Permaculture ၏ အခြေခံကျင့်ဝတ်သုံးရပ်
၁။ ကမ္ဘာမြေကြီးကိုဂရုစိုက်ခြင်း - ကမ္ဘာပေါ်ရှိသက်ရှိများ အားလုံးရပ်တည်ဘို့ ရှေ့ဆက်ရှင်သန်ဘို့၊မျိုးတုံးပျောက်ကွယ် မသွားစေဘို့ ကမ္ဘာမြေကို ဂရု စိုက်ရပါမယ်..။ တဲ့။
၂။ လူများကိုဂရုစိုက်ခြင်း - လူ တွေကိုလည်း သူတို့ အသက်ရှင် ရပ်တည် ဘို့ လိုအပ် တဲ့အရင်းအမြစ်များကို လိုအပ်သလောက်သာ ရယူသုံးစွဲစေဘို့ ကျင့်ဝတ်ထားရှိမယ်…။
၃။ လူ ဦး ရေနှင့်စားသုံးမှုကိုကန့်သတ်ခြင်း။ မိမိ တို့ ရဲ့ ကိုယ်ပိုင်လိုအပ်ချက်များကို ကိုယ်တိုင် စီမံ ခန့် ခွဲ ခြင်းအားဖြင့် အပေါ်ကကျင့်ဝတ် ၃ရပ်ကို အလိုလို လိုက်နာပြီးသားဖြစ်သွားမယ် ။ တတိယကျင့် ၀ တ်ကို“ မျှဝေခြင်း” ဟုမကြာခဏရည်ညွှန်းလေ့ရှိပြီး ။အပြန်အလှန် “ စောင့်ရှောက်ခြင်း” လို့ ယူဆ နိုင်သော်လည်း အတင်းအကြပ် လူ ဦး ရေနှင့်စားသုံးမှုကိုကန့်သတ် ရမယ် ဆိုတဲ့အဓိပ္ပါယ် နဲ့ မတူပါ..။တတိယ ကျင့်ဝတ်သည် မျှတစွာမျှဝေခြင်းအပေါ်မူတည် ပါတယ်။ မျှတစွာ မျှဝေခြင်းသည်သို့သော်ကျင့်ဝတ်သုံးခုကို လိုက်နာခြင်းဖြင့်ရရှိလာမဲ့ နောက်ဆက်တွဲအကျိုးဆက်တစ်ခုလည်းဖြစ်ပါတယ်..။
ဒီအခြေခံ ကျင့်ဝတ်တွေ ဟာ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေ များစွာ ပါဝင် ခဲ့ပြီး နည်းပညာ တွေကိုကျော်လွန် တဲ့ စိုက်ပျိုးရေး ဖြစ်နေပါတယ်..။
ကျွန်မ ပထမ ဖေါ်ပြခဲ့သလို ဘာသာရပ်တစ်ခုကိုပြည့်စုံအောင်တည်ဆောက် ဘို့ဆိုတ တစ်နာီထဲ တစ်နှစ်ထဲ စဉ်းစားခဲ့တာမဟုတ်ပဲ အဓိက ကျတဲ့ ပညာရှင် (၃) ယောက်အပြင် တခြားသူတွေကလည်း ပုံဖေါ်ပေးခဲ့ ကြပါတယ်..။
၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် Bill Mollison နှင့် David Holmgren တို့သည်သြစတြေးလျတောင်ပိုင်း Tasmania တွင်တည်ငြိမ်သောစိုက်ပျိုးရေးစနစ်များနှင့် ပတ်သက်၍ အတွေးအခေါ်များကိုစတင်တီထွင်ခဲ့ကြ ပါတယ်။ လျင်မြန်စွာကြီးထွားလာနေသောစက်မှုစိုက်ပျိုးရေးနည်းစနစ်များကြောင့် ဘေးထွက်ဆိုးကျိုးထွက်ပေါ်လာမယ် အန္တရာယ်များ မယ် ဆိုတာ ကြိုတင်တွေးခေါ်ခဲ့ကြတာ ပါ..။ သူတို့၏အမြင်အရ ထိုအချိန် က စိုက်ပျိုးရေးနည်းစနစ်တွေဟာ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ် တဲ့ သယံဇာတ အရင်းအမြစ် တွေ အပေါ်အလွန်အမင်းမှီခိုနေရ ပြီး
မြေနှင့်ရေကိုအဆိပ်သင့်စေခြင်း၊
ဇီဝမျိုးစုံမျိုးကွဲများလျော့နည်းစေကုန်ခြင်း ယခင်က မြေသြဇာကောင်းမွန် ခဲ့တဲ့ လှပတဲ့ မြေယာ ရှုခင်းတွေ ပျောက်ဆုံးကုန်ခြင်း။
ဘီလီယံနှင့်ချီသည့်အဘိုးတန် အပေါ်ယံမြေဆီလွှာ တန်ချိန် တော်တော်များများ ကိုဖယ်ရှားဆုံးရှုံး ပစ် လိုက်သလို ခြင်းဖြစ်နေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်..။
ဒါဆို ဒီအတိုင်းကြာရှည်လာရင်ဘယ်လိုလုပ်ကြမလဲ စဉ်းစားပြီး
သူတို့က permaculture လို့ခေါ်တဲ့ ရေရှည် တည်တ့ံ တဲ့ စိုက်ပျိုးရေး ဒီဇိုင်းချဉ်းကပ်မှုဖြင့်ပြဿနာ ဖြေရှင်းနိုင်ဘို့ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်..။ ဒီလို နဲ့ ပဲ ဒီအတွေးအခေါ် အယူအဆတွေ အခြေခံပြီး ၁၉၇၈ ခုနှစ် Permaculture One စာအုပ်ကိုထုတ်ဝေနိုင်ခဲ့ တာ ဖြစ်ပါတယ်..။
ရုပ်လုံးပေါ်လာပြီဖြစ်တPermaculture နည်းပညာ ဖြစ်ပေါ်လာဘို့အတွက် အဓိက ကျတဲ့ ပညာရှင် (၃) ဦးအကြေင်း ဖေါ်ပြ ပြီး သလို ဒီအချိန် မှာ ပိုမို ပြောင်းလဲတိုးတက်လာအောင်ဖြည့်စွက်ပေး ခဲ့ တဲ့ ပညာရှင် များစွာ ပါဝင် တဲ့ သမိုင်း ဖြစ်စဉ်တွေကိုလည်းချန်လှပ်လို့ မရပါဘူး..။
၁၉၂၉ ခုနှစ် မှာ USA , Columbia Univesity, New York City , Joseph Russel Smith ဂျိုးဇက်ရပ်စယ်လ်စမစ်သ် ဟာ သစ်ပင်တွေကို သီးနှံများလိုပဲ လူတွေ စားသုံးလို့ရတဲ့ သီးနှံ တိရိစ္ဆာန် တွေကျွေးလို့ရတဲ့သီးနှံပင်အဖြစ် ထည့်သွင်းစဉ်းစားပြီး စိုက်ပျိုးရန်အကြံပြုခဲ့ပါတယ်..။ သူက စာအုပ်တစ်အုပ်ရေးသားခဲ့ပြီး အဲဒီစာအုပ်မှာ သစ်သီးနှင့်အခွံမာသီးများကို လူ့အစားအစာနှင့်တိရိစ္ဆာန် အစာအတွက်သီးနှံများအဖြစ်စမ်းသပ်ခြင်း ရဲ့ အတွေ့အကြုံကိုအကျဉ်းချုပ်ဖော်ပြထားပါတယ်..။ စမစ်သည်သစ်ပင်များနှင့်ကောက်ပဲသီးနှံများကို ကမ္ဘာကြီးကိုအပြန်အလှန်ဆက်နွယ်မှုတစ်ခုအဖြစ်မြင်ခဲ့ပြီးPermaculture( Permenant Agriculture)တည်တံ့ ခိုင်မြဲသော စိုက်ပျိုးရေးအဖြစ် စိုက်ပျိုး ရန်အကြံပြုခဲ့ပါတယ်..။ ထို စာအုပ်ဟာ ၁၉ ၂၈ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်လို့ စိုက်ပျိုးရေးကို ပိုမိုရေရှည်တည်တံ့စေရန် ရည်ရွယ်ချက်ရှိရှိ နဲ့ လူများစွာကိုလှုံ့ဆော်ပေးခဲ့ ပါတယ်..။ဥပမာ ၁၉၃၀ ပြည့်နှစ်များ မှာ ဂျပန်နိုင်ငံမှာ သီးနှံ သစ်တောရောနှောစိုက်ပျိုးရေးကို ဦး ဆောင်ခဲ့သူ Toyohiko Kagawa လို လူမျိုး များစွာ ထွက်ပေါ်လာခဲ့ပါတယ်..။
၁၉၆၄ ခုနှစ် ရောက်တော့ သြစတြေးလျ မှာ P. A. Yeomans ဆိုသူက သူရေးသားတဲ့ လယ်ယာမြေ တိုင်းအတွက်ရေ( Water for Every Farm) စာအုပ် မှာ သူ က Permaculture ဆို တာ ရေရှှည်တည်တံ့ခိုင်မြဲ တဲ့ စိုက်ပျိုးရေး နည်းစနစ်များထဲမှ တစ်ခု ဖြစ်တယ် ဆိုတာ ထောက်ခံခဲ့ပါတယ်။ သူက ၁၉၄၀ ပြည့်လွန်နှစ်များ ကတည်းက သြစတြေးလျ မှာ Keyline Design ဆိုသည့်အမည်ဖြင့် ရေပေးဝေမှုနှင့်ဖြန့်ဖြူးမှုကို စီမံခန့်ခွဲရန်နည်း လမ်းတစ်ခုကို ထောက်ပြကျင့်သုံးခဲ့တဲ့သူ ဖြစ်ပြီး မြေ နဲ့ ရေ အသုံးချမှုနှင့် ပတ်သက် ပြီး ဖြစ်သင့်တဲ့ စနစ် Keyline Design ထည့်ဘို့ အကြံပြုခဲ့တယ်..။
ဒေးဗစ် အတွက် Permaculture ဖြစ်လာ ဘို့အစပထမ အချိန်တွေမှာ Stewart Brands လုပ်ဆောင်ခဲ့တာတွေ က သြဇာ လွှမ်းခဲ့တယ်..။ မြေကို မပျက်စီးစေတဲ့ မြေကို တူးဆွ ခြင်းမရှိပဲ မထွန်ယက်ပဲ စိုက်ပျိုးနည်း ကို ဦး ဆောင်ခဲ့သည့် Ruth Stout နှင့်Esther Deans တို့ ရဲ့ စဉ်းစားပုံ တွေ ကလည်းဒေးဗစ်ရဲ့ စိတ်ကိုလွှမ်းမိုး ခဲ့ပါတယ်..။
ဂျပန်နိုင်ငံ ၁၉၃၀ ပြည့်လွန်နှစ်များနှောင်းပိုင်း တွေမှာ ဥယျာဉ်ခြံများနှင့်သဘာဝလယ်ယာစိုက်ပျိုးရေးကိုစတင်ထောက်ခံအားပေးခဲ့သူ Masanobu Fukuoka တို့ရဲ့ အတွေးအခေါ်အယူအဆ များက Permaculture ဖြစ်တည် မှုအစောပိုင်းတွေမှာ စုံလင်အောင်စဉ်းစားတွေးခေါ် တတ်စေဘို့အထောက်အကူ ဖြစ်စေခဲ့ပါတယ်..။
ဆရာဘီလ် ဟာ Permaculture နဲ့ ပတ်သက်တဲ့ သင်တန်းတွေ စတင်သင်ကြားပေးတော့တယ်..။Geoff Lawton နဲ့ Toby Hemenway တို့ ဟာ သင်တန်းမှာ တက်တက်ကြွကြွ စိတ်ပါဝင်စားတဲ့ သူများအဖြစ်ပညာအမွေဆက်ခံခဲ့ပါတယ်..။ ဆရာဘီလ် ဟာ သူ့ရဲ့ ၂၅ နှစ်တာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကို သင်ကြားမ ျှဝေခဲ့တယ်..။ဒီဘာသာရပ်ဟာ လူ တွေ ရဲ့ လိုအပ်ချက်များအတွက်ထောက်ပံ့နိုင်တယ် ဆိုတဲ့ ယုံကြည် ကြသူပညာရှင်များစွာမွေးထုတ်ပေးနိုင်ခဲ့တယ်။ ၁၉၇၉ ခုနှစ်နှောင်းပိုင်းတွင် Simon J. Fjell သည် Permaculture Institute ရဲ့ တည်ထောင်သူဒါရိုက်တာနှင့်ပထမဆုံး Permaculture ဒီဇိုင်းသင်တန်း၏ဆရာတစ် ဦး ဖြစ်လာခဲ့ပါတော့တယ်..။
၁၉၈၀ ပြည့်လွန်နှစ်များ ရဲ့ အချိန် အစောပိုင်း တွေမှာ စိုက်ပျိုးရေးစနစ် ဒီဇိုင်းဆွဲအကောင်အထည်ဖေါ်ရာ မှ ရေရှည်တည်တံ့သော လူနေအိမ်ရာများ အထိ စဉ်းစားတွေးခေါ် ကာ ဒီဇိုင်း ရေးဆွဲ နိုင်ခဲ့ပါတယ်..။ Permaculture One စားအုပ် ကိုရေးသားထုတ်ဝေ ပြီးနောက်၊ ဆရာဘီလ် ဟာ ရာနှင့်ချီသော permaculture site များကိုဒီဇိုင်းဆွဲခြင်းနှင့် Permaculture: A Designers Manual ကဲ့သို့သောအသေးစိတ်စာအုပ်များကိုရေးသားခြင်းဖြင့်အကြံဉာဏ်များကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ခဲ့ပါတယ်..။ ဆရာဘီလ် ဟာ နိုင်ငံပေါင်း ၈၀ ကျော်တွင်သင်ကြားပို့ချခဲ့ပြီးသူ၏ရက်သတ္တပတ်နှစ်ပတ်ကြာမြင့် တဲ့ သူ့ရဲ့ သင်တန်း မှာ ရာနှင့်ချီသောကျောင်းသားများတက်ရောက်သင်ကြား ကြပါတယ်..။
ဆရာဘီလ် က သူ့သင်တန်းဆင်း များကို သူတို့ကိုယ်သူတို့အားကိုးကာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် တိုက်တွန်းခဲ့ပါတယ်..။ သူတို့ ရဲ့ ကိုယ်ပိုင်တက္ကသိုလ်များ ထူထောင်ခဲ့ သလို နှင့်သရုပ်ပြနေရာများ များဖန်တီးပေးနိုင်တဲ့အထိအောင်မြင် ခဲ့ပါတယ်..။
သို့သော်လည်း ဆန်းကြယ် တဲ့အတွေးအခေါ်တွေ ကျွန်မ ရှေ့က ဖေါ်ပြခဲ့သလို ထားရှိသင့်တဲ့ လူ့ကျင့်ဝတ်ဆိုင်ရာအခြေခံသဘောတရား ကိုပါအခြေခံထားတဲ့ စိုက်ပျိုးနည်းစနစ် ဆိုတော့ ဝေဖန်တဲ့ သူတွေအများအပြား ရဲ့ ဒဏ်ကိုလည်းခံခဲ့ရပါတယ်..။
permaculture လှုပ်ရှားမှုဟာ အာရှနှင့်ဗဟိုအမေရိကတစ်ဝှမ်းတွင်ပြန့်နှံ့ခဲ့ပြီး ဟောင်ကောင် မှာ အခြေစိုက် တဲ့ အာရှရေရှည်တည်တံ့ခိုင်မြဲသောဗိသုကာပညာဌာန (AISA)၊
ဂွာတီမာလာ မှာလည်း The Mesoamerican Permaculture Institute (Instituto Mesoamericano de Permacultura – IMAP)
အယ်လ်ဆာဗေးဒေါ မှာလည်း Permaculture Institute တို့ ပေါ်ပေါက်လာခဲ့ပါတော့တယ်..။
Permaculture (4)
Permaculture ၏ အေျခခံက်င့္၀တ္သုံးရပ္
===========================
၁။ ကမၻာေျမႀကီးကိုဂ႐ုစိုက္ျခင္း - ကမၻာေပၚရွိသက္ရွိမ်ား အားလုံးရပ္တည္ဘုိ႔ ေရွ႔ဆက္ရွင္သန္ဘုိ႔၊မ်ဳိးတုံးေပ်ာက္ကြယ္ မသြားေစဘုိ႔ ကမၻာေျမကုိ ဂရု စုိက္ရပါမယ္..။ တဲ့။
၂။ လူမ်ားကိုဂ႐ုစိုက္ျခင္း - လူ ေတြကုိလည္း သူတုိ႔ အသက္ရွင္ ရပ္တည္ ဘုိ႔ လိုအပ္ တဲ့အရင္းအျမစ္မ်ားကို လုိအပ္သေလာက္သာ ရယူသုံးစြဲေစဘုိ႔ က်င့္ဝတ္ထားရွိမယ္…။
၃။ လူ ဦး ေရႏွင့္စားသုံးမႈကိုကန႔္သတ္ျခင္း။ မိမိ တို႔ ရဲ႔ ကိုယ္ပိုင္လိုအပ္ခ်က္မ်ားကို ကုိယ္တုိင္ စီမံ ခန္႔ ခြဲ ျခင္းအားျဖင့္ အေပၚကက်င့္ဝတ္ ၃ရပ္ကို အလုိလုိ လုိက္နာၿပီးသားျဖစ္သြားမယ္ ။တတိယက်င့္ ၀ တ္ကို“ မၽွေဝျခင္း” ဟုမၾကာခဏရည္ညႊန္းေလ့ရွိၿပီး ။အျပန္အလွန္ “ ေစာင့္ေရွာက္ျခင္း” လုိ႔ ယူဆ ႏုိင္ေသာ္လည္း အတင္းအၾကပ္ လူ ဦး ေရႏွင့္စားသုံးမႈကိုကန႔္သတ္ ရမယ္ ဆုိတဲ့အဓိပၸါယ္ နဲ႔ မတူပါ..။တတိယ က်င့္ဝတ္သည္ မၽွတစြာမၽွေဝျခင္းအေပၚမူတည္ ပါတယ္။ မၽွတစြာ မၽွေဝျခင္းသည္သို႔ေသာ္က်င့္ဝတ္သုံးခုကုိ လုိက္နာျခင္းျဖင့္ရရွိလာမဲ့ ေနာက္ဆက္တြဲအက်ိဳးဆက္တစ္ခုလည္းျဖစ္ပါတယ္..။
ဒီအေျခခံ က်င့္ဝတ္ေတြ ဟာ စိတ္ပုိင္းဆုိင္ရာအရည္အေသြးေတြ မ်ားစြာ ပါဝင္ ခဲ့ၿပီး နည္းပညာ ေတြကုိေက်ာ္လြန္ တဲ့ စုိက္ပ်ဳိးေရး ျဖစ္ေနပါတယ္..။
ကၽြန္မ ပထမ ေဖၚျပခဲ့သလုိ ဘာသာရပ္တစ္ခုကုိျပည့္စုံေအာင္တည္ေဆာက္ ဘုိ႔ဆုိတ တစ္နာီထဲ တစ္ႏွစ္ထဲ စဥ္းစားခဲ့တာမဟုတ္ပဲ အဓိက က်တဲ့ ပညာရွင္ (၃) ေယာက္အျပင္ တျခားသူေတြကလည္း ပုံေဖၚေပးခဲ့ ၾကပါတယ္..။
၁၉၆၀ ျပည့္လြန္ႏွစ္မ်ားေႏွာင္းပိုင္းတြင္ Bill Mollison ႏွင့္ David Holmgren တို႔သည္ၾသစေၾတးလ်ေတာင္ပိုင္း Tasmania တြင္တည္ၿငိမ္ေသာစိုက္ပ်ိဳးေရးစနစ္မ်ားႏွင့္ ပတ္သက္၍ အေတြးအေခၚမ်ားကိုစတင္တီထြင္ခဲ့ၾက ပါတယ္။ လ်င္ျမန္စြာႀကီးထြားလာေနေသာစက္မႈစိုက္ပ်ိဳးေရးနည္းစနစ္မ်ားေၾကာင့္ ေဘးထြက္ဆုိးက်ဳိးထြက္ေပၚလာမယ္ အႏၲရာယ္မ်ား မယ္ ဆုိတာ ႀကဳိတင္ေတြးေခၚခဲ့ၾကတာ ပါ..။ သူတို႔၏အျမင္အရ ထုိအခ်ိန္ က စုိက္ပ်ဳိးေရးနည္းစနစ္ေတြဟာ ျပန္လည္ျပည့္ၿဖိဳးျမဲမဟုတ္ တဲ့ သယံဇာတ အရင္းအျမစ္ ေတြ အေပၚအလြန္အမင္းမွီခိုေနရ ၿပီး
ေျမႏွင့္ေရကိုအဆိပ္သင့္ေစျခင္း၊
ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားေလ်ာ့နည္းေစကုန္ျခင္း ယခင္က ေျမၾသဇာေကာင္းမြန္ ခဲ့တဲ့ လွပတဲ့ ေျမယာ ရႈခင္းေတြ ေပ်ာက္ဆုံးကုန္ျခင္း။
ဘီလီယံႏွင့္ခ်ီသည့္အဘုိးတန္ အေပၚယံေျမဆီလႊာ တန္ခ်ိန္ ေတာ္ေတာ္မ်ားမ်ား ကိုဖယ္ရွားဆုံးရႈံး ပစ္ လုိက္သလုိ ျခင္းျဖစ္ေနတယ္လုိ႔ သုံးသပ္ခဲ့ၾကပါတယ္..။
ဒါဆုိ ဒီအတုိင္းၾကာရွည္လာရင္ဘယ္လုိလုပ္ၾကမလဲ စဥ္းစားၿပီး
သူတို႔က permaculture လို႔ေခၚတဲ့ ေရရွည္ တည္တ့ံ တဲ့ စုိက္ပ်ဳိးေရး ဒီဇိုင္းခ်ဥ္းကပ္မႈျဖင့္ျပႆနာ ေျဖရွင္းႏုိင္ဘုိ႔ စတင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္..။ ဒီလုိ နဲ႔ ပဲ ဒီအေတြးအေခၚ အယူအဆေတြ အေျခခံၿပီး ၁၉၇၈ ခုႏွစ္ Permaculture One စာအုပ္ကိုထုတ္ေဝႏုိင္ခဲ့ တာ ျဖစ္ပါတယ္..။
ရုပ္လုံးေပၚလာၿပီျဖစ္တPermaculture နည္းပညာ ျဖစ္ေပၚလာဘုိ႔အတြက္ အဓိက က်တဲ့ ပညာရွင္ (၃) ဦးအေၾကင္း ေဖၚျပ ၿပီး သလုိ ဒီအခ်ိန္ မွာ ပုိမုိ ေျပာင္းလဲတုိးတက္လာေအာင္ျဖည့္စြက္ေပး ခဲ့ တဲ့ ပညာရွင္ မ်ားစြာ ပါဝင္ တဲ့ သမုိင္း ျဖစ္စဥ္ေတြကုိလည္းခ်န္လွပ္လုိ႔ မရပါဘူး..။
၁၉၂၉ ခုႏွစ္ မွာ USA , Columbia Univesity, New York City , Joseph Russel Smith ဂ်ိဳးဇက္ရပ္စယ္လ္စမစ္သ္ ဟာ သစ္ပင္ေတြကုိ သီးႏွံမ်ားလုိပဲ လူေတြ စားသုံးလုိ႔ရတဲ့ သီးႏွံ တိရိစၦာန္ ေတြေကၽြးလုိ႔ရတဲ့သီးႏွံပင္အျဖစ္ ထည့္သြင္းစဥ္းစားၿပီး စုိက္ပ်ုိးရန္အႀကံျပဳခဲ့ပါတယ္..။ သူက စာအုပ္တစ္အုပ္ေရးသားခဲ့ၿပီး အဲဒီစာအုပ္မွာ သစ္သီးႏွင့္အခြံမာသီးမ်ားကို လူ႔အစားအစာႏွင့္တိရိစၧာန္ အစာအတြက္သီးႏွံမ်ားအျဖစ္စမ္းသပ္ျခင္း ရဲ႔ အေတြ႕အၾကဳံကိုအက်ဥ္းခ်ဳပ္ေဖာ္ျပထားပါတယ္..။ စမစ္သည္သစ္ပင္မ်ားႏွင့္ေကာက္ပဲသီးႏွံမ်ားကို ကမၻာႀကီးကိုအျပန္အလွန္ဆက္ႏြယ္မႈတစ္ခုအျဖစ္ျမင္ခဲ့ၿပီးPermaculture( Permenant Agriculture)တည္တံ့ ခုိင္ျမဲေသာ စုိက္ပ်ဳိးေရးအျဖစ္ စုိက္ပ်ဳိး ရန္အႀကံျပဳခဲ့ပါတယ္..။ ထုိ စာအုပ္ဟာ ၁၉ ၂၈ ခုႏွစ္မွာ ထုတ္ေဝခဲ့တာျဖစ္လုိ႔ စိုက္ပ်ိဳးေရးကို ပိုမိုေရရွည္တည္တံ့ေစရန္ ရည္ရြယ္ခ်က္ရွိရွိ နဲ႔ လူမ်ားစြာကိုလႈံ႔ေဆာ္ေပးခဲ့ ပါတယ္..။ဥပမာ ၁၉၃၀ ျပည့္ႏွစ္မ်ား မွာ ဂ်ပန္ႏုိင္ငံမွာ သီးႏွံ သစ္ေတာေရာေႏွာစိုက္ပ်ိဳးေရးကို ဦး ေဆာင္ခဲ့သူ Toyohiko Kagawa လုိ လူမ်ုိး မ်ားစြာ ထြက္ေပၚလာခဲ့ပါတယ္..။
၁၉၆၄ ခုႏွစ္ ေရာက္ေတာ့ ၾသစေၾတးလ် မွာ P. A. Yeomans ဆုိသူက သူေရးသားတဲ့ လယ္ယာေျမ တိုင္းအတြက္ေရ( Water for Every Farm) စာအုပ္ မွာ သူ က Permaculture ဆုိ တာ ေရရွွည္တည္တံ့ခိုင္ျမဲ တဲ့ စိုက္ပ်ိဳးေရး နည္းစနစ္မ်ားထဲမွ တစ္ခု ျဖစ္တယ္ ဆုိတာ ေထာက္ခံခဲ့ပါတယ္။ သူက ၁၉၄၀ ျပည့္လြန္ႏွစ္မ်ား ကတည္းက ၾသစေၾတးလ် မွာ Keyline Design ဆုိသည့္အမည္ျဖင့္ ေရေပးေဝမႈႏွင့္ျဖန႔္ျဖဴးမႈကို စီမံခန႔္ခြဲရန္နည္း လမ္းတစ္ခုကို ေထာက္ျပက်င့္သုံးခဲ့တဲ့သူ ျဖစ္ၿပီး ေျမ နဲ႔ ေရ အသုံးခ်မႈႏွင့္ ပတ္သက္ ၿပီး ျဖစ္သင့္တဲ့ စနစ္ Keyline Design ထည့္ဘုိ႔ အႀကံျပဳခဲ့တယ္..။
ေဒးဗစ္ အတြက္ Permaculture ျဖစ္လာ ဘုိ႔အစပထမ အခ်ိန္ေတြမွာ Stewart Brands လုပ္ေဆာင္ခဲ့တာေတြ က ၾသဇာ လႊမ္းခဲ့တယ္..။ ေျမကုိ မပ်က္စီးေစတဲ့ ေျမကုိ တူးဆြ ျခင္းမရွိပဲ မထြန္ယက္ပဲ စုိက္ပ်ဳိးနည္း ကုိ ဦး ေဆာင္ခဲ့သည့္ Ruth Stout ႏွင့္Esther Deans တုိ႔ ရဲ႔ စဥ္းစားပုံ ေတြ ကလည္းေဒးဗစ္ရဲ႔ စိတ္ကုိလႊမ္းမုိး ခဲ့ပါတယ္..။
ဂ်ပန္နိုင္ငံ ၁၉၃၀ ျပည့္လြန္ႏွစ္မ်ားေႏွာင္းပိုင္း ေတြမွာ ဥယ်ာဥ္ၿခံမ်ားႏွင့္သဘာဝလယ္ယာစိုက္ပ်ိဳးေရးကိုစတင္ေထာက္ခံအားေပးခဲ့သူ Masanobu Fukuoka တုိ႔ရဲ႔ အေတြးအေခၚအယူအဆ မ်ားက Permaculture ျဖစ္တည္ မႈအေစာပုိင္းေတြမွာ စုံလင္ေအာင္စဥ္းစားေတြးေခၚ တတ္ေစဘုိ႔အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္..။
ဆရာဘီလ္ ဟာ Permaculture နဲ႔ ပတ္သက္တဲ့ သင္တန္းေတြ စတင္သင္ၾကားေပးေတာ့တယ္..။Geoff Lawton နဲ႔ Toby Hemenway တုိ႔ ဟာ သင္တန္းမွာ တက္တက္ၾကြၾကြ စိတ္ပါဝင္စားတဲ့ သူမ်ားအျဖစ္ပညာအေမြဆက္ခံခဲ့ပါတယ္..။ ဆရာဘီလ္ ဟာ သူ႔ရဲ႔ ၂၅ ႏွစ္တာ ျဖတ္သန္းခဲ့တဲ့အေတြ႔အႀကဳံေတြကုိ သင္ၾကားမ ွ်ေဝခဲ့တယ္..။ဒီဘာသာရပ္ဟာ လူ ေတြ ရဲ႔ လိုအပ္ခ်က္မ်ားအတြက္ေထာက္ပံ့ႏုိင္တယ္ ဆုိတဲ့ ယုံၾကည္ ၾကသူပညာရွင္မ်ားစြာေမြးထုတ္ေပးႏုိင္ခဲ့တယ္။ ၁၉၇၉ ခုႏွစ္ေႏွာင္းပိုင္းတြင္ Simon J. Fjell သည္ Permaculture Institute ရဲ႔ တည္ေထာင္သူဒါရိုက္တာႏွင့္ပထမဆုံး Permaculture ဒီဇိုင္းသင္တန္း၏ဆရာတစ္ ဦး ျဖစ္လာခဲ့ပါေတာ့တယ္..။
၁၉၈၀ ျပည့္လြန္ႏွစ္မ်ား ရဲ႔ အခ်ိန္ အေစာပိုင္း ေတြမွာ စိုက္ပ်ိဳးေရးစနစ္ ဒီဇိုင္းဆြဲအေကာင္အထည္ေဖၚရာ မွ ေရရွည္တည္တံ့ေသာ လူေနအိမ္ရာမ်ား အထိ စဥ္းစားေတြးေခၚ ကာ ဒီဇုိင္း ေရးဆြဲ ႏုိင္ခဲ့ပါတယ္..။ Permaculture One စားအုပ္ ကုိေရးသားထုတ္ေဝ ၿပီးေနာက္၊ ဆရာဘီလ္ ဟာ ရာႏွင့္ခ်ီေသာ permaculture site မ်ားကိုဒီဇိုင္းဆြဲျခင္းႏွင့္ Permaculture: A Designers Manual ကဲ့သို႔ေသာအေသးစိတ္စာအုပ္မ်ားကိုေရးသားျခင္းျဖင့္အႀကံဥာဏ္မ်ားကိုပိုမိုေကာင္းမြန္ေအာင္ျပဳလုပ္ခဲ့ပါတယ္..။ ဆရာဘီလ္ ဟာ နိုင္ငံေပါင္း ၈၀ ေက်ာ္တြင္သင္ၾကားပို႔ခ်ခဲ့ၿပီးသူ၏ရက္သတၱပတ္ႏွစ္ပတ္ၾကာျမင့္ တဲ့ သူ႔ရဲ႔ သင္တန္း မွာ ရာႏွင့္ခ်ီေသာေက်ာင္းသားမ်ားတက္ေရာက္သင္ၾကား ၾကပါတယ္..။
ဆရာဘီလ္ က သူ႔သင္တန္းဆင္း မ်ားကုိ သူတို႔ကိုယ္သူတို႔အားကုိးကာ ကုိယ့္ေျခေထာက္ေပၚကုိယ္ရပ္ႏုိင္ေအာင္ တုိက္တြန္းခဲ့ပါတယ္..။ သူတို႔ ရဲ႔ ကိုယ္ပိုင္တကၠသိုလ္မ်ား ထူေထာင္ခဲ့ သလုိ ႏွင့္သ႐ုပ္ျပေနရာမ်ား မ်ားဖန္တီးေပးႏုိင္တဲ့အထိေအာင္ျမင္ ခဲ့ပါတယ္..။
သုိ႔ေသာ္လည္း ဆန္းၾကယ္ တဲ့အေတြးအေခၚေတြ ကၽြန္မ ေရွ႔က ေဖၚျပခဲ့သလုိ ထားရွိသင့္တဲ့ လူ႔က်င့္ဝတ္ဆုိင္ရာအေျခခံသေဘာတရား ကုိပါအေျခခံထားတဲ့ စုိက္ပ်ဳိးနည္းစနစ္ဆုိေတာ့ ေဝဖန္တဲ့ သူေတြအမ်ားအျပား ရဲ႔ ဒဏ္ကုိလည္းခံခဲ့ရပါတယ္..။
permaculture လႈပ္ရွားမႈဟာ အာရွႏွင့္ဗဟိုအေမရိကတစ္ဝွမ္းတြင္ျပန႔္ႏွံ့ခဲ့ၿပီး ေဟာင္ေကာင္ မွာ အေျခစိုက္ တဲ့ အာရွေရရွည္တည္တံ့ခိုင္ျမဲေသာဗိသုကာပညာဌာန (AISA)၊
ဂြာတီမာလာ မွာလည္း The Mesoamerican Permaculture Institute (Instituto Mesoamericano de Permacultura – IMAP)
အယ္လ္ဆာေဗးေဒါ မွာလည္း Permaculture Institute တုိ႔ ေပၚေပါက္လာခဲ့ပါေတာ့တယ္..။
ဆက္လက္ေဖၚျပပါမည္။
ေဒါက္တာသန္းသန္းစိန္
၇.၅.၂၀၂၀
0 မွတ္ခ်က္ေရးရန္:
Post a Comment