Thursday, February 4, 2021

Permaculture (12)


လူသားနှင့် Permaculture
==================
Permaculture အခြေတကျ ဥယျာဉ်ခြံစိုက်ပျိုး ခြင်း သည်အသစ်တဖန်ပြန်လည်ထူထောင်သောစနစ်များ ဖန်တီး တည်ဆောက်ရန်အတွက် သဘာဝတရား တွင် မျက်မြင်လေ့လာတွေ့ရှိချက်များ အခြေခံ ထားလေ့ရှိပါတယ်..။
လက်ရှိဒိဋ္ဌ အမှန်တရားကို နားလည် သဘောပေါက်ရန် အသုံးချ တတ်ရန်လည်း ညွှန်းပြ ပြောဆိုတတ်ပါတယ်..။
ဒီအကြောင်းကို ရေးတဲ့အခါ ကျွန်မက Wikipedia , Permaculture စာမျက်နှာကိုပဲ အဓိက ထားပြီး ကျောရိုးအဖြစ်အခြေခံထားပါတယ်..။ ထိုခေါင်းစဉ်များ အောက်မှာ မှ Ecology ဂေဟဗေဒ ရဲ့ အခြေခံသဘောတရားကို ကိုယ်သင်ယူထားတာ နဲ့ အခြေခံ ပြီး Google Internet စာမျက်နှာမှ တဆင့်သတင်းအချက်အလက်ကို ရယူရေးသားထားတာ ဖြစ်ပါတယ်..။
အခုဆိုရင် ထိုခေါင်းစဉ် အတိုင်းဇုံများ ခွဲခြားခြင်း အကြောင်း ပြီးဆုံးပြီး People and Permaculture ဆိုတဲ့ခေါင်းစဉ်ကိုရောက်ခဲ့ပါတယ်..။
ဒီနေရာမှာ ဂေဟ ဗေဒ သင်္ခန်းစာကနေ ထိုနေရာတွေ မှာနေထိုင် ကျက်စားကြတဲ့လူတွေ ရဲ့ သဘောတရားဆက်စပ်နားလည် ဘို့ သူကပြောပြပါတယ်.။
ဒီစိုက်ပျိုးရေး စနစ်မှာတော့ ပထမ ဦး ဆုံးအနေနဲ့ ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှုကျင့်ဝတ်ကို ပိုမိုအာရုံစိုက်ရန်လိုအပ် လှပါတယ်..။
သဘာဝ ပတ်ဝန်းကျင်ကိုဖျက်ဆီး ဖြိုဖျက်တဲ့ စီမံကိန်းများ ကို သတိထား ရပါမယ်..။ ဒုတိယအနေဖြင့် သက်ဆိုင်ရာဒသ ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများ ကိုထိရောက်စွာအသုံးပြုနိုင်ရန်ဖြစ် ပြီး သူတို့ရဲ့ မြေယာ ရှုခင်းများကိုမြတ်နိုးစွာထိန်းသိမ်းတတ်ပြီး တက်ကြွကျန်းမာသန်စွမ်းသောလူများနှင့်လူမှုအသိုင်းအဝိုင်းကိုဖန်တီး ပေးရန် မှာ အဓိကအချက် တွေပဲဖြစ်ပါတယ်…။
မနေ့က တော့ Permaculture နဲ့ ပတ်သက်တဲ့ စာအုပ် တွေ လိုက်ရှာရင်း Peter Bane ဆိုတဲ့ စာရေးသူ တစ်ယောက် ရဲ့ Permaculture စာအုပ်ကလေးက ကျွန်မ လက်ထဲရောက်လာပါတယ်..။
ဒီစာအုပ်ရဲ့ ပထမ စာမျက်နှာကို လှန်လိုက်တယ် ဆိုရင် ပဲ Scott Russell Sanders ဆိုသူ စာရေးဆရာ (A Conservationist - စာအုပ်ကိုရေးသားသူ )က ဒီလို ဆိုထားပါတယ်..။
“Peter Bane offers a powerful antidote to what we might call our “ephemeraculture”— the consumerist, oil-dependent, wasteful, and ruinous way of life produced by the marriage of industrialism and capitalism. In a voice at once practical and visionary, he tells how we can achieve security, practice self-reliance, and revive local economies by shifting to a regenerative form of agriculture, beginning in our own backyards. If you’re hungry for hope, good food, neighborliness, conviviality, and survival skills, here is the book for you.
— Scott Russell Sanders, author of A Conservationist ”
Excerpt From: Peter Bane. “The Permaculture Handbook: Garden Farming for Town and Country.” iBooks.
စက်မှုလုပ်ငန်းများနှင့်အရင်းရှင်စနစ်၏ပေါင်းစည်းမှု ကြောင့် (လက်ထပ်ထိမ်းမြားမှု) ကြောင့်ဖြစ်ပေါ်လာသောစားသုံးခြင်း အဓိက ဝါဒ လက်ဝယ်ကိုင်စွဲသူများ ၊ တွင်းထွက် ရေနံအပေါ်မှီခို ကာစိုက်ပျိုးနေမှု၊ အလွဲသုံးစွဲ ဖြုန်းတီးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းစေသောဘဝပုံစံကိုကျွန်မ တို့ရဲ့ “ ယဉ်ကျေးမှုဓလေ့” ဟုခေါ်နိုင်သောအရာအား ပီတာဘိန်းကအစွမ်းထက်သောတိုက်ဖျက်ရေးတစ်ခု အဖြစ် Permaculture စာအုပ်ကိုရေးခဲ့တယ်လို့ဆိုပါတယ်..။
တစ်ချိန်တည်း မှာပဲ လက်တွေ့ကျပြီးအမြှော်အမြင်ရှိ တဲ့ အသံတစ်ခုဖြင့်သူဟာ ကျွန်ုပ်တို့ ရဲ့ ကိုယ်ပိုင်အိမ်နောက်ဖေး၊ မြေပိုမြေလျှံများမှစတင်ကာပြန်လည်ထူထောင်သည့် စိုက်ပျိုးရေးပုံစံသို့ပြောင်းလဲ နိုင်အောင်လမ်းညွှန်ပေးထားပါတယ်..။
တကယ်လို့ သင်ဟာ အနာဂတ် အတွက် မေ ျှာ်လင့်ချက် တွေ၊ အရည်အသွေးကောင်းမွန်တဲ့အစားအစာတွေ ၊ကို်ယ့်လိုပဲအိမ်နီးချင်းကောင်းတွေ၊ဟန်ဆောင်မှု မပါတဲ့ရင်းနှီး ကျွမ်းဝင်ခြင်းတွေ ၊ ဘဝရှင်သန်ရပ်တည်ရေးအတွက် ကျွမ်းကျင်ခြင်းတွေ ကို တမ်းတ ငတ်မွတ်ခဲ့မယ် ဆိုရင် ဒီ Peter Bane ရဲ့ Permaculture စာအုပ်ဟာ အကောင်းဆုံးလက်ဆောင်ပါပဲလို့ အမှာစာ မှာ ရေးသားထောက်ခံခဲ့ပါတယ်..။
ဒီအမှာစာမှာပါတဲ့ စက်မှုလုပ်ငန်းများနှင့်အရင်းရှင်စနစ်၏ပေါင်းစည်းမှု ကြောင့် (လက်ထပ်ထိမ်းမြားမှု) ကြောင့်ဖြစ်ပေါ်လာသောစားသုံးခြင်း အဓိက ဝါဒ လွှမ်းမိုးလာတဲ့ ကျွန်မ တို့ လူ့ဘောင်လာက ကြီးမှာ ကုန်ပစ္စည်း များများ ကိုသုံးဆောင်ခံစားနိုင်ရေးဟာ အန္တိမ ရည်မှန်းချက်တွေ ဖြစ်လာတယ်..။
ပစ္စည်းတွေ ပိုတိုးထုတ်ရမယ်...။
တစ်ချိန်က အိန္ဒိယမှာ သင်ကြားပေးတဲ့ ဂန္ဒ္ဓီရဲ့ Simple Living , Minimalism ဆိုတာတွေ
သဘာဝကိုအလေးအမြတ်ပြုတဲ့ Eco-Concious Shopping ( Eco-friendly Shopping),
ဒေသဖြစ်ကိုအားပေးပါဆိုတဲ့ Buying Local ဆိုတာတွေဟာ...
ဒီ Consumerism( စားသုံးခြင်းအဓိကဝါဒ) အောက်မှာ မှေးမှိန်ပျောက်ကွယ် လာရပါတော့တယ်..။
လူ့အဖွဲ့ အစည်း သည် ထိုသို့သော ရည်ရွယ် ချက်ဖြင့်ချီတက်ကြတဲ့အခါ...။
လူတို့ဟာ အာဏာ ကိုစွဲ လန်းလာကြပါတယ်..။
မတရားတဲ့ စနစ် တွေကိုကာကွယ် လာကြပါတယ်..။
လူပဘောင်ဟာ မောဟကြီးစိုးတဲ့လူ့ဘောင် ဖြစ်ကြတယ်..။
Mass Production, Over Production တို့ ဖြင့်စက်ရုံ...အလုပ်ရုံ တွေ မှာ ခိုင်းစေဘို့ အလုပ်သမားများဖြစ်လာစေရန် ရည်ရွယ်ပြီး သင်ကြားပေးတဲ့ ပညာရေးစနစ်တွေဖြစ်လာခဲ့ပါတယ်..။
ကလေးငယ် တွေကလည်းတီဗီ၊ ကွန်ပျူတာ ဂိမ်းများဖြင့်သာအချိန်ကုန် လာကြပြီး လူ့ကျင့်ဝတ်၊ လူ့သိက္ခာ များအကြောင်း မသိကြပါလေတော့..။
ကျွန်မတို့ နေထိုင်ပိုင်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် နဲ့ကမ္ဘာမြေကြီး က အကန့်အသတ်ရှိပြီး ၊ နေထိုင်ကြသော ၊ သုံးစွဲ လုပ်ကိုင်ကြသော လူတို့ရဲ့ လောဘ က ကန့်အသတ်မဲ့လာ တဲ့အခါ ..နောက်ဆုံးတနေ့ မှာ ကျွန်မတို့ ရဲ့ စိုပြေသာယာ ၊ မြေကမ္ဘာ ကိုလက်လွှတ်ဆုံးရှုံး ကြရပါလိမ့်မယ်..။
ဒါကြောင့် မို့ လို့ ကမ္ဘာမြေကို ချစ်ခင်စွာ ထိန်းသိမ်းစောင့်ရှောက်လိုတဲ့သူတွေဟာ ၊အမြှော်အမြင်ဉာဏ်ဖြင့် အသိကြီးကြီဉာဏ်ကြီးကြီး ရှိကြဘို့ လိုပါတယ်..။
ဖွံဖြိုးတိုးတက်မှု ဆိုတာတွေက လည်းစိတ်ပိုင်းဆိုင်ရာအရည်အသွေး တွေကို သွန်သင်ဆုံမ သင်ကြားမှု မပါ ပဲနည်းပညာသက်သက် နှင့် ဆောင်ရွက်လို့မရတာကို ပိုတိုးပြီး သဘောပေါက်မိပါတယ်..။
ဆက်လက်ဖေါ်ပြပါမည် ။
ဒေါက်တာသန်းသန်းစိန်
Permaculture (12)
လူသားႏွင့္ Permaculture
==================
Permaculture အေျခတက် ဥယ်ာဥ္ျခံစုိက္ပ်ဳိး ျခင္း သည္အသစ္တဖန္ျပန္လည္ထူေထာင္ေသာစနစ္မ်ား ဖန္တီး တည္ေဆာက္ရန္အတြက္ သဘာဝတရား တြင္ မ်က္ျမင္ေလ့လာေတြ႔ရွိခ်က္မ်ား အေျခခံ ထားေလ့ရွိပါတယ္..။
လက္ရွိဒိ႒ အမွန္တရားကုိ နားလည္ သေဘာေပါက္ရန္ အသုံးခ် တတ္ရန္လည္း ညႊန္းျပ ေျပာဆုိတတ္ပါတယ္..။
ဒီအေၾကာင္းကုိ ေရးတဲ့အခါ ကၽြန္မက Wikipedia , Permaculture စာမ်က္ႏွာကုိပဲ အ
ဓိက ထားၿပီး ေက်ာရုိးအျဖစ္အေျခခံထားပါတယ္..။ ထုိေခါင္းစဥ္မ်ား ေအာက္မွာ မွ Ecology ေဂဟေဗဒ ရဲ႔ အေျခခံသေဘာတရားကုိ ကုိယ္သင္ယူထားတာ နဲ႔ အေျခခံ ၿပီး Google Internet စာမ်က္ႏွာမွ တဆင့္သတင္းအခ်က္အလက္ကုိ ရယူေရးသားထားတာ ျဖစ္ပါတယ္..။
အခုဆုိရင္ ထုိေခါင္းစဥ္ အတုိင္းဇုံမ်ား ခြဲျခားျခင္း အေၾကာင္း ၿပီးဆုံးၿပီး People and Permaculture ဆုိတဲ့ေခါင္းစဥ္ကုိေရာက္ခဲ့ပါတယ္..။
ဒီေနရာမွာ ေဂဟ ေဗဒ သခၤန္းစာကေန ထုိေနရာေတြ မွာေနထုိင္ က်က္စားၾကတဲ့လူေတြ ရဲ႔ သေဘာတရားဆက္စပ္နားလည္ ဘုိ႔ သူကေျပာျပပါတယ္.။
ဒီစုိက္ပ်ဳိးေရး စနစ္မွာေတာ့ ပထမ ဦး ဆုံးအေနနဲ႔ ျပည္သူလူထု၏က်န္းမာေရးေစာင့္ေရွာက္မႈက်င့္ဝတ္ကို ပိုမိုအာ႐ုံစိုက္ရန္လိုအပ္ လွပါတယ္..။
သဘာဝ ပတ္ဝန္းက်င္ကုိဖ်က္ဆီး ျဖဳိဖ်က္တဲ့ စီမံကိန္းမ်ား ကုိ သတိထား ရပါမယ္..။ ဒုတိယအေနျဖင့္ သက္ဆုိင္ရာဒသ ရဲ႔ ယဥ္ေက်းမႈဓေလ့ထုံးစံမ်ား ကိုထိေရာက္စြာအသုံးျပဳနိုင္ရန္ျဖစ္ ၿပီး သူတို႔ရဲ႔ ေျမယာ ရႈခင္းမ်ားကုိျမတ္ႏုိးစြာထိန္းသိမ္းတတ္ၿပီး တက္ႂကြက်န္းမာသန္စြမ္းေသာလူမ်ားႏွင့္လူမႈအသိုင္းအဝိုင္းကိုဖန္တီး ေပးရန္ မွာ အဓိကအခ်က္ ေတြပဲျဖစ္ပါတယ္…။
မေန႔က ေတာ့ Permaculture နဲ႔ ပတ္သက္တဲ့ စာအုပ္ ေတြ လုိက္ရွာရင္း Peter Bane ဆုိတဲ့ စာေရးသူ တစ္ေယာက္ ရဲ႔ Permaculture စာအုပ္ကေလးက ကၽြန္မ လက္ထဲေရာက္လာပါတယ္..။
ဒီစာအုပ္ရဲ႔ ပထမ စာမ်က္ႏွာကုိ လွန္လုိက္တယ္ ဆုိရင္ ပဲ Scott Russell Sanders ဆုိသူ စာေရးဆရာ (A Conservationist - စာအုပ္ကုိေရးသားသူ )က ဒီလုိ ဆုိထားပါတယ္..။
“Peter Bane offers a powerful antidote to what we might call our “ephemeraculture”— the consumerist, oil-dependent, wasteful, and ruinous way of life produced by the marriage of industrialism and capitalism. In a voice at once practical and visionary, he tells how we can achieve security, practice self-reliance, and revive local economies by shifting to a regenerative form of agriculture, beginning in our own backyards. If you’re hungry for hope, good food, neighborliness, conviviality, and survival skills, here is the book for you.
— Scott Russell Sanders, author of A Conservationist ”
Excerpt From: Peter Bane. “The Permaculture Handbook: Garden Farming for Town and Country.” iBooks.
စက္မႈလုပ္ငန္းမ်ားႏွင့္အရင္းရွင္စနစ္၏ေပါင္းစည္းမႈ ေၾကာင့္ (လက္ထပ္ထိမ္းျမားမႈ) ေၾကာင့္ျဖစ္ေပၚလာေသာစားသုံးျခင္း အဓိက ဝါဒ လက္ဝယ္ကုိင္စြဲသူမ်ား ၊ တြင္းထြက္ ေရနံအေပၚမွီခို ကာစုိက္ပ်ဳိးေနမႈ၊ အလြဲသုံးစြဲ ျဖဳန္းတီးမႈႏွင့္ သဘာဝ ပတ္ဝန္းက်င္ ပ်က္စီးယိုယြင္းေစေသာဘဝပုံစံကိုကၽြန္မ တုိ႔ရဲ႔ “ ယဥ္ေက်းမႈဓေလ့” ဟုေခၚနိုင္ေသာအရာအား ပီတာဘိန္းကအစြမ္းထက္ေသာတိုက္ဖ်က္ေရးတစ္ခု အျဖစ္ Permaculture စာအုပ္ကုိေရးခဲ့တယ္လုိ႔ဆုိပါတယ္..။
တစ္ခ်ိန္တည္း မွာပဲ လက္ေတြ႕က်ၿပီးအေျမွာ္အျမင္ရွိ တဲ့ အသံတစ္ခုျဖင့္သူဟာ ကၽြန္ုပ္တို႔ ရဲ႔ ကိုယ္ပိုင္အိမ္ေနာက္ေဖး၊ ေျမပုိေျမလ်ွံမ်ားမွစတင္ကာျပန္လည္ထူေထာင္သည့္ စိုက္ပ်ိဳးေရးပုံစံသို႔ေျပာင္းလဲ ႏုိင္ေအာင္လမ္းညႊန္ေပးထားပါတယ္..။
တကယ္လုိ႔ သင္ဟာ အနာဂတ္ အတြက္ ေမ ွ်ာ္လင့္ခ်က္ ေတြ၊ အရည္အေသြးေကာင္းမြန္တဲ့အစားအစာေတြ ၊ကုိ္ယ့္လုိပဲအိမ္နီးခ်င္းေကာင္းေတြ၊ဟန္ေဆာင္မႈ မပါတဲ့ရင္းႏွီး ကၽြမ္းဝင္ျခင္းေတြ ၊ ဘဝရွင္သန္ရပ္တည္ေရးအတြက္ ကၽြမ္းက်င္ျခင္းေတြ ကုိ တမ္းတ ငတ္မြတ္ခဲ့မယ္ ဆုိရင္ ဒီ Peter Bane ရဲ႔ Permaculture စာအုပ္ဟာ အေကာင္းဆုံးလက္ေဆာင္ပါပဲလုိ႔ အမွာစာ မွာ ေရးသားေထာက္ခံခဲ့ပါတယ္..။
ဒီအမွာစာမွာပါတဲ့ စက္မႈလုပ္ငန္းမ်ားႏွင့္အရင္းရွင္စနစ္၏ေပါင္းစည္းမႈ ေၾကာင့္ (လက္ထပ္ထိမ္းျမားမႈ) ေၾကာင့္ျဖစ္ေပၚလာေသာစားသုံးျခင္း အဓိက ဝါဒ လႊမ္းမုိးလာတဲ့ ကၽြန္မ တုိ႔ လူ႔ေဘာင္လာက ႀကီးမွာ ကုန္ပစၥည္း မ်ားမ်ား ကုိသုံးေဆာင္ခံစားႏုိင္ေရးဟာ အႏၱိမ ရည္မွန္းခ်က္ေတြ ျဖစ္လာတယ္..။
ပစၥည္းေတြ ပုိတုိးထုတ္ရမယ္...။
တစ္ခ်ိန္က အိႏၵိယမွာ သင္ၾကားေပးတဲ့ ဂႏၵၶီရဲ႔ Simple Living , Minimalism ဆုိတာေတြ
သဘာဝကုိအေလးအျမတ္ျပုတဲ့ Eco-Concious Shopping ( Eco-friendly Shopping),
ေဒသျဖစ္ကုိအားေပးပါဆုိတဲ့ Buying Local ဆုိတာေတြဟာ...
ဒီ Consumerism( စားသုံးျခင္းအဓိကဝါဒ) ေအာက္မွာ ေမွးမွိန္ေပ်ာက္ကြယ္ လာရပါေတာ့တယ္..။
လူ႔အဖြဲ႔ အစည္း သည္ ထုိသုိ႔ေသာ ရည္ရြယ္ ခ်က္ျဖင့္ခ်ီတက္ၾကတဲ့အခါ...။
လူတုိ႔ဟာ အာဏာ ကုိစြဲ လန္းလာၾကပါတယ္..။
မတရားတဲ့ စနစ္ ေတြကုိကာကြယ္ လာၾကပါတယ္..။
လူပေဘာင္ဟာ ေမာဟႀကီးစုိးတဲ့လူ႔ေဘာင္ ျဖစ္ၾကတယ္..။
Mass Production, Over Production တုိ႔ ျဖင့္စက္ရုံ...အလုပ္ရုံ ေတြ မွာ ခုိင္းေစဘုိ႔ အလုပ္သမားမ်ားျဖစ္လာေစရန္ ရည္ရြယ္ၿပီး သင္ၾကားေပးတဲ့ ပညာေရးစနစ္ေတြျဖစ္လာခဲ့ပါတယ္..။
ကေလးငယ္ ေတြကလည္းတီဗီ၊ ကြန္ပ်ဴတာ ဂိမ္းမ်ားျဖင့္သာအခ်ိန္ကုန္ လာၾကၿပီး လူ႔က်င့္ဝတ္၊ လူ႔သိကၡာ မ်ားအေၾကာင္း မသိၾကပါေလေတာ့..။
ကၽြန္မတုိ႔ ေနထုိင္ပုိင္ဆုိင္ရာ သဘာဝပတ္ဝန္းက်င္ နဲ႔ကမၻာေျမႀကီး က အကန္႔အသတ္ရွိၿပီး ၊ ေနထုိင္ၾကေသာ ၊ သုံးစြဲ လုပ္ကုိင္ၾကေသာ လူတုိ႔ရဲ႔ ေလာဘ က ကန္႔အသတ္မဲ့လာ တဲ့အခါ ..ေနာက္ဆုံးတေန႔ မွာ ကၽြန္မတုိ႔ ရဲ႔ စုိေျပသာယာ ၊ ေျမကမၻာ ကုိလက္လႊတ္ဆုံးရႈံး ၾကရပါလိမ့္မယ္..။
ဒါေၾကာင့္ မုိ႔ လုိ႔ ကမၻာေျမကုိ ခ်စ္ခင္စြာ ထိန္းသိမ္းေစာင့္ေရွာက္လုိတဲ့သူေတြဟာ ၊အေျမွာ္အျမင္ဥာဏ္ျဖင့္ အသိႀကီးႀကီဥာဏ္ႀကီးႀကီး ရွိၾကဘုိ႔ လုိပါတယ္..။
ဖြံျဖဳိးတုိးတက္မႈ ဆုိတာေတြက လည္းစိတ္ပုိင္းဆုိင္ရာအရည္အေသြး ေတြကုိ သြန္သင္ဆုံမ သင္ၾကားမႈ မပါ ပဲနည္းပညာသက္သက္ ႏွင့္ ေဆာင္ရြက္လုိ႔မရတာကုိ ပုိတုိးၿပီး သေဘာေပါက္မိပါတယ္..။
ဆက္လက္ေဖၚျပပါမည္ ။
ေဒါက္တာသန္းသန္းစိန္

0 မွတ္ခ်က္ေရးရန္: