Thursday, February 4, 2021

Permaculture (13)


Permaculture System တွင် ပါဝင်သော အိမ်မွေးတိရိစ္ဆာန်များ
======================================
အိမ်မွေးတိရိစ္ဆာန်များသည်စနစ်၏စွမ်းဆောင်ရည်နှင့်ကုန်ထုတ်စွမ်းအားကိုPermaculture System site design တွင် အမြဲလိုလို ထည့်သွင်းမွေးမြူ လေ့ရှိပါတယ်။
တိရိစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် သဘာဝ တောရိုင်းတိရစ္ဆာန်များသည် ရေ ရှည် ်တည်တံ့သောဂေဟစနစ်၏အရေးပါသော အစိတ်အပိုင်းဖြစ်ကြပါတယ်..။
သုတေသနပြုချက်အရ တိရစ္ဆာန်များရဲ့ ပါဝင် မှု နှင့် ပံ့ပိုးမှုမရှိပါကဂေဟဗေဒဆိုင်ရာ သမာဓိစွမ်းအားလျော့နည်းသွားခြင်း ဖြစ်လာနိုင်ပါတယ်…။
Permaculture System တွင်ပါဝင်တဲ့ ပေါင်းပင်ပြုပြင်ထိန်းသိမ်းခြင်း၊ မျိုးစေ့များဖြန့်ဖြူးခြင်းနှင့်ပိုးမွှားထိန်းသိမ်းခြင်း တွေ မှာ တိရိစ္ဆန် တွေ က အရေးပါလှပါတယ်..။ အပင် ကြွင်းအပင်ကျန် များ မှ အာဟာရများကို တိရိစ္ဆာန်များမှတဆင့် အဟာရသံသရာ လည်ပတ်စေတယ်…ဆိုတာ နားလည် ထားဘို့လိုအပ်ပါတယ်။
တိရိစ္ဆာန်များစွာကိုနွား၊ ဆိတ်၊ ကြက်၊ ငန်း ၊ ကြက်ဆင်၊ ယုန်၊ တိရိစ္ဆာန်များကိုမည်သို့အသုံးချနိုင်သည်ကို ပိုမိုတိကျသောရှင်းလင်းချက်ကို Permaculture System မှာတွေ့ရပါလိမ့်မယ်။
တချို့သော သြဂဲနစ် စိုက်ပျိုးရေးခြံများတွင် ကြက်များ ကို အုပ်ဆောင်းများ ဖြင့် အလှည့်ကျ လွှတ်ကျောင်း ခြင်းဖြင့် မြေဆီလွှာ ကောင်းမွန်အောင် ဆောင်ရွက်တတ်ကြပါသေးတယ်..။
ကြက်တွေက မြေဆီလွှာ ကို ယက်ခါ ယက်ခါ အစာစား တတ်ပြီး စွန့် ပစ်တဲ့အညစ်အကြေးက မြေဆီလွှာအတွက် နိုက်တြိုဂျင် ပါဝင်မှု မြင့်မားသော မြေသြဇာ တွေဖြည့်တင်းပေး လေ့ရှိပါတယ်..။
စိုက်ပျိုးပင် တွေ ကို စီမံအုပ်ချုပ် ဘို့ မထိခိုက်စေတဲ့ မွေးမြူရေး ဖြစ်ရန် ဇုန် နယ် ခွဲခြား သတ်မှတ်စီမံရန် လိုအပ်ပါတယ်..။
သို့သော်လည်း
တိရိစ္ဆာန်များသည် အပင်များထက်ပိုမိုပြီး ဂရုစိုက်မှုကို တောင်းဆိုတတ်တာ မို့ နေ့စဉ် ကြည့်ရှုစောင့်ရှောက် ရန်တော့ အရေးကြီး လှ ပါတယ်..။
နာမည် ကျော် သြဂဲနစ် စနစ် ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ Sir Albert Howard “The health of soil, plant, animal and man is one and indivisible.”
ကတော့ ဒီလို ပြောခဲ့ဘူးပါတယ်..။
ရေရှည် တည်တံ့စေတဲ့ စိုက်ပျိုးရေးစနစ် မှာ မြေဆီလွှာ ရဲ့ ကျန်းမာရေး ၊ သစ်ပင်များ ရဲ့ ကျန်းမာရေး ၊ စားသုံးသူ စိုက်ပျိုးသူ တို့ရဲ့ ကျန်းမာရေး နဲ့ အိမ်မွေး တိရိစ္ဆာန် ၊ သဘာဝ အားဖြင့်ရှိနေတဲ့ သတ္တဝါတိုရဲ့ ကျန်းမာရေးဆိုတာ ခွဲခြား လို့ မရ တဲ့ ကိစ္စရပ်တွေပါလို့ သူကဆိုခဲ့တယ်..။
“Mother earth never attempts to farm without livestock”.နောက်သူက ထပ်မံဆိုပါတယ်…။ ကျွန်မတို့ရဲ့ မိခင်ကမ္ဘာမြေ မှာ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ဘို့ဆိုရင် အိမ်မွေး တိရိစ္ဆန် တို့ရဲ့ အခန်းကဏ္ဍ မပါဝင်ပဲမဖြစ်နိုင်ပါဘူး လို့ လည်းထောက်ပြခဲ့ပါတယ်..။
တချို့သော Permaculture System မှာ Wild Life Animals တွေပါဝင်နေထိုင်နိုင်ရန် အတွက်ပါ လုပ်ဆောင်လေ့ရှိကြပါတယ်..။
ဒီအခန်းကဏ္ဍ မှာ ဆိုရင် သတ္တဝါတွေသာမက ပဲ အင်းဆက် တွေ ၊သဘာဝ ပိုးမွှား တွေကိုချေမှုန်းနှိမ်နင်း မပစ်ပဲ သူတို့ နေထိုင်နိုင်ဘို့ သဘာဝပေါက်ပင်တွေကို ပါ စိုက်ပျိုး စေပါတယ်..။
အင်းဆက်ဆွဲဆောင်သော အရောင်ပါတဲ့ ပန်းလှလှတွေပွင့်တဲ့ ပန်းပင်များပါ စိုက်ပျိုးကြပါတယ်…။
ဒီနေရာ မှာ အဲလ်ဘတ်အိုင်းစတိုင်း ရဲ့ အဆိုအမိန့်တစ်ခုကိုလည်းကိုးကားကြပါတယ်..။
“If the bee disappears from the surface of the earth, man would have no more than four years to live.”
ကမ္ဘာ ပေါ် မှာ ပျားမျိုးစိတ် ပျောက်ကွယ် မယ် ဆိုရင် လူမျိုးစိတ်သည်လည်း နောက်ထပ် ၄နှစ်သာ အသက်ရှင် ရပ်တည် နိုင်ပါလိမ့်မယ် ဆိုတဲ့အယူအဆပါ။
တချို့ ကလည်း ဒီအဆို ကို မပြောခဲ့ပါဘူး လို့ ပြန်လည် ညင်းဆိုတဲ့ အဆို အမိန့် တွေပေါ်ထွက်ခဲ့ပါသေးတယ် ။
ဘာပဲဖြစ်ဖြစ်ပေါ့နော် … ပျားဆိုတဲ့ သတ္တဝါလေး ကတော့ ကျွန်မတို့ စိုက်ပျိုးရေး မှာ အရေးပါတဲ့ အခန်းကဏ္ဍ မှာ ရှိနေပြီး ပိုးသတ်ဆေးသုံး စိုက်ပျိုးရေးကတော့ အကျိုးပြုအင်းဆက်တွေ ကို ပိုးသတ်ဆေး အောက်မှာ ဆုံးရှုံး ပျောက်ကွယ် စေတာ ကတော့ညင်းမရတဲ့ အချက်ဖြစ်ပါတယ်..။
ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး တွေက မြေပေါ်တွင်သာမက မြေအောက် မှာရှိတဲ့ Soil Bio-diversity ကိုပါ တစ်နှစ်ထက်တစ်နှစ် သေဆုံးစေလျက်ရှိပါတယ်..။
Micro-organism လို့ ခေါ် တဲ့မြေ ထဲ မှာ နေထိုင်တဲ့အလွန်သေးငယ် တဲ့သက်ရှိတွေ ပကတိ မျက်စိ နဲ့ မမြင်နိုင်တဲ့ အဏုဇီဝ ပိုးလေးတွေကတော့
လူ တိရိစ္ဆာန် တို့ နေ့စဉ် စားသုံးနေကြတဲ့ အစားအစာ ကို အဓိက ဖန်တီးပေးနေသူ တွေ ရဲ့ အခန်းကဏ္ဍ က သေးလွန်းလို့ မမြင် နိုင်ကြတာအမှန်ပါပဲ..။
ထို သဘာဝ သက်ရှိ အင်းဆက် ၊ ကျေးငှက်သာရကာ တို့ ၊အဏုဇီဝ တို့ကို သာ ရှင်သန် စေရန် ထိန်းသိမ်းပြီး အိမ်မွေး တိရိစ္ဆန် များမွေးမြူခြင်းမရှိတဲ့ Permaculture System ကို တော့ သက်သတ်လွတ် အခြေတကျ ဥယျာဉ်ခြံ စိုက်ပျိုးရေး( vegan Permaculture ) လို့ ခေါ်ပါတယ်..။
Permaculture (13)
Permaculture System တြင္ ပါဝင္ေသာ အိမ္ေမြးတိရိစၧာန္မ်ား
======================================
အိမ္ေမြးတိရိစၧာန္မ်ားသည္စနစ္၏စြမ္းေဆာင္ရည္ႏွင့္ကုန္ထုတ္စြမ္းအားကိုPermaculture System site design တြင္ အျမဲလုိလုိ ထည့္သြင္းေမြးျမဴ ေလ့ရွိပါတယ္။
တိရိစၧာန္မ်ား၊ အိမ္ေမြးတိရစၧာန္မ်ားႏွင့္ သဘာဝ ေတာရိုင္းတိရစၧာန္မ်ားသည္ ေရ ရွည္ ္တည္တံ့ေသာေဂဟစနစ္၏အေရးပါေသာ အစိတ္အပိုင္းျဖစ္ၾကပါတယ္..။
သုေတသနျပဳခ်က္အရ တိရစၧာန္မ်ားရဲ႔ ပါဝင္ မႈ ႏွင့္ ပံ့ပိုးမႈမရွိပါကေဂဟေဗဒဆိုင္ရာ သမာဓိစြမ္းအားေလ်ာ့နည္းသြားျခင္း ျဖစ္လာႏုိင္ပါတယ္…။
Permaculture System တြင္ပါဝင္တဲ့ ေပါင္းပင္ျပဳျပင္ထိန္းသိမ္းျခင္း၊ မ်ိဳးေစ့မ်ားျဖန႔္ျဖဴးျခင္းႏွင့္ပိုးမႊားထိန္းသိမ္းျခင္း ေတြ မွာ တိရိစၦန္ ေတြ က အေရးပါလွပါတယ္..။ အပင္ ၾကြင္းအပင္က်န္ မ်ား မွ အာဟာရမ်ားကို တိရိစၧာန္မ်ားမွတဆင့္ အဟာရသံသရာ လည္ပတ္ေစတယ္…ဆုိတာ နားလည္ ထားဘုိ႔လုိအပ္ပါတယ္။
တိရိစၧာန္မ်ားစြာကိုႏြား၊ ဆိတ္၊ ၾကက္၊ ငန္း ၊ ၾကက္ဆင္၊ ယုန္၊ တိရိစၧာန္မ်ားကိုမည္သို႔အသုံးခ်နိုင္သည္ကို ပိုမိုတိက်ေသာရွင္းလင္းခ်က္ကို Permaculture System မွာေတြ႔ရပါလိမ့္မယ္။
တခ်ဳိ႔ေသာ ၾသဂဲနစ္ စုိက္ပ်ဳိးေရးျခံမ်ားတြင္ ၾကက္မ်ား ကုိ အုပ္ေဆာင္းမ်ား ျဖင့္ အလွည့္က် လႊတ္ေက်ာင္း ျခင္းျဖင့္ ေျမဆီလႊာ ေကာင္းမြန္ေအာင္ ေဆာင္ရြက္တတ္ၾကပါေသးတယ္..။
ၾကက္ေတြက ေျမဆီလႊာ ကုိ ယက္ခါ ယက္ခါ အစာစား တတ္ၿပီး စြန္႔ ပစ္တဲ့အညစ္အေၾကးက ေျမဆီလႊာအတြက္ ႏုိက္ႀတုိဂ်င္ ပါဝင္မႈ ျမင့္မားေသာ ေျမၾသဇာ ေတြျဖည့္တင္းေပး ေလ့ရွိပါတယ္..။
စိုက္ပ်ဳိးပင္ ေတြ ကုိ စီမံအုပ္ခ်ဳပ္ ဘုိ႔ မထိခုိက္ေစတဲ့ ေမြးျမဴေရး ျဖစ္ရန္ ဇုန္ နယ္ ခြဲျခား သတ္မွတ္စီမံရန္ လုိအပ္ပါတယ္..။
သုိ႔ေသာ္လည္း
တိရိစၧာန္မ်ားသည္ အပင္မ်ားထက္ပိုမိုၿပီး ဂရုစုိက္မႈကုိ ေတာင္းဆိုတတ္တာ မုိ႔ ေန႔စဥ္ ၾကည့္ရႈေစာင့္ေရွာက္ ရန္ေတာ့ အေရးႀကီး လွ ပါတယ္..။
နာမည္ ေက်ာ္ ၾသဂဲနစ္ စနစ္ ကုိ စတင္တည္ေထာင္ရာတြင္ ပါဝင္ခဲ့သူ Sir Albert Howard “The health of soil, plant, animal and man is one and indivisible.”
ကေတာ့ ဒီလုိ ေျပာခဲ့ဘူးပါတယ္..။
ေရရွည္ တည္တံ့ေစတဲ့ စုိက္ပ်ဳိးေရးစနစ္ မွာ ေျမဆီလႊာ ရဲ႔ က်န္းမာေရး ၊ သစ္ပင္မ်ား ရဲ႔ က်န္းမာေရး ၊ စားသုံးသူ စုိက္ပ်ဳိးသူ တုိ႔ရဲ႔ က်န္းမာေရး နဲ႔ အိမ္ေမြး တိရိစာၦန္ ၊ သဘာဝ အားျဖင့္ရွိေနတဲ့ သတၱဝါတုိရဲ႔ က်န္းမာေရးဆုိတာ ခြဲျခား လုိ႔ မရ တဲ့ ကိစၥရပ္ေတြပါလုိ႔ သူကဆုိခဲ့တယ္..။
“Mother earth never attempts to farm without livestock”.ေနာက္သူက ထပ္မံဆုိပါတယ္…။ ကၽြန္မတုိ႔ရဲ႔ မိခင္ကမၻာေျမ မွာ စုိက္ပ်ဳိးေရး လုပ္ငန္းေဆာင္ရြက္ဘုိ႔ဆုိရင္ အိမ္ေမြး တိရိစၦန္ တုိ႔ရဲ႔ အခန္းက႑ မပါဝင္ပဲမျဖစ္ႏုိင္ပါဘူး လုိ႔ လည္းေထာက္ျပခဲ့ပါတယ္..။
တခ်ဳိ႔ေသာ Permaculture System မွာ Wild Life Animals ေတြပါဝင္ေနထုိင္ႏုိင္ရန္ အတြက္ပါ လုပ္ေဆာင္ေလ့ရွိၾကပါတယ္..။
ဒီအခန္းက႑ မွာ ဆုိရင္ သတၱဝါေတြသာမက ပဲ အင္းဆက္ ေတြ ၊သဘာဝ ပုိးမႊား ေတြကုိေခ်မႈန္းႏွိမ္နင္း မပစ္ပဲ သူတုိ႔ ေနထုိင္ႏုိင္ဘုိ႔ သဘာဝေပါက္ပင္ေတြကုိ ပါ စုိက္ပ်ဳိး ေစပါတယ္..။
အင္းဆက္ဆြဲေဆာင္ေသာ အေရာင္ပါတဲ့ ပန္းလွလွေတြပြင့္တဲ့ ပန္းပင္မ်ားပါ စုိက္ပ်ဳိးၾကပါတယ္…။
ဒီေနရာ မွာ အဲလ္ဘတ္အုိင္းစတုိင္း ရဲ႔ အဆုိအမိန္႔တစ္ခုကုိလည္းကုိးကားၾကပါတယ္..။
“If the bee disappears from the surface of the earth, man would have no more than four years to live.”
ကမၻာ ေပၚ မွာ ပ်ားမ်ဳိးစိတ္ ေပ်ာက္ကြယ္ မယ္ ဆုိရင္ လူမ်ဳိးစိတ္သည္လည္း ေနာက္ထပ္ ၄ႏွစ္သာ အသက္ရွင္ ရပ္တည္ ႏုိင္ပါလိမ့္မယ္ ဆုိတဲ့အယူအဆပါ။
တခ်ဳိ႔ ကလည္း ဒီအဆုိ ကုိ မေျပာခဲ့ပါဘူး လုိ႔ ျပန္လည္ ညင္းဆုိတဲ့ အဆုိ အမိန္႔ ေတြေပၚထြက္ခဲ့ပါေသးတယ္ ။
ဘာပဲျဖစ္ျဖစ္ေပါ့ေနာ္ … ပ်ားဆုိတဲ့ သတၱဝါေလး ကေတာ့ ကၽြန္မတုိ႔ စုိက္ပ်ဳိးေရး မွာ အေရးပါတဲ့ အခန္းက႑ မွာ ရွိေနၿပီး ပုိးသတ္ေဆးသုံး စုိက္ပ်ဳိးေရးကေတာ့ အက်ဳိးျပဳအင္းဆက္ေတြ ကုိ ပုိးသတ္ေဆး ေအာက္မွာ ဆုံးရႈံး ေပ်ာက္ကြယ္ ေစတာ ကေတာ့ညင္းမရတဲ့ အခ်က္ျဖစ္ပါတယ္..။
ေပါင္းသတ္ေဆး၊ ပုိးသတ္ေဆး ေတြက ေျမေပၚတြင္သာမက ေျမေအာက္ မွာရွိတဲ့ Soil Bio-diversity ကုိပါ တစ္ႏွစ္ထက္တစ္ႏွစ္ ေသဆုံးေစလ်က္ရွိပါတယ္..။
Micro-organism လုိ႔ ေခၚ တဲ့ေျမ ထဲ မွာ ေနထုိင္တဲ့အလြန္ေသးငယ္ တဲ့သက္ရွိေတြ ပကတိ မ်က္စိ နဲ႔ မျမင္ႏုိင္တဲ့ အဏုဇီဝ ပုိးေလးေတြကေတာ့
လူ တိရိစၦာန္ တုိ႔ ေန႔စဥ္ စားသုံးေနၾကတဲ့ အစားအစာ ကုိ အဓိက ဖန္တီးေပးေနသူ ေတြ ရဲ႔ အခန္းက႑ က ေသးလြန္းလုိ႔ မျမင္ ႏုိင္ၾကတာအမွန္ပါပဲ..။
ထုိ သဘာဝ သက္ရွိ အင္းဆက္ ၊ ေက်းငွက္သာရကာ တုိ႔ ၊အဏုဇီဝ တုိ႔ကုိ သာ ရွင္သန္ ေစရန္ ထိန္းသိမ္းၿပီး အိမ္ေမြး တိရိစၦန္ မ်ားေမြးျမဴျခင္းမရွိတဲ့ Permaculture System ကုိ ေတာ့ သက္သတ္လြတ္ အေျခတက် ဥယ်ာဥ္ျခံ စုိက္ပ်ဳိးေရး( vegan Permaculture ) လုိ႔ ေခၚပါတယ္..။
ဆက္လက္ေဖၚျပပါမည္ ။
ေမတၱာျဖင့္
ေဒါက္တာသန္းသန္းစိန္

0 မွတ္ခ်က္ေရးရန္: