Thursday, February 4, 2021

MOGPA

ကျွန်တော်တို့ ကျွန်မ တို့ ဆိုသည်မှာ ....
-----------------------------
စားရေရိက္ခာ ထုတ်လုပ် ၍ ကျွေးမွေး သော လက်တို့ သည်..
ဖြူသော..မည်းသော...
ပုသော..ရှည်သော ...
ဝသော... ပိန်သောရယ် လို့ ခွဲ ခြားခြင်းမရှိပါ..။
ဂေဟ အကျိုးပြုစိုက်ပျိုးရေး ကို ဆောင်ရွက် နေသော သြဂဲနစ် စိုက်ပျိုးထုတ်လုပ် ရေးအသင်းသည် ......
Homo sapiens ဆိုတဲ့ လူမျိုး စိတ် သာမက ကမ္ဘာပေါ်ရှိသက်ရှိများအားလုံး အတူယှဉ်တွဲနေထိုင်ရေးကို အလေးထားဆောင်ရွက် သော
Guardians of Biodiversity များ ဖြစ်ကြပါတယ်..။
Ecological Farming ဆောင်ရွက် နေသူများဖြစ်တဲ့အတွက်....
လူ.... တိရိစ္ဆာန် ..အင်းဆက် မဆိုထား နဲ့ ...
.မြေထဲ မှ အဏုဇီဝ ပိုးလေးများ ရဲ့ တည်ရှိမှုကိုပင်လေးစားစွာ ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပါတယ်..။
Organic Basic Principle ဖြစ်တဲ့
Principle of Health
Principle of Ecology
Principle of Fairness
Principle of Care တို့ကို လိုက်နာ ကြတာ မို့...။
တရားမ ျှတခြင်း ၊ တာဝန်ယူမှုရှိခြင်း စတဲ့ နာမ်ပိုင်းဆိုင်ရာအရည်အသွေး များ ကို ပါအထူးဂရု စိုက်ပါတယ်..။
သဘာဝကိုရိုသေအပ်တယ် လို့ မှတ်ယူပါတယ်...။
ဖျက်ဆီးလိုခြင်းလည်းမရှိပါ။
Permaculture မှာဆိုရင်လည်း ..
Universal Ethical Principle ( တစ်လောက လုံး နှင့်ဆိုင်သော ထားရှိသင့်တဲ့ လူ့ကျင့်ဝတ်ဆိုင်ရာအခြေခံသဘောတရား )ကိုပါ
အခြေခံထားတဲ့ စိုက်ပျိုးနည်းစနစ် ဆိုတာကိုလေးစားလိုက်နာကြပါတယ်..။
-ရိုးသားမှု..။
-အမှန်တရားကိုသာပြောဆို ကျင့်ကြံ တဲ့ သစ္စာတရား။
-အများရဲ့ ယုံကြည် မှုနဲ့ ထိုက်တန်ခြင်း။
-တခြားသူတို့ရဲ့ အခွင့်အရေးကိုလေးစားတတ်ခြင်း။
-တစ်ဘက်သား အပေါ်ဂုဏ်သိက္ခာ ရှိစွာ ဆက်ဆံတတ်ခြင်း။
-မိမိစိုက်ပျိုးထုတ်လုပ်တဲ့ ထုတ်ကုန်အပေါ်မှာ လုံ့လ ဝီရိယ အပြည့်ဖြင့် ဘေးအန္တရာယ် လုံခြုံစိတ်ချရအောင်စိုက်ပျိုးထုတ်လုပ်ခြင်း။
-မိမိ စိုက်ပျိုးသီးနှံကိုစားသုံးကြသူတွေ ဘေးအန္တရာယ် မရှိစေ ဘို့ ဂရုစိုက်သလို စိုက်ပျိုးတဲ့ သဘာဝ ပတ်ဝန်းကျင် ကို မဖျက်ဆီးခြင်း ။
ဆိုတဲ့အချက်တွေကိုအခြေ ခံထားတဲ့ စိုက်ပျိုးနည်းစနစ် ပဲ ဖြစ်ပါတယ်..။
PGS Certification System မှာလည်း တစ်ဦး နဲ့ တစ်ဦးဆက်ဆံရေး သည်
Horizontal ဆက်ဆံရေးသာ ဖြစ်ပါတယ်..။
ဒါကြောင့် မေတ္တာဖြင့်စိုက်ပျိုးခြင်း ရယ်လို့ သာ မှတ်ယူကျင့်ဆောင်ပါတယ်...။
ချစ်သောမြန်မာပြည်.......
မေတ္တာများ ဖြင့် မုဒိတာ တရားဖြင့် ငြိမ်းချမ်းအေးမြပါစေလို့ သာ ဆုတောင်းပါရစေ..။
ချစ်သောပြည်သူများနှင့်အတူ...
ကိုယ်တို့ ပိုင်ဆိုင်ရာ မေတ္တာမြေဝယ် သစ္စာအသီးအပွင့် ဖူးပွင့် စေပါမယ်..။ 
ဒေါက်တာသန်းသန်းစိန်
-----------------------------
ဖြူသော..မည်းသော...
ပုသော..ရှည်သော ...
  • Principle of Health
  • Principle of Ecology
  • Principle of Fairness
-ရိုးသားမှု..။
ချစ်သောမြန်မာပြည်.......
မေတ္တာများ ဖြင့် မုဒိတာ တရားဖြင့် ငြိမ်းချမ်းအေးမြပါစေလို့ သာ ဆုတောင်းပါရပါတယ်...။
ချစ်သောပြည်သူများနှင့်အတူ...
ကိုယ်တို့ ပိုင်ဆိုင်ရာ မေတ္တာမြေဝယ် သစ္စာအသီးအပွင့် ဖူးပွင့် စေပါမယ်..။ 
ဒေါက်တာသန်းသန်းစိန်

0 မှတ်ချက်ရေးရန်: