ခု အတွင်း လှပတဲ့ ဥယျာဉ်ခြံတစ်ခု ဘယ်လို တည်ဆောက်မယ်…လက်တွေ့ အသုံးချ နိုင်တဲ့ အပင်မျိုးစိတ်တွေကို သင့်တော် သလို သင့်တော်တဲ့နေရာမှာ ထည့်ဘို့ ရေးဆွဲ ကြတယ်..။
နှစ်ရှည် ပင်တွေလည်းပါတယ်..။ လူနေတဲ့အိမ်၊ တိရိစ္ဆာန် နေတဲ့ တဲကစလို့ စွမ်းအင်တွေမလေလွင့်စေတဲ့ ဒီဇိုင်းတွေ စဉ်းစားကြတယ်..။ ဆရာကောင်းတွေ့လာတဲ့ ဒေးဗစ်ဟာ ဒီလုပ်ငန်းက သူ့ရဲ့ ဘွဲ့ရဘို့ ရေးသားတင်သွင်း ရတဲ့ ကျမ်းပြုစာတစ်စောင်ဖြစ်ခဲ့တယ်..။ သူကစိတ်ဝင်တစားပြုစုထားတဲ့ ကျမ်းကို ဆရာဘီလ် လက်ထဲ မှာ တည်းဖြတ်ပြင်ဆင်ပြီး ၁၉၇၈ မှာ စတင် ထုတ်ဝေခဲ့ပါတယ်..။
ဒါဟာ Permaculture One စာအုပ်ရဲ့ သမိုင်းဖြစ်သလို ကမ္ဘာမြေကို Permaculture ဆိုတဲ့နည်းပညာ စတင် ဝင်ရောက်ခဲ့တဲ့ခြေလှမ်းအစ ပဲဖြစ်ပါတယ်..။
ဒေးဗစ်ဟာ သူ့ရဲ့ ဘွဲ့ယူ ကျမ်းစာ မှာ ပါတဲ့ သူ့စိတ်ကြိုက်အဖြစ်ဆုံး အယူအဆ အတွေးအခေါ်တွေကို သူ့မိခင် ပိုင်တဲ့ မြေကွက် မှာစတင်အကောင်အထည် ဖေါ် လိုက်ပါတယ်..။
ဒီမြေဟာ သြစတေလျတိုက်တောင်ပိုင်း ဆစ်ဒနီမြို့တည်ရှိရာ တောင်ဝေလ နယ် မှာ တည် ရှိပါတယ်..။ အဲဒီမြေကို နောက်ပိုင်းတော့ သူပိုင်ဆိုင်လာ တယ်..။ သူရဲ့ဘဝလက်တွဲဖေါ် စူးန်ဒနက် နဲ့ ဆက်လက် ဖွံ့ဖြိုးအောင်ဆောင်ရွက်ခဲ့ ပါတယ်..။
၁၉၈၃ မှာ ဥယျာဉ်ခြံမြေ တစ်ခုကို ဘယ်လို ပုံစံတည်ထောင်သင့်သလဲ ဘာပင်တွေထည့်သင့်သလဲဆိုတဲ့ အကြံပေးလုပ်ငန်း တစ်ခု စတည်ထောင်ပါတယ်..။
၂၀၀၂ ခုနှစ်ကိုရောက်တော့ သူဟာ ၂၅ နှစ်တာ အတွေ့အကြုံတွေ နဲ့ များစွာရင့်ကျက်ခဲ့ပါပြီ..။ အဲဒီအတွေ့အကြုံတွေ ထဲက စနစ်တကျ ဖြစ်တဲ့ စိုက်ပျိုးနည်းစနစ်တွေ သေချာ စိစစ် ရွေးချယ်ပြီး Permaculture: Principles and Pathways beyond Sustainability (2002a)စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်..။
ဒီစာအုပ်မှာ Howard Thomas Odum ဆိုတဲ့ သူ့မိတ်ဆွေက စွမ်းအင် ပိုင်းနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက် တွေများစွာပံ့ပိုးပေးခဲ့တယ် ..။
သူက အမေရီကန်လူမျိုး ဂေဟ ဗေဒပညာရှင် Thermodynamicsအပူစွမ်းအင်ဆိုင်ရာ ဘာသာရပ်တွေကိုကျွမ်းကျင်သူ ဖြစ်ပါတယ်..။သို့သော် သူက စာအုပ်မထွက်ခင် ၂လ အလို မှာ သူကကွယ်လွန်ခဲ့ပါတယ်..။
Howard Thomas Odum က Permaculture Design Principle ၁၂ချက်ကို ဖြည့်စွက်ထည့်သွင်းဖေါ်ပြပေးခဲ့တယ်..။
တစ်ချက် ချင်းစီကို အခန်းတွေ ခွဲပြီး ရှင်းလင်း ရေးသားခဲ့ပါတယ်..။ ဒီစာအုပ်ဟာ၁၉၈၈ ခုနှစ်မှာ ဆရာဘီလ် ထုတ်ဝေခဲ့တဲ့ Bill Mollison's Permaculture: A Designer's Manual (1988) စာအုပ်လို ပညာရပ်နယ် ပယ် မှာ ထင်ရှားခဲ့ပါတယ်..။
========
Permaculture - 2
ေနာက္ တစ္ေယာက္ကေတာ့ David Holmgren ျဖစ္ပါတယ္..။ ေဒးဗစ္ကေတာ့ ၁၉ ၅၅ ခုႏွစ္က ေမြးခဲ့တာဆုိေတာ့အသက္ ၆၅ ႏွစ္ရွိပါၿပီ..။ သူလည္း ၾသစေတလ် ႏုိင္ငံသား တစ္ေယာက္ပါပဲ..။ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာေပးသူ ၊ ဒီဇုိင္းေရးဆြဲသူ၊ အဲဒီအေၾကာင္းေတြ စာေရးတဲ့ စာေရးဆရာတစ္ေယာက္ လည္းျဖစ္ပါတယ္..။
ၾသစေတလ် အေနာက္ပုိင္းမွာေမြးဖြားခဲ့ၿပီး သူ႔မိဘေတြကေတာ့ စာအုပ္ဆု္ိင္ပုိင္ရွင္ေတြ ျဖစ္ပါတယ္…။ ေနာက္ေတာ့ ၾသစေတလ် မွာ လူ႔အခြင့္အေရးဆုိင္ရာတက္ၾကြလႈပ္ရွားသူေတြျဖစ္လာၾကတယ္..။ အရင္တုံးကၾသစေတလ် ကြန္ျမဴနစ္ပါတီဝင္ေတြ ျဖစ္တယ္..။ေဒးဗစ္ရဲ႔ မိဘေတြက အယူအဆ ေတြကုိ ရုိက္မသြင္း ပဲ ကုိယ့္ယုံၾကည္ခ်က္ နဲ႔ ကုိယ္ရပ္တည္ တတ္သူ ျဖစ္ေအာင္..မေၾကာက္မရြံ႔ပဲ ေမးခြန္းျပန္ေမးတတ္ေအာင္ သင္ေပးခဲ့ပါတယ္..။
ေဒးဗစ္အထက္တန္းေအာင္ျမင္ ၿပီးခ်ိန္မွာေတာ့ သူဟာ ၾသစေတလ် တုိက္ေတာင္ ဘက္က ကၽြန္းႏုိင္ငံေလး တက္စ္ေမးနီးယား ကုိ ထြက္ခြာခဲ့တယ္ အဲဒီက the Tasmanian College of Advanced Education's Department of Environmental Design မွာ ပတ္ဝန္းက်င္ ထိန္းသိမ္းတဲ့ ေဂဟ အက်ဳိးျပဳ စုိက္ပ်ဳိးနည္းစနစ္ေတြ ၊ ေျမယာ အလွအပ ပုံစံေရးဆြဲတာ ၊ ေဂဟ ေဗဒ နဲ႔ စုိက္ပ်ဳိးေရး ဘာသာရပ္ေတြ သင္ယူခဲ့ပါတယ္..။
ေဒးဗစ္က ဆရာဘီလ္ နဲ႔ ၁၉၇၄ခုႏွစ္မွာ စတင္ေတြ႔ဆုံခဲ့တယ္..။ သူတုိ႔ ေကာလိပ္က စာတမ္းဖတ္ပြဲတစ္ခု မွာ ဆရာဘီလ္ ေျပာတာေတြကုိ သူနားေထာင္ခဲ့ရတယ္..။ အဲဒီပြဲကစၿပီး သူတုိ႔ရင္းႏွီးၿပီးအတူလက္တြဲလုပ္ကုိင္ ဘုိ႔ အစ ျဖစ္လာခဲ့တယ္..။ သူတုိ႔ ၂ေယာက္ေပါင္းၿပီး အိမ္ျခံဝန္းတစ္ခု အတြင္း လွပတဲ့ ဥယ်ာဥ္ျခံတစ္ခု ဘယ္လုိ တည္ေဆာက္မယ္…လက္ေတြ႔ အသုံးခ် ႏုိင္တဲ့ အပင္မ်ဳိးစိတ္ေတြကုိ သင့္ေတာ္ သလုိ သင့္ေတာ္တဲ့ေနရာမွာ ထည့္ဘုိ႔ ေရးဆြဲ ၾကတယ္..။
ႏွစ္ရွည္ ပင္ေတြလည္းပါတယ္..။ လူေနတဲ့အိမ္၊ တိရိစၦာန္ ေနတဲ့ တဲကစလုိ႔ စြမ္းအင္ေတြမေလလြင့္ေစတဲ့ ဒီဇုိင္းေတြ စဥ္းစားၾကတယ္..။
ဆရာေကာင္းေတြ႔လာတဲ့ ေဒးဗစ္ဟာ ဒီလုပ္ငန္းက သူ႔ရဲ႔ ဘြဲ႔ရဘုိ႔ ေရးသားတင္သြင္း ရတဲ့ က်မ္းျပဳစာတစ္ေစာင္ျဖစ္ခဲ့တယ္..။ သူကစိတ္ဝင္တစားျပဳစုထားတဲ့ က်မ္းကုိ ဆရာဘီလ္ လက္ထဲ မွာ တည္းျဖတ္ျပင္ဆင္ၿပီး ၁၉၇၈ မွာ စတင္ ထုတ္ေဝခဲ့ပါတယ္..။
ဒါဟာ Permaculture One စာအုပ္ရဲ႔ သမုိင္းျဖစ္သလုိ ကမၻာေျမကုိ Permaculture ဆုိတဲ့နည္းပညာ စတင္ ဝင္ေရာက္ခဲ့တဲ့ေျခလွမ္းအစ ပဲျဖစ္ပါတယ္..။
ေဒးဗစ္ဟာ သူ႔ရဲ႔ ဘြဲ႔ယူ က်မ္းစာ မွာ ပါတဲ့ သူ႔စိတ္ႀကဳိက္အျဖစ္ဆုံး အယူအဆ အေတြးအေခၚေတြကုိ သူ႔မိခင္ ပုိင္တဲ့ ေျမကြက္ မွာစတင္အေကာင္အထည္ ေဖၚ လုိက္ပါတယ္..။
ဒီေျမဟာ ၾသစေတလ်တုိက္ေတာင္ပုိင္း ဆစ္ဒနီျမဳိ႔တည္ရွိရာ ေတာင္ေဝလ နယ္ မွာ တည္ ရွိပါတယ္..။ အဲဒီေျမကုိ ေနာက္ပုိင္းေတာ့ သူပုိင္ဆုိင္လာ တယ္..။ သူရဲ႔ဘဝလက္တြဲေဖၚ စူးန္ဒနက္ နဲ႔ ဆက္လက္ ဖြံ႔ျဖဳိးေအာင္ေဆာင္ရြက္ခဲ့ ပါတယ္..။
၁၉၈၃ မွာ ဥယ်ာဥ္ျခံေျမ တစ္ခုကုိ ဘယ္လုိ ပုံစံတည္ေထာင္သင့္သလဲ ဘာပင္ေတြထည့္သင့္သလဲဆုိတဲ့ အႀကံေပးလုပ္ငန္း တစ္ခု စတည္ေထာင္ပါတယ္..။
၂၀၀၂ ခုႏွစ္ကုိေရာက္ေတာ့ သူဟာ ၂၅ ႏွစ္တာ အေတြ႔အႀကဳံေတြ နဲ႔ မ်ားစြာရင့္က်က္ခဲ့ပါၿပီ..။ အဲဒီအေတြ႔အႀကဳံေတြ ထဲက စနစ္တက် ျဖစ္တဲ့ စုိက္ပ်ဳိးနည္းစနစ္ေတြ ေသခ်ာ စိစစ္ ေရြးခ်ယ္ၿပီး Permaculture: Principles and Pathways beyond Sustainability (2002a)စာအုပ္ကုိ ထုတ္ေဝခဲ့ပါတယ္..။
ဒီစာအုပ္မွာ Howard Thomas Odum ဆုိတဲ့ သူ႔မိတ္ေဆြက စြမ္းအင္ ပုိင္းနဲ႔ ပတ္သက္တဲ့ လမ္းညႊန္ခ်က္ ေတြမ်ားစြာပံ့ပုိးေပးခဲ့တယ္ ..။
သူက အေမရီကန္လူမ်ဳိး ေဂဟ ေဗဒပညာရွင္ Thermodynamics အပူစြမ္းအင္ဆုိင္ရာ ဘာသာရပ္ေတြကုိကၽြမ္းက်င္သူ ျဖစ္ပါတယ္..။သုိ႔ေသာ္ သူက စာအုပ္မထြက္ခင္ ၂လ အလုိ မွာ သူကကြယ္လြန္ခဲ့ပါတယ္..။
Howard Thomas Odum က Permaculture Design Principle ၁၂ခ်က္ကုိ ျဖည့္စြက္ထည့္သြင္းေဖၚျပေပးခဲ့တယ္..။
တစ္ခ်က္ ခ်င္းစီကုိ အခန္းေတြ ခြဲၿပီး ရွင္းလင္း ေရးသားခဲ့ပါတယ္..။ ဒီစာအုပ္ဟာ၁၉၈၈ ခုႏွစ္မွာ ဆရာဘီလ္ ထုတ္ေဝခဲ့တဲ့ Bill Mollison's Permaculture: A Designer's Manual (1988) စာအုပ္လုိ ပညာရပ္နယ္ ပယ္ မွာ ထင္ရွားခဲ့ပါတယ္..။
ဆက္လက္ေဖၚျပပါမည္။
ေဒါက္တာသန္းသန္းစိန္
၂၇.၄.၂၀၂၀

0 မွတ္ခ်က္ေရးရန္: