Thursday, February 4, 2021

Permaculture - 1


နိဒါန်း
============
ရေရှည် တည် တံ့ တဲ့ စိုက်ပျိုးနည်းစနစ်တွေအကြောင်း စိတ်ဝင်စားသလို ပျက်စီးလာတဲ့ စိုက်ပျိုးသဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် ကြတဲ့လူတွေ ရဲ့ အတွေးအခေါ်တွေ လုပ်ရပ်တွေကို အလွန်ပဲ စိတ်ဝင်စားမိပါတယ်..။
ဇီဝနည်းပညာ မှာ သက်ရှိတွေကို (အထူးသဖြင့် အကျိုးပြု အဏုဇီဝ ) တွေကို အသုံးပြု ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း တဲ့နည်းစနစ်တွေကို သုတေသန ပြုခဲ့တာမို့ မြန်မာ ကိုပြန်ရောက်တဲ့အခါ မှာ သြဂဲနစ် စိုက်ပျိုးရေး နယ် ပယ်ကိုအချိန်တော်တေ်ာများများပေးကာ အားသွန်ခွန်စိုက်ကြိုးစားခဲ့ပါတယ်..။
ထို ရေရှည် တည်တံ့ တဲ့ နည်းစနစ် တွေ ကိုဆက်လက်လေ့လာကြည့်တဲ့အခါ Permaculture (အတည်တကျ ဥယျာဉ်စိုက်ပျိုးရေး) ဘာသာရပ်မှာ ရင်ကိုထိရှ တဲ့စကားလုံးတစ်ခု ကစိတ်ဝင်စားမှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်..။
Permaculture စိုက်ပျိုးနည်းစနစ် တွေ ဟာ စိုက်ပျိုးရေးနည်းပညာအပြင် မြေ ဧရိယာ ကိုအကျိုးအရှိဆုံးအသုံးချတာ တွေ ပါသလို စိုက်ပျိုးရေးမှာ အသုံးပြုရတဲ့ စွမ်းအင်တွေကို လေလွင့်မှုမရှိစေပဲ အသုံးပြုတာတွေပါဝင်ပါတယ်..။
ကျွန်မ အနှစ်သက်ဆုံး အချက်ကတော့ Universal Ethical Principle ( တစ်လောက လုံး နှင့်ဆိုင်သော ထားရှိသင့်တဲ့ လူ့ကျင့်ဝတ်ဆိုင်ရာအခြေခံသဘောတရား )ကိုပါအခြေခံထားတဲ့ စိုက်ပျိုးနည်းစနစ် ဆိုတဲ့ စကား လုံးကရင်ကိုထိရှစေပါတယ်..။
-ရိုးသားမှု..။
-အမှန်တရားကိုသာပြောဆို ကျင့်ကြံ တဲ့ သစ္စာတရား။
-အများရဲ့ ယုံကြည် မှုနဲ့ ထိုက်တန်ခြင်း။
-တခြားသူတို့ရဲ့ အခွင့်အရေးကိုလေးစားတတ်ခြင်း။
-တစ်ဘက်သား အပေါ်ဂုဏ်သိက္ခာ ရှိစွာ ဆက်ဆံတတ်ခြင်း။
-မိမိစိုက်ပျိုးထုတ်လုပ်တဲ့ ထုတ်ကုန်အပေါ်မှာ လုံ့လ ဝီရိယ အပြည့်ဖြင့် ဘေးအန္တရာယ် လုံခြုံစိတ်ချရအောင်စိုက်ပျိုးထုတ်လုပ်ခြင်း။
-မိမိ စိုက်ပျိုးသီးနှံကိုစားသုံးကြသူတွေ ဘေးအန္တရာယ် မရှိစေ ဘို့ ဂရုစိုက်သလို စိုက်ပျိုးတဲ့ သဘာဝ ပတ်ဝန်းကျင် ကို မဖျက်ဆီးခြင်း ။
ဆိုတဲ့အချက်တွေကိုအခြေ ခံထားတဲ့ စိုက်ပျိုးနည်းစနစ် ပဲ ဖြစ်ပါတယ်..။
ဒီအတွေးအခေါ် အယူအဆ တွေကိုစတင်ကျင့်သုံး တဲ့ပညာရှင် နှစ်ဦးအကြောင်းကိုစပြော မှ ပြည့်စုံပါမယ်..။
ပထမ တစ်ယောက်က တော့မရှိရှာတော့ပါဘူး..။
သူ့နာမည် က Bruce Charles "Bill" Mollison ဖြစ်ပါတယ်..သြစတေလျ နိုင်ငံသားဖြစ်ပါတယ်..။ ၂၀၁၆ စက်တင်ဘာလ က ကွယ်လွန်ခဲ့ပါပြီ..။ သူက သုတေသီ၊ စာရေးဆရာ ၊ သိပ္ပံပညာရှင် ၊ ဇီဝဗေဒ ဆရာ တစ်ယောက်ဖြစ်ပါတယ်..။ .. သီအိုရီ နဲ့ လုပ်ဆောင်မှုတွေကို စတင် ဖေါ်ထုတ်ခဲ့တဲ့အတြက္ ၁၉ ၈၁ မှာ အာဂျန်ဆူလတ် (ထိုင်း) ကရ ဘူးတဲ့ Right Livelihood Award ရရှိခဲ့ပါတယ်..။
ဆရာဘီလ်က ၁၉ ၇၄ မှာ အတူတူ ဆောင်ရွက်မဲ့ စိတ်တူ ကိုယ်တူ ပညာရှင် တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်..။ ၁၉ ၇၈ မှာ Permaculture One ဆိုတဲ့ စာအုပ်ကို အတူတူ ရေးသားထုတ်ဝေ နိုင်ခဲ့ပါတယ်..။
ဆက်လက်ဖေါ်ပြပါမည် ။
Permaculture - 1
နိဒါန္း
============
ေရရွည္ တည္ တံ့ တဲ့ စုိက္ပ်ဳိးနည္းစနစ္ေတြအေၾကာင္း စိတ္ဝင္စားသလုိ ပ်က္စီးလာတဲ့ စုိက္ပ်ဳိးသဘာဝ ပတ္ဝန္းက်င္ကုိ ထိန္းသိမ္းေစာင့္ေရွာက္ ၾကတဲ့လူေတြ ရဲ႔ အေတြးအေခၚေတြ လုပ္ရပ္ေတြကုိ အလြန္ပဲ စိတ္ဝင္စားမိပါတယ္..။
ဇီဝနည္းပညာ မွာ သက္ရွိေတြကုိ (အထူးသျဖင့္ အက်ဳိးျပဳ အဏုဇီဝ ) ေတြကုိ အသုံးျပဳ ၿပီး ပတ္ဝန္းက်င္ထိန္းသိမ္း တဲ့နည္းစနစ္ေတြကုိ သုေတသန ျပဳခဲ့တာမုိ႔ ျမန္မာ ကုိျပန္ေရာက္တဲ့အခါ မွာ ၾသဂဲနစ္ စုိက္ပ်ဳိးေရး နယ္ ပယ္ကုိအခ်ိန္ေတာ္ေတ္ာမ်ားမ်ားေပးကာ အားသြန္ခြန္စုိက္ႀကုိးစားခဲ့ပါတယ္..။
ထုိ ေရရွည္ တည္တံ့ တဲ့ နည္းစနစ္ ေတြ ကုိဆက္လက္ေလ့လာၾကည့္တဲ့အခါ Permaculture (အတည္တက် ဥယ်ာဥ္စုိက္ပ်ဳိးေရး) ဘာသာရပ္မွာ ရင္ကုိထိရွ တဲ့စကားလုံးတစ္ခု ကစိတ္ဝင္စားမႈကုိ သိမ္းပုိက္ႏုိင္ခဲ့ပါတယ္..။
Permaculture စုိက္ပ်ဳိးနည္းစနစ္ ေတြ ဟာ စုိက္ပ်ဳိးေရးနည္းပညာအျပင္ ေျမ ဧရိယာ ကုိအက်ဳိးအရွိဆုံးအသုံးခ်တာ ေတြ ပါသလုိ စုိက္ပ်ဳိးေရးမွာ အသုံးျပဳရတဲ့ စြမ္းအင္ေတြကုိ ေလလြင့္မႈမရွိေစပဲ အသုံးျပဳတာေတြပါဝင္ပါတယ္..။
ကၽြန္မ အႏွစ္သက္ဆုံး အခ်က္ကေတာ့ Universal Ethical Principle ( တစ္ေလာက လုံး ႏွင့္ဆုိင္ေသာ ထားရွိသင့္တဲ့ လူ႔က်င့္ဝတ္ဆုိင္ရာအေျခခံသေဘာတရား )ကုိပါအေျခခံထားတဲ့ စုိက္ပ်ဳိးနည္းစနစ္ ဆုိတဲ့ စကား လုံးကရင္ကုိထိရွေစပါတယ္..။
-ရုိးသားမႈ..။
-အမွန္တရားကုိသာေျပာဆုိ က်င့္ႀကံ တဲ့ သစၥာတရား။
-အမ်ားရဲ႔ ယုံၾကည္ မႈနဲ႔ ထုိက္တန္ျခင္း။
-တျခားသူတုိ႔ရဲ႔ အခြင့္အေရးကုိေလးစားတတ္ျခင္း။
-တစ္ဘက္သား အေပၚဂုဏ္သိကၡာ ရွိစြာ ဆက္ဆံတတ္ျခင္း။
-မိမိစုိက္ပ်ဳိးထုတ္လုပ္တဲ့ ထုတ္ကုန္အေပၚမွာ လုံ႔လ ဝီရိယ အျပည့္ျဖင့္ ေဘးအႏၱရာယ္ လုံျခဳံစိတ္ခ်ရေအာင္စုိက္ပ်ဳိးထုတ္လုပ္ျခင္း။
-မိမိ စုိက္ပ်ဳိးသီးႏွံကုိစားသုံးၾကသူေတြ ေဘးအႏၱရာယ္ မရွိေစ ဘုိ႔ ဂရုစုိက္သလုိ စုိက္ပ်ဳိးတဲ့ သဘာဝ ပတ္ဝန္းက်င္ ကုိ မဖ်က္ဆီးျခင္း။
ဆုိတဲ့အခ်က္ေတြကုိအေျခ ခံထားတဲ့ စုိက္ပ်ဳိးနည္းစနစ္ ပဲ ျဖစ္ပါတယ္..။
ဒီအေတြးအေခၚ အယူအဆ ေတြကုိစတင္က်င့္သုံး တဲ့ပညာရွင္ ႏွစ္ဦးအေၾကာင္းကုိစေျပာ မွ ျပည့္စုံပါမယ္..။
ပထမ တစ္ေယာက္က ေတာ့မရွိရွာေတာ့ပါဘူး..။
သူ႔နာမည္ က Bruce Charles "Bill" Mollison ျဖစ္ပါတယ္..ၾသစေတလ် ႏုိင္ငံသားျဖစ္ပါတယ္..။ ၂၀၁၆ စက္တင္ဘာလ က ကြယ္လြန္ခဲ့ပါၿပီ..။
သူက သုေတသီ၊ စာေရးဆရာ ၊ သိပၸံပညာရွင္ ၊ ဇီဝေဗဒ သင္ၾကားေပးတဲ့ဆရာ တစ္ေယာက္ျဖစ္ပါတယ္..။ .. သီအုိရီ နဲ႔ လုပ္ေဆာင္မႈေတြကုိ စတင္ ေဖၚထုတ္ခဲ့တဲ့အတြက္ ၁၉ ၈၁ မွာ အာဂ်န္ဆူလတ္ (ထုိင္း) ကရ ဘူးတဲ့ Right Livelihood Award ရရွိခဲ့ပါတယ္..။
ဆရာဘီလ္က ၁၉ ၇၄ မွာ အတူတူ ေဆာင္ရြက္မဲ့ စိတ္တူ ကုိယ္တူ ပညာရွင္ တစ္ေယာက္နဲ႔ ေတြ႔ဆုံခဲ့ပါတယ္..။ ၁၉ ၇၈ မွာ Permaculture One ဆုိတဲ့ စာအုပ္ကုိ အတူတူ ေရးသားထုတ္ေဝ ႏုိင္ခဲ့ပါတယ္..။
ဆက္လက္ေဖၚျပပါမည္ ။
ေဒါက္တာသန္းသန္းစိန္
၂၇.၄.၂၀၂၀

0 မွတ္ခ်က္ေရးရန္: