Thursday, February 4, 2021

Dhamma Blogger တစ်ဦး ၏ Analysis


ချစ်ခင်လေးစားရပါသော အမေ....
အစ်မကြီး အရွယ်ပေမဲ့ အားကိုးမြတ်နိုးခြင်း နဲ့ အမေလို့ ပဲခေါ်ပါရစေ...။
တစ်ရက်နေ့ကတည်း က တဆစ်ဆစ် နာကြင် နေလိုက်တာ.....
ရက်စက် မှု ဒီဂရီ တိုးလေလေ.... နာကြင်ရလေလေ...။
ဘုရားလက်ထက်တော် မှာကတည်း က ဗီလိန် တွေ ရှိခဲ့တာပဲအမေ..။
ဒီနေ့တော့အမြင့်ဆုံး ရောက် လေတော့...အားကိုးစရာ ..ဖြေသိမ့်စရာ တရား ကိုပဲပြန်ရှာ ရပါတယ် အမေ...။
အနှစ် နှစ်ဆယ် ကျော် ပါဝါ၅၄ မှာ ဝိပဿနာ တရားအားထုတ် ပြီး ဖြတ်သန်းခဲ့ ထားတာ တွေ....ပြန်သတိရမိ တော့.....။
အမေ့ နှလုံးသား က မာကျောကျစ်လျစ် ရင့်ကျက်နေမှာ တွေးမိပြီးစိတ်အေးရပါတယ်.....။
လူ့ဘဝ ကတိုပါတယ် အမေ.... ခဏ လေးပါ..။
တကယ်တော့လည်း .... အခုနေသေရင် အကုန်တန်းလန်း ထားခဲ့ရမှာ...။
ဘာ မှ ယူသွားနိုင်တာ လည်းမဟုတ် ..။
ကိုယ် ပြုခဲ့တဲ့ အကုသိုလ်က နွားခြေရာနောက် ကလှည်းဘီးလို.......
ပြုခဲ့ဘူးတဲ့ ကုသိုလ်က အရိပ်လို လိုက်ပါမှာက လွဲပြီး ကျန်တာမှန်သမျှ ... ထားခဲ့ရမှာ...... အသေအချာ.....ပါအမေ..။
အမေ စိတ်ဝိဥာဉ် ကသန့်စင်ပါတယ်...။
မြန်မာ ဆိုတဲ့တိုင်းပြည် ကြီး ဆီက သယံဇာတ တွေ လည်း မတူး ခဲ့ဘူး..။
သစ်တောတွေလည်းမခုတ်ခဲ့ဘူး..။
မူးယစ်ဆေး တွေလည်း မပတ်သက်ခဲ့ဘူး ..။
ကုမ္ပဏီ တွေ လည်ထောင်ကာ ငွေမရှာခဲ့ဘူး..။
ကျွန်မ တို့ AIT, Scholarship - Only for Myanmar Citizen ဆိုတာ ရှာကြည့်တော့ ...
Prospect Burma ဆိုတဲ့ နာမည် နဲ့ အမေ နိုဘယ်ဆုရ ငွေတွေ နဲ့ ထောက်ပံ့ပေးနေတာ ဆိုတော့အမေ့ကုသိုလ် ဘယ်နည်းပါ့မလဲ..။
အမေ စာအုပ် ရေးလို့ရတဲ့ငွေ တွေ... ဒီငွေတွေ နဲ့ ပြည်ပ မှာ အေးအေးချမ်းချမ်း နေလို့ ရပါလျက် နဲ့ မြန်မာပြည် ကိုချစ်ခဲ့တဲ့အမေ..။
သန်းခေါင်စာရင်း မှာ နာမည် တစ်ခု သာ ရှိနေတာမို့ မျိုးဆက် အတွက်လည်း ဘာစီးပွားရေးမှ မထူထောင်ခဲ့ဘူး...။
မြန်မာပြည်ကိုအရင်းပြု..ဘာတစ်ခု မှ လုပ်မစားခဲ့ဘူး ။
ရင်နှစ်သည်းချာအပေါ် တာဝန်မကျေ ခြင်း ကိုသာ အချိန်အခါသင့်ရင်ဆွေးဆွေးမြေ့မြေ့ ပြောတတ်တဲ့အမေ...။
အကုသိုလ် တရားတွေ မရှိ တဲ့ အတွက် ကျေနပ်တယ် အမေ...။
တမလွန်ကိုသယ်ဆောင် ယူမဲ့ .....အောက်ဆွဲချမဲ့ အကုသိုလ် အထုပ် မရှိလို့ ပါ..။
အခုလို အခြေအနေ မျိုး ကိုလောကသဘောအရ ရှုံးတယ် လို့ ပြောချင်ပြောကြမယ် ...။
ဓမ္မ သဘော အရတော့ မရှုံးပါအမေ..။
ရှုံးတယ်ဆိုတာ ဘာ ကိုခေါ်တာ လဲ ။
ဒူးထောက်ရတာလား..။
လက်မြှောက်ရတာလား ..။
ရှက်ရွံ့ ခေါင်းငုံ့ရတာလား....လို့ ဆန်းစစ်ခဲ့ဘူးပါတယ် ..။
ကျွန်မ ရဲ့ ဆရာတော်ဘုရားကဟောဘူးတယ် အမေ..။
ဒေါသနဲ့ ယှဉ်တဲ့ ကံ မြောက်ခဲ့ရင် အကုသိုလ် ဖြစ် မှသာ...... ရှုံးရတာ တဲ့..။
အကုသိုလ် မဖြစ်မချင်း မရှုံးဘူးတဲ့..။
အမေ ရှင်လည်းမရှုံး...သေလည်းမရှုံး ပါဘူးအမေ ..။
လှည်းနေ...လှေအောင်း..မြင်းဇောင်းမကျန်....ချစ်ခင်ကြတဲ့ မေတ္တာတရား တွေ တစ်ပွေ့ တစ်ပိုက် နေ့စဉ်ပို့သနေကြ တာ...။
အဲကွန်းအလုံး သန်းပေါင်းများစွာလွှတ်ထားသလို.....
အေးစိမ့်နေမှာ ခံစားလိုက်ပါအမေ..။
ဒီမေတ္တာတွေ ဆိုတာ....ရချင်တိုင်းရတာမှ မဟုတ်တာ.....။
လိုချင်တိုင်းလည်းပေးသူမရှိရင် မရကြဘူးအမေ..။
ငွေ တွေ..ရတနာ စိန်ကျောက်တွေနဲ့လည်းဝယ်လို့ မရဘူးအမေ..။
လက်နက်ခဲယမ်းမီးကျောက် တွေနဲ့ လည်းတောင်းဆိုလို့ မရဘူး...။
အမေက တော့အပြုံးလေးတစ်ချက် နဲ့ အကုန် သိမ်းပိုက်ထားနိုင်တာ.....
အမေ့ စေတနာ စစ်မှန်လို့ ပါပဲ...။
ဒီအသက်..ဒီခန္ဓာ.... ဒီဘဝ မှာ နေရတာတန်လိုက် တာလို့ပဲသုံးသပ်ပါရစေအမေ..။
သူ့အပိုင်းကိုယ့်အပိုင်းခွဲခြားကာ... ဒီလိုပဲ ရှုမြင်မိပါတယ်...။
အမေ ရွှင်လန်းအေးမြနိုင်ပါစေ..။
မေတ္တာဖြင့်
သစ္စာအလင်း( Dhamma Blogger

0 မှတ်ချက်ရေးရန်: