Thursday, February 4, 2021

Permaculture (10)


နယ်မြေစည်းခြား အကျိုးပွား ( Edge Effect and Ecotone များကိုလက်တွေ့အသုံးချခြင်း
-----------------------------------------------------------
ပြီးခဲ့တဲ့အပိုင်း မှာ ကျွန်မ က Edge Effect အကြောင်း သူ့ ရဲ့အကျိုးကျေးဇူး တွေပြောပြခဲ့ပါတယ်...။
လွယ်လွယ် သဘောပေါက် ချင်ရင်တော့ ကျွန်မတို့ ငှက်ပျောသီးကို အဖီးလိုက်ဝယ်တဲ့အခါ ..အစွန်ဆုံး အလုံးတွေဟာ ပိုဝတယ် သုံးမြှောင့်ပဲရှိတယ် အတွင်းကအလုံးတွေလို လေးမြှောင့်မရှိဘူး..။ ပိုချို ပါတယ်..။ အွန်းမှာ နေလို့ နေ..ရေ..အစာပိုရတဲ့သဘောပါ..။
ဂေဟစနစ် တွေအကြောင်း လေ့လာ ကြတဲ့ ဂေဟဗေဒပညာရှင် တွေဟာ
ဂေဟစနစ် တွေ ကို ပုံသေ ကားကျ မှတ်ယူလေ့မရှိ ကြပါ..။
အမြဲရှင်သန်ပြောင်းလဲနေတတ်တဲ့အရာ တွေအနေနဲ့ ၎င်းတို့ ချင်း ထိစပ်နေတဲ့ နယ်နိမိတ် တွေ မှတဆင့်တစ်ခါတစ်ရံ အကြီးအကျယ်ရွေ့လျား ပြောင်း လဲ နေတတ်တယ် ဆိုတာ သိထားကြပါတယ်..။
ပုံသေမဟုတ် ပွင့်လင်းသောစနစ် ( Open System) များအဖြစ် မသတ်မှတ်ပါကဂေဟစနစ် တွေ ရဲ့ ပြောင်းလဲမှုကိုနားလည်နိုင်မှာ မဟုတ်ပါ။
နိုက်ထရိုဂျင်နှင့်သြ ဂဲနစ်ကာဗွန် တို့ကို အပင်ကော တိရိစ ္ဆာန် မျာ ဘုံ ငွေကြေး သဖွယ် သုံး စွဲ ကြတယ် ။ အချင်းချင်း လဲလှယ်် ကြတယ် ..။ သိုလှောင် ကြတယ် ..။
ဒါ့အပြင် သက်ရှိတွေ နဲ့ သက်မဲ့တွေ ရပ်တည်ရာနယ် နမိတ် တွေ မှာ သူတို့ ဘယ်လို ကူးပြောင်း ရောက်ရှိ သွားကြတယ် ဆိုတာကို ခြေရာခံရင်း ဂေဟဗေဒပညာရှင်များသည်ဂေဟစနစ်များသည် တစ်ခု နဲ့ တစ်ခု ကွန်ယက်လို ချိတ်ဆက် ဆက်စပ်နေတယ် ဆိုတာကို သက်သေ ပြသ ခဲ့ကြပါတယ်..။
Source: Bart Johnson, Kristina Hill – “Ecology and Design, Frameworks for Learning”, Island Press, 2002
ဒီသဘောတရားကို လူတွေ စိုက်ပျိုးမဲ့ Permaculture စိုက်ပျိုးရေး ဒီဇိုင်းအတွက် Edge Effect ကိုအသုံးပြု ကြပါတယ်..။
ပထမ ဖေါ်ပြခဲ့တဲ့အတိုင်း ဂေဟ စနစ် တို့ ရဲ့ နယ် စပ် စည်းခြား ဆက်စပ်နေသည့်နေရာ များဟာ ဂေဟစနစ် တစ်ခု နဲ့ တစ်ခု ဆက်သွယ်မှုလမ်းကြောင်းအဖြစ်အသုံးချပြီးထိုနယ်နိမိတ်များသည်များစွာအကျိုးဖြစ်ထွန်း ကြောင်းနားလည် ပြီး အသုံးချခဲ့ကြပါတယ်..။
သဘာဝတရား ရဲ့ တည်ရှိမှု သက်တမ်း တွေက ကြာရှည်ခဲ့ပါပြီ….။
တွေ့ရတဲ့ သဘာဝ ဒီဇိုင်းများ မှာ ဖြောင့်မတ်သောလိုင်းများမရှိကြောင်းကျွန်မ တို့သိဘို့ လိုအပ် ပါတယ်..။
ဒါကြောင့် အကျိုးဖြစ်ထွန်းစွာ တည်ရှိလျက်ရှိတဲ့ သဘာဝ ဒီဇိုင်း တွေကိုလေ့လာကြည့် ကြပါမယ်..။
သဘာဝ မှာ သက်မဲ့အရာဝတ္ထုတွေကို လူတွေ ဖန်တီးထုတ်လုပ်သလို ထပ်တူထပ်မ ျှတူတယ် ဆိုတာ မရှိကြပါဘူး..။
သို့သော်လည်း သက်ရှိတွေက ကျတော့ သူနဲ့ မျိုးတူ ရာကို ထပ်တူထပ်မ ျှနီးပါး ထုတ်လုပ်သလို မွေးဖွားနိုင်ကြပါတယ်..။ သက်မဲ့တွေက မတူကြဘူး..။
ဥပမာ -
မြစ်များဟာ ရှုခင်းများကို ဖြတ်၍ အကွေ့အကောက်များသောလမ်းကြောင်းများကိုဖြတ်သန်းစီးဆင်းစေပါတယ် ။
ဖြောင့်ဖြောင့်တန်းတန်းစီးတယ် ဆိုတာ မရှိပါဘူး..။ မြစ် တွေက ကုန်းတွင်းသို့ထိုးဖောက် ၀ င်ရောက်မှုပြီး သူတို့ ရဲ့ နေရာယူမှု ကြီးမားလာ ပါတယ်..။
အလားတူစွာ ထိုပုံစံမျိုးကိုျကျွန်မ တို့အစာကြေသောအစားအစာမှအာဟာရများ ကိုစုပ်ယူ ဘို့ အရှည်ကိုတိုးချဲ့ရန် အူသိမ်များ ရဲ့ ဒီဇိုင်း ဟာ သဘာဝ မှာ ခွေခေါက်လျက် ရှိပါတယ်..။
သက်ရှိဆဲလ်များအတွင်းရှိ တဲ့ Mitochondria ရဲ့အနားဟာလည်း မျဉ်းဖြောင့်မဟုတ်ပဲ လှိုင်းတွန့်သဏ္ဍန် တွေ့ရမှာ ဖြစ်ပါတယ်..။
ဒါကြောင့်မို့ လို့ ကျွန်မ တို့ဟာ ထို သဘောတရားတွေကိုအခြေခံပြီး Biodiversity ကြွယ် ဝ တဲ့ Ecotone ဧရိယာ တိုးစေပြီး Edge Effect ပိုမိုရရှိအောင် ဒီဇိုင်းကို ဆွဲကြပါတယ်..။
ဥပမာ-ရေကန်တစ်ကန်ကိုတည်ဆောက်လျှင်ရေကန်အရွယ်အစားကိုပြောင်းလဲခြင်းမရှိဘဲ အစွန်း (မြေပြင် နှင့်ရေမျက်နှာပြင်) ထိစပ်နေသော Edge ရဲ့ အရှည်ကိုနှစ်ဆတိုးနိုင်ပြီး၎င်းသည်ပတ် ၀ န်းကျင်ရှိထုတ်လုပ်မှုစွမ်းအားကိုနှစ်ဆလောက်တိုးတက်လာအောင်လုပ်လို့ရပါတယ်..။
အောက်ပါ ဥပမာတွင်သင်္ချာတွက်ချက်မှုများအရ အချင်း ၁၁.၃ မီတာ ရှိတဲ့ စက်ဝိုင်းအပေါ် အခြေခံပြီး ထို အချင်း ကိုမပြောင်းလဲ ပဲ ၊ ရေကန်သည်ရေမျက်နှာပြင်အတွက်စတုရန်းမီတာ ၁၀၀ ကိုလည်းမပြေင်းလဲပဲ။
မြေပြင် နဲ့ ရေပြင် ထိစပ်နေသော အစွန်းကို မျဉ်း ဖြောင့်ခြင်းမှလှိုင်းအဖြစ်ပြောင်းလဲခြင်းအားဖြင့် ထုတ်လုပ်မှု စွမ်းအားကောင်း မွန်သော Ecotone Area ထိရောက်သောပတ် ၀ န်းကျင်ကိုနှစ်ဆတိုးနိုင်လာပါတယ်..။
ကျွန်မ တို့ Permaculture
အခြေတကျ ဥယျာဉ် ခြံစိုက်ပျိုးရေး ရဲ့ စိုက်ပျိုးသည့်ဘောင်ဒီဇိုင်း ရေးဆွဲ ရာမှာ ထို နိယမကိုကျင့်သုံးနိုင်ပါတယ်..။ ဥယျာဉ် ထဲမှာ မျဉ်းဖြောင့်များအစား မျဉ်းကွေး များဖြင့်ပုံဖေါ်ခြင်းဖြင့် စိုက်ပျိုး သည့်နေရာလွတ်ပိုများလာပါတယ်..။
ကျွန်မတို့ 'သော့ခလောက် ပေါက် နဲ့ တူ တဲ့ပျိုးဘောင်များ' ကို သုံး ကာ မျဉ်းဖြောင့်ပျိုးဘောင် ကနေ လမ်းသွယ်လိုက် တဲ့ဒီဇိုင်းပဲဖြစ်ပါတယ်..။
စိုက်ပျိုးသည့် ဥယျာဉ် မှာ နေရာလွတ်နှင့်အနားများကိုတိုးချဲ့ ထားတာကိုပုံမှာ တွေ့ရပါမယ်..။ အပင်ဦးရေ ပိုပြီး ဝင်ဆန့်လာ တာကို လည်းတွေ့ရမှာပါ..။
ထို Edge Effect သဘောတရားဟာ Permaculture နောက်ကွယ်မှအခြေခံနိယာမဖြစ်ပါတယ်..။
ဥယျာဉ်ခြံ များတွင်သာမက ပဲ Field Crop ယာခင်းထဲမှာ လည်း သီးနှံနှစ်မျိုးကိုပြောင်း နဲ့ဂျုံကို အတန်း နဲ့ စိုက်ပြီး ပဲပိစပ်ကို လှိုင်း ကဲ့သို့လိုင်းများ နဲ့ စိုက်ပျိုးနိုင်တာ ဒီနိယမ ရဲ့ အားသာချက်ကိုအသုံးချထားတာဖြစ်ပါတယ်..။
နေရာအကျယ်အဝန်း ကိုလည်းအကျိုးအရှိဆုံး အသုံးချနိုင်ပြီး အပင်များကို နေရာဒေသတစ်ခုသို့ပိုမိုထည့်သွင်း စိုက်ပျိုးနိုင်လာပါတယ်..။
ထိုသို့သောစနစ်ကို Strip Intercropping ဟုလည်း ရည်ညွှန်းလေ့ရှိပြီး ကောက်ပဲသီးနှံမျိုးစုံကို နေရာကျဉ်းကျဉ်းမှာ လိုက်လျောညီထွေရှိတဲ့မျိုးစိတ် တွေ ထည့်သွင်း စိုက်ပျိုးပြီးကွဲပြားခြားနားသော မျိုးစိတ်များအကြားအပြန်အလှန်ဆက်သွယ်မှုကို ( ဥပမာ= ပဲ နဲ့ ပြောင်းမှာ အကျိုးရှိပုံမျိုး) အကျိုးရှိစေပါတယ်..။
Edge Effect အတွက် လိုင်း များ ကို ပုံစံအမျိုးမျိုးဖြင့် ဆွဲ ယူနိုင်ပါတယ်..။
ခြံစည်းရိုးအတွက် Zig Zag ဇီဇတ်ပုံကလေကိုခံနိုင်ရည်ရှိစေပါတယ်..။
တောင်စောင်းတစ်လျှောက်ရှိလမ်းများကို ကွန်တိုလိုင်းအတိုင်း ဖေါ်ဆောင်ပြီး ကြီးထွားလာသော ဧရိယာများကိုထိန်းသိမ်း ရမှာပါ။
စိုက်ခင်းများကို ခရုပတ်ပုံ လည်း တောင်ကုန်းလို မို့မို့မောက်မောက် အလိမ်အကောက် လည်းဖေါ်ကြတာ ဒီသဘောတွေပါပဲ..။
ဘာကြောင့် ဒီလို တွေ လုပ်ရတယ် ဆိုတာကတော့ Edge Effect လိုချင်လို့.... အရည်အသွေးကောအရည်အတွက် ပါတိုးပွားစေချင်လို့ ဆိုတာ သိလောက်ပြီ ထင်ပါတယ်..။
ဆက်လက်ဖေါ်ပြပါမည်..။
ဒေါက်တာသန်းသန်းစိန်
ခေတ္တ- မှော်ဘီ ရက်ရှည် တရားရိပ်သာ(ဝါဆိုလပြည့်နေ့)
Permaculture (10)
နယ္ေျမစည္းျခား အက်ဳိးပြား ( Edge Effect and Ecotone မ်ားကုိလက္ေတြ႔အသုံးခ်ျခင္း
-----------------------------------------------------------
ၿပီးခဲ့တဲ့အပုိင္း မွာ ကၽြန္မ က Edge Effect အေၾကာင္း သူ႔ ရဲ႔အက်ဳိးေက်းဇူး ေတြေျပာျပခဲ့ပါတယ္...။
လြယ္လြယ္ သေဘာေပါက္ ခ်င္ရင္ေတာ့ ကၽြန္မတုိ႔ ငွက္ေပ်ာသီးကုိ အဖီးလုိက္ဝယ္တဲ့အခါ ..အစြန္ဆုံး အလုံးေတြဟာ ပုိဝတယ္ သုံးေျမွာင့္ပဲရွိတယ္ အတြင္းကအလုံးေတြလုိ ေလးေျမွာင့္မရွိဘူး..။ ပုိခ်ုိ ပါတယ္..။ အြန္းမွာ ေနလုိ႔ ေန..ေရ..အစာပုိရတဲ့သေဘာပါ..။
ေဂဟစနစ္ ေတြအေၾကာင္း ေလ့လာ ၾကတဲ့ ေဂဟေဗဒပညာရွင္ ေတြဟာ
ေဂဟစနစ္ ေတြ ကို ပုံေသ ကားက် မွတ္ယူေလ့မရွိ ၾကပါ..။
အျမဲရွင္သန္ေျပာင္းလဲေနတတ္တဲ့အရာ ေတြအေနနဲ႔ ၎တို႔ ခ်င္း ထိစပ္ေနတဲ့ နယ္နိမိတ္ ေတြ မွတဆင့္တစ္ခါတစ္ရံ အႀကီးအက်ယ္ေရြ႕လ်ား ေျပာင္း လဲ ေနတတ္တယ္ ဆုိတာ သိထားၾကပါတယ္..။
ပုံေသမဟုတ္ ပြင့္လင္းေသာစနစ္ ( Open System) မ်ားအျဖစ္ မသတ္မွတ္ပါကေဂဟစနစ္ ေတြ ရဲ႔ ေျပာင္းလဲမႈကိုနားလည္နိုင္မွာ မဟုတ္ပါ။
နိုက္ထရိုဂ်င္ႏွင့္ၾသ ဂဲနစ္ကာဗြန္ တုိ႔ကုိ အပင္ေကာ တိရိစ ၦာန္ မ်ာ ဘုံ ေငြေၾကး သဖြယ္ သုံး စြဲ ၾကတယ္ ။ အခ်င္းခ်င္း လဲလွယ္္ ၾကတယ္ ..။ သိုေလွာင္ ၾကတယ္ ..။
ဒါ့အျပင္ သက္ရွိေတြ နဲ႔ သက္မဲ့ေတြ ရပ္တည္ရာနယ္ နမိတ္ ေတြ မွာ သူတုိ႔ ဘယ္လုိ ကူးေျပာင္း ေရာက္ရွိ သြားၾကတယ္ ဆုိတာကုိ ေျခရာခံရင္း ေဂဟေဗဒပညာရွင္မ်ားသည္ေဂဟစနစ္မ်ားသည္ တစ္ခု နဲ႔ တစ္ခု ကြန္ယက္လုိ ခ်ိတ္ဆက္ ဆက္စပ္ေနတယ္ ဆုိတာကုိ သက္ေသ ျပသ ခဲ့ၾကပါတယ္..။
Source: Bart Johnson, Kristina Hill – “Ecology and Design, Frameworks for Learning”, Island Press, 2002
ဒီသေဘာတရားကုိ လူေတြ စုိက္ပ်ဳိးမဲ့ Permaculture စုိက္ပ်ဳိးေရး ဒီဇိုင္းအတြက္ Edge Effect ကိုအသုံးျပဳ ၾကပါတယ္..။
ပထမ ေဖၚျပခဲ့တဲ့အတိုင္း ေဂဟ စနစ္ တုိ႔ ရဲ႔ နယ္ စပ္ စည္းျခား ဆက္စပ္ေနသည့္ေနရာ မ်ားဟာ ေဂဟစနစ္ တစ္ခု နဲ႔ တစ္ခု ဆက္သြယ္မႈလမ္းေၾကာင္းအျဖစ္အသုံးခ်ၿပီးထိုနယ္နိမိတ္မ်ားသည္မ်ားစြာအက်ိဳးျဖစ္ထြန္း ေၾကာင္းနားလည္ ၿပီး အသုံးခ်ခဲ့ၾကပါတယ္..။
သဘာဝတရား ရဲ႔ တည္ရွိမႈ သက္တမ္း ေတြက ၾကာရွည္ခဲ့ပါၿပီ….။
ေတြ႔ရတဲ့ သဘာဝ ဒီဇိုင္းမ်ား မွာ ေျဖာင့္မတ္ေသာလိုင္းမ်ားမရွိေၾကာင္းကၽြန္မ တို႔သိဘုိ႔ လိုအပ္ ပါတယ္..။
ဒါေၾကာင့္ အက်ဳိးျဖစ္ထြန္းစြာ တည္ရွိလ်က္ရွိတဲ့ သဘာဝ ဒီဇုိင္း ေတြကုိေလ့လာၾကည့္ ၾကပါမယ္..။
သဘာဝ မွာ သက္မဲ့အရာဝတၳဳေတြကုိ လူေတြ ဖန္တီးထုတ္လုပ္သလုိ ထပ္တူထပ္မ ွ်တူတယ္ ဆုိတာ မရွိၾကပါဘူး..။
သုိ႔ေသာ္လည္း သက္ရွိေတြက က်ေတာ့ သူနဲ႔ မ်ဳိးတူ ရာကုိ ထပ္တူထပ္မ ွ်နီးပါး ထုတ္လုပ္သလုိ ေမြးဖြားႏုိင္ၾကပါတယ္..။ သက္မဲ့ေတြက မတူၾကဘူး..။
ဥပမာ -
ျမစ္မ်ားဟာ ရႈခင္းမ်ားကို ျဖတ္၍ အေကြ႕အေကာက္မ်ားေသာလမ္းေၾကာင္းမ်ားကိုျဖတ္သန္းစီးဆင္းေစပါတယ္ ။
ေျဖာင့္ေျဖာင့္တန္းတန္းစီးတယ္ ဆုိတာ မရွိပါဘူး..။ ျမစ္ ေတြက ကုန္းတြင္းသို႔ထိုးေဖာက္ ၀ င္ေရာက္မႈၿပီး သူတုိ႔ ရဲ႔ ေနရာယူမႈ ႀကီးမားလာ ပါတယ္..။
အလားတူစြာ ထုိပုံစံမ်ဳိးကုိၽကၽြန္မ တို႔အစာေၾကေသာအစားအစာမွအာဟာရမ်ား ကိုစုပ္ယူ ဘုိ႔ အရွည္ကိုတိုးခ်ဲ႕ရန္ အူသိမ္မ်ား ရဲ႔ ဒီဇုိင္း ဟာ သဘာဝ မွာ ေခြေခါက္လ်က္ ရွိပါတယ္..။
သက္ရွိဆဲလ္မ်ားအတြင္းရွိ တဲ့ Mitochondria ရဲ႔အနားဟာလည္း မ်ဥ္းေျဖာင့္မဟုတ္ပဲ လႈိင္းတြန္႔သ႑န္ ေတြ႔ရမွာ ျဖစ္ပါတယ္..။
ဒါေၾကာင့္မုိ႔ လုိ႔ ကၽြန္မ တုိ႔ဟာ ထုိ သေဘာတရားေတြကုိအေျခခံၿပီး Biodiversity ၾကြယ္ ဝ တဲ့ Ecotone ဧရိယာ တုိးေစၿပီး Edge Effect ပုိမုိရရွိေအာင္ ဒီဇုိင္းကုိ ဆြဲၾကပါတယ္..။
ဥပမာ-ေရကန္တစ္ကန္ကိုတည္ေဆာက္လၽွင္ေရကန္အရြယ္အစားကိုေျပာင္းလဲျခင္းမရွိဘဲ အစြန္း (ေျမျပင္ ႏွင့္ေရမ်က္ႏွာျပင္) ထိစပ္ေနေသာ Edge ရဲ႔ အရွည္ကိုႏွစ္ဆတိုးနိုင္ၿပီး၎သည္ပတ္ ၀ န္းက်င္ရွိထုတ္လုပ္မႈစြမ္းအားကိုႏွစ္ဆေလာက္တုိးတက္လာေအာင္လုပ္လုိ႔ရပါတယ္..။
ေအာက္ပါ ဥပမာတြင္သခၤ်ာတြက္ခ်က္မႈမ်ားအရ အခ်င္း ၁၁.၃ မီတာ ရွိတဲ့ စက္ဝိုင္းအေပၚ အေျခခံၿပီး ထုိ အခ်င္း ကုိမေျပာင္းလဲ ပဲ ၊ ေရကန္သည္ေရမ်က္ႏွာျပင္အတြက္စတုရန္းမီတာ ၁၀၀ ကုိလည္းမေျပင္းလဲပဲ။
ေျမျပင္ နဲ႔ ေရျပင္ ထိစပ္ေနေသာ အစြန္းကို မ်ဥ္း ေျဖာင့္ျခင္းမွလွိုင္းအျဖစ္ေျပာင္းလဲျခင္းအားျဖင့္ ထုတ္လုပ္မႈ စြမ္းအားေကာင္း မြန္ေသာ Ecotone Area ထိေရာက္ေသာပတ္ ၀ န္းက်င္ကိုႏွစ္ဆတိုးနိုင္လာပါတယ္..။
ကၽြန္မ တုိ႔ Permaculture
အေျခတက် ဥယ်ာဥ္ ျခံစုိက္ပ်ဳိးေရး ရဲ႔ စုိက္ပ်ဳိးသည့္ေဘာင္ဒီဇုိင္း ေရးဆြဲ ရာမွာ ထုိ နိယမကုိက်င့္သုံးႏုိင္ပါတယ္..။ ဥယ်ာဥ္ ထဲမွာ မ်ဥ္းေျဖာင့္မ်ားအစား မ်ဥ္းေကြး မ်ားျဖင့္ပုံေဖၚျခင္းျဖင့္ စုိက္ပ်ဳိး သည့္ေနရာလြတ္ပုိမ်ားလာပါတယ္..။
ကၽြန္မတို႔ 'ေသာ့ခေလာက္ ေပါက္ နဲ႔ တူ တဲ့ပ်ဳိးေဘာင္မ်ား' ကို သုံး ကာ မ်ဥ္းေျဖာင့္ပ်ဳိးေဘာင္ ကေန လမ္းသြယ္လုိက္ တဲ့ဒီဇုိင္းပဲျဖစ္ပါတယ္..။
စုိက္ပ်ုိးသည့္ ဥယ်ာဥ္ မွာ ေနရာလြတ္ႏွင့္အနားမ်ားကိုတိုးခ်ဲ႔ ထားတာကုိပုံမွာ ေတြ႔ရပါမယ္..။ အပင္ဦးေရ ပုိၿပီး ဝင္ဆန္႔လာ တာကုိ လည္းေတြ႔ရမွာပါ..။
ထုိ Edge Effect သေဘာတရားဟာ Permaculture ေနာက္ကြယ္မွအေျခခံနိယာမျဖစ္ပါတယ္..။
ဥယ်ာဥ္ျခံ မ်ားတြင္သာမက ပဲ Field Crop ယာခင္းထဲမွာ လည္း သီးႏွံႏွစ္မ်ိဳးကိုေျပာင္း နဲ႔ဂ်ဳံကုိ အတန္း နဲ႔ စုိက္ၿပီး ပဲပိစပ္ကုိ လႈိင္း ကဲ့သုိ႔လုိင္းမ်ား နဲ႔ စုိက္ပ်ဳိးႏုိင္တာ ဒီနိယမ ရဲ႔ အားသာခ်က္ကုိအသုံးခ်ထားတာျဖစ္ပါတယ္..။
ေနရာအက်ယ္အဝန္း ကုိလည္းအက်ဳိးအရွိဆုံး အသုံးခ်နိုင္ၿပီး အပင္မ်ားကို ေနရာေဒသတစ္ခုသို႔ပိုမိုထည့္သြင္း စုိက္ပ်ဳိးႏုိင္လာပါတယ္..။
ထိုသို႔ေသာစနစ္ကို Strip Intercropping ဟုလည္း ရည္ညႊန္းေလ့ရွိၿပီး ေကာက္ပဲသီးႏွံမ်ိဳးစုံကို ေနရာက်ဥ္းက်ဥ္းမွာ လုိက္ေလ်ာညီေထြရွိတဲ့မ်ဳိးစိတ္ ေတြ ထည့္သြင္း စိုက္ပ်ိဳးၿပီးကြဲျပားျခားနားေသာ မ်ိဳးစိတ္မ်ားအၾကားအျပန္အလွန္ဆက္သြယ္မႈကို ( ဥပမာ= ပဲ နဲ႔ ေျပာင္းမွာ အက်ဳိးရွိပုံမ်ဳိး) အက်ဳိးရွိေစပါတယ္..။
Edge Effect အတြက္ လုိင္း မ်ား ကုိ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ဆြဲ ယူနိုင္ပါတယ္..။
ၿခံစည္းရိုးအတြက္ Zig Zag ဇီဇတ္ပုံကေလကိုခံနိုင္ရည္ရွိေစပါတယ္..။
ေတာင္ေစာင္းတစ္ေလၽွာက္ရွိလမ္းမ်ားကို ကြန္တုိလုိင္းအတုိင္း ေဖၚေဆာင္ၿပီး ႀကီးထြားလာေသာ ဧရိယာမ်ားကိုထိန္းသိမ္း ရမွာပါ။
စုိက္ခင္းမ်ားကုိ ခရုပတ္ပုံ လည္း ေတာင္ကုန္းလုိ မုိ႔မုိ႔ေမာက္ေမာက္ အလိမ္အေကာက္ လည္းေဖၚၾကတာ ဒီသေဘာေတြပါပဲ..။
ဘာေၾကာင့္ ဒီလုိ ေတြ လုပ္ရတယ္ ဆုိတာကေတာ့ Edge Effect လုိခ်င္လုိ႔.... အရည္အေသြးေကာအရည္အတြက္ ပါတုိးပြားေစခ်င္လုိ႔ ဆုိတာ သိေလာက္ၿပီ ထင္ပါတယ္..။
ဆက္လက္ေဖၚျပပါမည္..။
ေဒါက္တာသန္းသန္းစိန္
ေခတၱ- ေမွာ္ဘီ ရက္ရွည္ တရားရိပ္သာ(ဝါဆုိလျပည့္ေန႔)

0 မွတ္ခ်က္ေရးရန္: