Thursday, February 4, 2021

ဦးဇင်းဦးစန္ဒိမာ ...


-----------
သာသနာ့ဘောင် မှာ တစ်လတိတိပြည့်ခဲ့ပါပြီ..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား၏ မေတ္တာရီပ် ။တရားရိပ် အောက်တွင်ငြိမ်းချမ်းအေးမြနေပါပြီ..။
ကျန်တဲ့ဘဝ သက်တမ်းကို ဒီလို ပဲဖြတ်သန်းမည် လို့ မိန့်ကြားပါတယ်..။
မနေ့ က တရားစခန်း ကအပြန် အတွေးတွေ...
အကောင်းတွေ ရောက်လာဘို့ အဆိုးရှေ့ကခံတတ်တယ် ..။
ဝဋ်ဆိုတာ အကြွေး တစ်ခုပါ...။
ပြုသူအသစ်ဖြစ်သူအဟောင်းမို့...။။
အဆိုးပြုလုပ်သူ က အကြွေးဆပ်ပေးသူဖြစ်ပြီး..။
ခံရသူက အကြွေးကျေ သွားတာ ဖြစ်ပါတယ် လို့ ပိုင်းလော့ ဆရာတော်ဘုရားက မိန့်ဘူးပါတယ်...။
ဘဝ မှာ..ကိုယ့်အကြွေး တွေ ကို သူက အကုသိုလ်အဖြစ်ခံပြီး ....
ဆပ်ပေးနေကြတဲ့ သဘောကိုလည်းဆင်ခြင်မိပါတယ်...။
အမှန်မသိရှာတဲ့ သဘောကို ကရုဏာ ပင် ဖြစ်လို့ ရသွားပါတယ်...။
ပြန်ကာနီး ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကားနားမှာရှိတာ နဲ့ မြေမှာ ဝတ်ချ ကန်တော့ခဲ့တယ်...။
၁.၂.၂၁ အခြေအနေကြောင့်...
ဖြေမဆည်နိုင် အောင် ဆို့နင့်ကြေကွဲနေတာ..ဘာဆက်လုပ်ရမလဲဘုရား လို့ မေးခဲ့မိပါတယ်...။
တရားကိုဆင်ခြင်ပါ..။
ကိုယ့်ကိုကို အလောင်မခံ နဲ့ မေတ္တာ ပွားများခြင်း.... ပို့သခြင်းသာ ပြုလုပ်ပါတဲ့...။
This too will pass ....Nothing is permanent.
တရားစခန်းက တိတ်ဆိတ်စွာ ..ပြန်ခဲ့ပါတယ်..

0 မှတ်ချက်ရေးရန်: