Thursday, February 4, 2021

Permaculture - 3


နိဒါန်း
ဆရာဘီလ်၊ ဆရာဒေးဗစ် တို့ရဲ့ Permaculture စာအုပ်မှာ စွမ်းအင်ဆိုင်ရာအခြေခံနိယမသဘောတရား၁၂ချက် ပံ့ပိုးဖြည့်စွက်ပေး တယ် ဆိုတော့ အမေရိကန်လူမျိုးDr. Howard Thomas Odum ကိုလည်းစိတ်ဝင်စားမိပါတယ်..။ သိပ္ပံပညာကိုလေ့လာစေချင်တယ် ၊ အဲဒီပညာတွေ နဲ့ လူနေမှု ဘဝတွေ မြှင့်တင်ပေးနိုင်တဲ့ သိပ္ပံပညာရှင် ဖြစ်အောင် သူ့ဖခင်က ငယ်ငယ်လေးကတည်းကအားပေးခဲ့ပါတယ်..။
ဒေါက်တာ ဟိုးဝပ်ရဲ့ သိပ္ပံသင်္ခန်းစာတွေက ငှက်တွေ ကို စိတ်ဝင်စားတဲ့ သူ့အစ်ကို ထံမှ စတင်သင်ယူခဲ့တယ်..။ သူကကျောင်းပြီး တဲ့အချိန် အဏ္ဏဝါ သတ္တဗေဒ ပညာရှင် Robert Coker ထံမှာ အလုပ်လုပ်တဲ့အခါကျတော့ ငါးတွေအကြောင်း စိတ်ဝင်စားခဲ့သလို လေ့လာ သင်ယူခဲ့ပါတယ်..။ဇီဝဗေဒ ကိုဝါသနာ ပါသလို လ ျှပ်စစ် စီးကြောင်းတွေအကြောင်းလည်း လေ့လာခဲ့တယ်..။ အမေရိကန် မြောက်ကယ်ရိုလိုင်းနားပြည်နယ် တက္ကသိုလ် မှာ ဇီဝဗေဒ ဘာသာ သင်ယူလို့ ၃နှစ်ရှိတော့ ဒုတိယ ကမ္ဘာစစ်ဖြစ် လို့ လေတပ် မှာ အမှုထမ်းခဲ့ရတယ်..။ ပနားမားတူးမြောင်း တစ်ဝိုက်မှာ တာဝန်ကျခဲ့တာမို့အပူပိုင်းဒေသ မိုးလေဝသ ပညာရှင်လည်းဖြစ်ခဲ့သေးတယ်။ ၁၉ ၄၇ ဒုတိယကမ္ဘာစစ်ပြီးတော့မှ B.S ( Zoology)ဘွဲ့ ပြီးအောင်ဆက်တက်ခဲ့ပါတယ်..။သူက ပညာရေးကိုဆက်လက် ကြိုးစားခဲ့တာ ၁၉ ၅ဝမှာ ပါရဂူ ဘွဲ့တန်းကို ယေးလ် တက္ကသိုလ် မှာတက်ခဲ့တယ်..။
သူ့ရဲ့ ဘွဲ့ယူစာတမ်းကစိတ်ဝင်စားစရာပါပဲ..။ The Biogeochemistry of Strontium: With Discussion on the Ecological Integration of Elements
Strontium လို့ခေါ်တဲ့ သတ္တု တစ်မျိုးရဲ့ ဇီဝဓာတုဗေဒ ကို လေ့လာပြီးဂေဟစနစ် နဲ့ ပေါင်းစည်းနိုင်မှုကိုဆက်စပ်ရေးသားတဲ့ စာတမ်းဖြစ်ပါတယ်..။
မိုးလေဝသ ဆိုင်ရာဝန်ထမ်းလည်းဖြစ်ဘူးသလို ငှက်တွေအကြောင်းလည်းစိတ်ဝင်စားတဲ့ ဒေါက်တာဟိုးဝပ်က သတ္တလောက တစ်ခု လုံး အပြင် လောကသုံးပါးလုံး ကို ရဲ့ ခြုံငုံတဲ့ဂေဟ စနစ် ကြီးတစ်ခု အဖြစ် ရှုမြင်သုံးသပ်ခဲ့တယ်..။
ယေးလ် တက္ကသိုလ် တက်နေစဉ် မှာ ပဲ သူ့ အစ်ကို နဲ့ အတူ Fundamentals of Ecology စာအုပ်ကိုရေးသားခဲ့ပြန်ပါတယ်..။သူကမြေကြီးထဲက ချေဖျက်ရန် ခက်ခဲတဲ့ သတ္တုတွေ Heavy Metal တွေအကြောင်း ကိုလည်း ရေးသားထုတ်ဝေထားတာ တွေ့ရပါသေးတယ်..။
သူက ဘာသာရပ်နယ် ယ် အသီးသီးကို လေ့လာ ခဲ့သူပီပီ Permaculture သဘာသာရပ်ကိုစတင်မိတ်ဆက်ခဲ့တဲ့ ဆရာဘီလ် တို့ ဒေးဗစ်တို့ နဲ့တွေ့ တဲ့အခါ ထိုသူတွေ မှာ လိုအပ်နေတဲ့ စွမ်းအင် ဆိုင်ရာပိုင်း တွေ ဖြည့်စွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်..။
သူက ၂၀ ရာစုတွင်ဖြစ်ပေါ်ခဲ့သောရှုပ်ထွေးပွေလီလှသည့် နယ်ပယ် အသီးသီးက လူ့ဗဟုသုတများကိုဆက်လက်ထိန်းသိမ်းထားပြီးကောင်းစွာအသုံးပြုရန်လို အပ်တယ် လို့ ယုံကြည်ခဲ့တယ် ။
ဒါဆိုရင်လူသား တွေက ဂေဟ စနစ်ကို ပိုမို နားလည် သဘောပေါက်စေတဲ့ အခြေခံ မူတွေချမှတ်ပြီး သင်ကြား ပေးနိုငိ် လိမ့်မယ် လို့သူကဆိုခဲ့တယ်..။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ် တွေကို လေ့လာ ဖေါ်ထုတ် ကျင့်သုံးကြသူတွေက Specilaist တွေရဲ့ Single Approach နဲ့ ဖြေရှင်း တဲ့အခါ တိုင်း Multi Approach ဖြေရှင်းတတ်ကြတဲ့ ဂေဟ ဗေဒ ပညာရှင် တွေ ရဲ့ ထောင့်စေ့ အောင်တွေးခေါ် ပုံ နှင့် လက်တွေ့ ဆန်မှုကို မကျော်လွှားနိုင်ကြပါဘူး ။
ဒေါက်တာ ဟိုးဝပ်အကြောင်း ကိုပြောရင်း Permaculture ကိုလက်တွေ့ အသုံး ချထားတဲ့ ထိုင်းနိုင်ငံက Wanakaset - Agro-forestry ပညာပေး သင်တန်းကျောင်းလေးသို့ လေ့လာ ခဲ့တာ လေးကို ထည့်သွင်းဖေါ်ပြချင်ပါတယ်..။
Wanakaset ဆိုတာ - Agro-forestry (သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း) ကို ထိုင်း လို ခေါ်တာပါ..။
ဘန်ကောက်ကနေ ကီလို ၂၀၀ နီးပါးဝေးကွာ တဲ့ Kantaburi ဆိုတဲ့ မြို့လေး နားမှာ ရှိပါတယ်..။
ထိုင်းကနေ ကမ္ဘောဒီးယားသွား တဲ့ လမ်းမှာပေါ့..။
ဒီ သင်တန်းကျောင်းလေး ရဲ့ ရာဇဝင်က စိတ်ဝင်စားစရာပါ..။
တည်ထောင် ပညာပေးတဲ့ ဆရာကြီး Vi Boom ကတော့ အခု အသက် ၈၂နှစ်ရှိခဲ့ပါပြီ..။
မသေခင် လောကအတွက်ကောင်းကျိုးပြု သွား နိုင်တာ ဝမ်းသာစရာပါ..။
လွန်ခဲ့တဲ့ အနှစ် ၅ဝကျော် လောက်က အဲဒီအရပ်ဒေသ မှာ ရိုင် ၂၀၀ ( 1Rai = 40meter square=0.395 Acre ) ပိုင်ဆိုင် တဲ့ မြေသူဋ္ဌေး ကြီးပေါ့...။
ရိုင် ၂၀၀ မှာ ကြံ ၊ ပီလောပီနံ ၊ ဝါ စတာတွေ စိုက်ခဲ့တာ....။
ဘဏ်က ငွေချေး အရင်းအနှီး လုပ်..... ပြန်ရတာလည်းရှိ.....လိမ့်လိမ့်လည်းလည်း ဖြစ်တဲ့ နှစ်တွေလည်းရှိ..။
ရာသီဥတု ဆိုးဝါးတဲ့ နှစ်မှာ သီးနှံတွေ ဆုံးရှုံးခဲ့တယ်...။
ဘဏ် အတိုးမသွင်း နိုင်တော့ ဒေဝါလီ ခံရတယ်..။ ဘဏ်က မြေတွေ သိမ်းလိုက်တာ နောက်ဆုံး နေအိမ် ပါဝင် တဲ့ မြေကွက် ၁၀ ရိုင် လောက်သာ ကျန်ပါတယ်..။
ဆင်းရဲ သွားလိုက်တာ ..... ဘေးဝန်းကျင် ကလည်း ငွေ ချေး မဲ့သူမရှိ..။
စားဘို့ အတွက် ဟင်းသီးဟင်းရွက် ဝယ်မစားနိုင်..စိုက်မှ ရတော့မှာပဲ ဆိုပြီး ဟင်းသီးဟင်းရွက် စစိုက်ပါတယ်...။
ကန်စွန်းရွက် တွေ စားမကုန်တော့ စည်းပြီး စျေးပို့လိုက်တာ အစည်းကြီး တစ်စည်းကို ဘတ် ၃၀ စရခဲ့ပါတယ်..။ တစ်ပြား မှ မရှိတဲ့ဘဝကနေ ငွေ စတင် ဝင်လာ တော့ သူကဝမ်းသာမိတယ်..။
မိသားစု စားဘို့ အတွက်ရည် ရွယ်ပြီး ဘူး၊ ဖရုံ ၊သခွား ၊ခရမ်း ၊ သရက် ၊ ကျွဲကော ၊ပိန္နဲ စတာတွေ လို ရင်....လို သလို စတင် စိုက်လာပါတယ်..။
တစ်နေ့ကျတော့.....ခြံနီးနားချင်း ... ရဲ့ ခြံ ထဲ က သစ်ပင်ကြီး တစ်ပင် ဟာ လေပြင်းဒဏ်ကြောင့် သူ့ခြံ ထဲကို လဲ ကျ လာတယ်..။ ခြံနီးချင်းက ရှင်းပေးပါဆိုလာတော့ သူက ခုတ်တယ် ဖြတ်တယ် ရှင်းလင်း ပြီး ရောင်းချ ပေး လိုက်တာ ခုဏ က ကန်စွန်းရွက်ရောင်းရငွေထက် ပိုများလာတာ ကို သူတွေ့ ရှိလိုက်တယ်..။
ဖခင်ဖြစ်သူက တိုင်းရင်းဆေးဆရာကြီး ဆိုတော့ ဟိုဆေးမြစ်လေးရှိလား ။ ဒီဆေးဘက်ဝင် အရွက်လေး မရှိဘူးလား မေးလာတော့ မေးရင်ရအောင်ဆိုပြီး ထို ၁ဝရိုင်ထဲ မှာ အပင်အမျိုးမျိုး စစိုက်ဖြစ်ပါတယ်...။
အဲ ဒီမှာ တင် Permaculture Wanakaset - Agro-forestry အတွေးအခေါ် ကို စပြီး တွေးခေါ်လာမိတယ်..။
Permaculture Design တစ်ခု အဖြစ် သူပိုင် ဆိုင်တဲ့ ၁၀-ရိုင် ထဲ မှာ အလွှာ ရလွှာ နဲ့ အပင် တွေ တည်ရှိအောင် စိတ်ကူး နဲ့ စိုက်ပါတယ်..။
ငွေ မရှိရင် တစ်မျိုး မဟုတ် တစ်မျိုး ကတော့ ဝင်ငွေ ရနေတာ ကိုလည်းသူတွေ့လာပါတယ်..။
ပထ မ အလွှာ အနေနဲ့
၁။ အရပ် အမြင့်ဆုံး အပင် တွေ ကျွန်းတို့ မဟော်ဂနီ ၊ အုန်းသီး ၊ ကွမ်းသီး တို့ကို စိုက်ပါတယ်..။
၂။ ဒုတိယ အလွှာ အနေနဲ့ သစ်ဂျပိုး ၊ မန်းကျည်း ၊ သရက် ၊ မင်းဂွတ် ၊ ပိန္နဲ စတဲ့ အလယ် အလတ် အရပ်ရှိတဲ့အပင် တွေ စိုက်ပါတယ်..။
၃။ တတိယ အလွှာ ကတော့ ခြုံပုတ် ပင်တွေ ဖြစ်တဲ့ ကင်ပွန်းချဉ် ၊ ဆူးပုတ် ၊ ငရုတ် ၊ ငှက်ပျော၊ သင်္ဘော ၊ ခရမ်းစတာတွေ စိုက်ပါတယ်..။
၄။ စတုတ္ထ အဖြစ် စပါးလင် လို မြေ ဆီလွှာ ထိန်းတဲ့အပင်မျီုး
၅။ မိုးရေ ကို ကန် နဲ့ သိုလှောင်ပြီး ရေနေပင်တွေ ဖြစ်တဲ့ ကြာပန်း တို့ ရေကညွတ်တို့ ကိုတော့ပဥ္စမအလွှာ အဖြစ် စိုက်ပါတယ်..။
၆။ ဆဋ္ဌမအလွှာ အဖြစ် ဥစား မြေအောက်အစာသိုလှောင်သော ပင်စည် တွေ ဖြစ်တဲ့ ဂျင်း နနွင်း ၊ ဝဥ စတာတွေ စိုက်ပါတယ်..။
၇။ သတ္တမ အလွှာ ကတော့ နွယ် ပင်တွေ ဆင်တုံးမနွယ် တို့ လို နွယ်ပင်တွေ ထည့်ထား ပါတယ်..။
ကံ ဆိုးရာ ကနေ ကံပြန်ကောင်း လာခဲ့ပါတယ်..။ ရာသီဥတု ဖောက်ပြန်ရင်တောင်ဆုံး ရှုံးစရာမရှိတာကိုလည်း သူ လက်တွေ့ ဘဝ ကပေးတဲ့ အတွေ့အကြုံ နဲ့ သဘောပေါက်ခဲ့ပါတယ်..။
ခြံ ထဲက ထွက်တဲ့ပစ္စည်းတွေ နဲ့ ကုန် ပစ္စည်းထုတ်နိုင်အောင် တဆင့် ကြိုးစား ပြန်ပါတယ်..။
ဥပမာ - အုန်းသီးကနေ ဆီထုတ်တာ မျိုး
---------ရှောက်နုသီး ကနေ ခေါင်းလျှော် ရည် ထုတ်တာမျိုး
---------ငရုတ် သီးပဒဲကော တို့ နဲ့ ဟင်းချက် ဆီထုတ်တာမျိုးတွေ ပါ..။
အဲ လို နဲ့ သူဟာ မဆင်းရဲ တော့ ပဲ ငွေ တွေ ပြန်ချမ်းသာလာခဲ့ပါတယ်..။
ရာသီ စိုက်သီးနှံတွေ လို လည်းသူ ပူပန် နေစရာ မလို တော့တာပါ..။
ခြံဝင်းထဲ မှာ လည်း ခြံကထွက်တဲ့ သစ်တွေ နဲ့ သူ အိမ်တွေ စဆောက်ပါတယ်..။
ကျွန်မ တို့ တွေ့ ခဲ့တာ ဆရာကြီးတို့ နေတဲ့ မိဘ ဘိုးဘွား အိမ် ..က အနှစ် ၁၀၀ ကျော်ခဲ့ပါပြီ..။
ဘုရားဝတ်ပြု တဲ့ အိမ်လေး..
စာကြည့်တိုက်လေး..
သင်တန်းခန်းလေး တွေ စဆောက်ပြီး သူစတင် ပြီး ရွာ နီးချုပ်စပ် ကို ခေါ် ပညာ စတင် သင်ကြား ပေး ပါတော့တယ်..။
အဲ လို နဲ့ အဲ ဒီဒေသ မှာ သူ့ သင်တန်းဆင်း တွေဟာ တစ်နိုင်တစ်ပိုင် အမယ် စုံသီးနှံတွေပါဝင်တဲ့ တောတွေ တည်ထောင်နိုင်လာကြပါတယ်..။
Permaculture Agro-forestry Network ကိုလည်း တည်ဆောက်နိုင် လာပါတယ်..။
Permaculture ဆိုတာ ကလည်း ရာသီဥတု ပြောင်းလဲ မှု ဒဏ် ကို ခံနိုင်င်သော စိုက်ပျိုးရေး Climate Smart Agriculture လည်းဖြစ်ပါတယ်..။
Monoculture ဆိုတာ ရောဂါ ၊ ပိုးမွှား ဖိတ်ခေါ် သလို စွဲ မြဲစေပြီး ဆုံးရှုံး မှု လည်း ဖြစ်နိုင်ချေ များ ပါတယ်..။
ဒီလို ပုံ စံ မျိုးလေး စိုက်ပျိုးရာကနေ ဒေဝါလီခံရတဲ့ တောင်သူဟာ ပြန်လည် ချမ်းသာလာသလို အတွေးအခေါ် ပါတဲ့ စိုက်ပျိုးရေး ကျောင်း ကိုတည်ထောင်နိုင်တဲ့ အထိ ဖြစ် ခဲ့တာမို့ ဒီ Permaculture စာအုပ် ကို ရေးသား ခြင်း ဖြစ်ပါတယ်..။
Permaculture - 3
နိဒါန္း
-------
ဆရာဘီလ္၊ ဆရာေဒးဗစ္ တုိ႔ရဲ႔ Permaculture စာအုပ္မွာ စြမ္းအင္ဆုိင္ရာအေျခခံနိယမသေဘာတရား၁၂ခ်က္ ပံ့ပုိးျဖည့္စြက္ေပး တယ္ ဆုိေတာ့ အေမရိကန္လူမ်ဳိးDr. Howard Thomas Odum ကုိလည္းစိတ္ဝင္စားမိပါတယ္..။ သိပၸံပညာကုိေလ့လာေစခ်င္တယ္ ၊ အဲဒီပညာေတြ နဲ႔ လူေနမႈ ဘဝေတြ ျမွင့္တင္ေပးႏုိင္တဲ့ သိပၸံပညာရွင္ ျဖစ္ေအာင္ သူ႔ဖခင္က ငယ္ငယ္ေလးကတည္းကအားေပးခဲ့ပါတယ္..။
ေဒါက္တာ ဟုိးဝပ္ရဲ႔ သိပၸံသခၤန္းစာေတြက ငွက္ေတြ ကုိ စိတ္ဝင္စားတဲ့ သူ႔အစ္ကုိ ထံမွ စတင္သင္ယူခဲ့တယ္..။ သူကေက်ာင္းၿပီး တဲ့အခ်ိန္ အဏၰဝါ သတၱေဗဒ ပညာရွင္ Robert Coker ထံမွာ အလုပ္လုပ္တဲ့အခါက်ေတာ့ ငါးေတြအေၾကာင္း စိတ္ဝင္စားခဲ့သလုိ ေလ့လာ သင္ယူခဲ့ပါတယ္..။ဇီဝေဗဒ ကုိဝါသနာ ပါသလုိ လ ွ်ပ္စစ္ စီးေၾကာင္းေတြအေၾကာင္းလည္း ေလ့လာခဲ့တယ္..။ အေမရိကန္ ေျမာက္ကယ္ရုိလုိင္းနားျပည္နယ္ တကၠသုိလ္ မွာ ဇီဝေဗဒ ဘာသာ သင္ယူလုိ႔ ၃ႏွစ္ရွိေတာ့ ဒုတိယ ကမၻာစစ္ျဖစ္ လုိ႔ ေလတပ္ မွာ အမႈထမ္းခဲ့ရတယ္..။ ပနားမားတူးေျမာင္း တစ္ဝုိက္မွာ တာဝန္က်ခဲ့တာမုိ႔အပူပုိင္းေဒသ မုိးေလဝသ ပညာရွင္လည္းျဖစ္ခဲ့ေသးတယ္။ ၁၉ ၄၇ ဒုတိယကမၻာစစ္ၿပီးေတာ့မွ B.S ( Zoology)ဘြဲ႔ ၿပီးေအာင္ဆက္တက္ခဲ့ပါတယ္..။သူက ပညာေရးကုိဆက္လက္ ႀကဳိးစားခဲ့တာ ၁၉ ၅၀မွာ ပါရဂူ ဘြဲ႔တန္းကုိ ေယးလ္ တကၠသုိလ္ မွာတက္ခဲ့တယ္..။
သူ႔ရဲ႔ ဘြဲ႔ယူစာတမ္းကစိတ္ဝင္စားစရာပါပဲ..။ The Biogeochemistry of Strontium: With Discussion on the Ecological Integration of Elements
Strontium လုိ႔ေခၚတဲ့ သတၱဳ တစ္မ်ုိးရဲ႔ ဇီဝဓာတုေဗဒ ကုိ ေလ့လာၿပီးေဂဟစနစ္ နဲ႔ ေပါင္းစည္းႏုိင္မႈကုိဆက္စပ္ေရးသားတဲ့ စာတမ္းျဖစ္ပါတယ္..။
မုိးေလဝသ ဆုိင္ရာဝန္ထမ္းလည္းျဖစ္ဘူးသလုိ ငွက္ေတြအေၾကာင္းလည္းစိတ္ဝင္စားတဲ့ ေဒါက္တာဟုိးဝပ္က သတၱေလာက တစ္ခု လုံး အျပင္ ေလာကသုံးပါးလုံး ကုိ ရဲ႔ ျခဳံငုံတဲ့ေဂဟ စနစ္ ႀကီးတစ္ခု အျဖစ္ ရႈျမင္သုံးသပ္ခဲ့တယ္..။
ေယးလ္ တကၠသုိလ္ တက္ေနစဥ္ မွာ ပဲ သူ႔ အစ္ကုိ နဲ႔ အတူ Fundamentals of Ecology စာအုပ္ကုိေရးသားခဲ့ျပန္ပါတယ္..။သူကေျမႀကီးထဲက ေခ်ဖ်က္ရန္ ခက္ခဲတဲ့ သတၱဳေတြ Heavy Metal ေတြအေၾကာင္း ကုိလည္း ေရးသားထုတ္ေဝထားတာ ေတြ႔ရပါေသးတယ္..။
သူက ဘာသာရပ္နယ္ ယ္ အသီးသီးကုိ ေလ့လာ ခဲ့သူပီပီ Permaculture သဘာသာရပ္ကုိစတင္မိတ္ဆက္ခဲ့တဲ့ ဆရာဘီလ္ တုိ႔ ေဒးဗစ္တုိ႔ နဲ႔ေတြ႔ တဲ့အခါ ထုိသူေတြ မွာ လုိအပ္ေနတဲ့ စြမ္းအင္ ဆုိင္ရာပုိင္း ေတြ ျဖည့္စြက္ေပးႏုိင္ခဲ့တာ ျဖစ္ပါတယ္..။
သူက ၂၀ ရာစုတြင္ျဖစ္ေပၚခဲ့ေသာရႈပ္ေထြးေပြလီလွသည့္ နယ္ပယ္ အသီးသီးက လူ႔ဗဟုသုတမ်ားကိုဆက္လက္ထိန္းသိမ္းထားၿပီးေကာင္းစြာအသုံးျပဳရန္လို အပ္တယ္ လုိ႔ ယုံၾကည္ခဲ့တယ္ ။
ဒါဆုိရင္လူသား ေတြက ေဂဟ စနစ္ကုိ ပုိမုိ နားလည္ သေဘာေပါက္ေစတဲ့ အေျခခံ မူေတြခ်မွတ္ၿပီး သင္ၾကား ေပးႏိုငိ္ လိမ့္မယ္ လုိ႔သူကဆုိခဲ့တယ္..။
ေဂဟအက်ဳိးျပဳ စုိက္ပ်ဳိးနည္းစနစ္ ေတြကုိ ေလ့လာ ေဖၚထုတ္ က်င့္သုံးၾကသူေတြက Specilaist ေတြရဲ႔ Single Approach နဲ႔ ေျဖရွင္း တဲ့အခါ တုိင္း Multi Approach ေျဖရွင္းတတ္ၾကတဲ့ ေဂဟ ေဗဒ ပညာရွင္ ေတြ ရဲ႔ ေထာင့္ေစ့ ေအာင္ေတြးေခၚ ပုံ ႏွင့္ လက္ေတြ႔ ဆန္မႈကုိ မေက်ာ္လႊားႏုိင္ၾကပါဘူး ။
ေဒါက္တာ ဟုိးဝပ္အေၾကာင္း ကုိေျပာရင္း Permaculture ကုိလက္ေတြ႔ အသုံး ခ်ထားတဲ့ ထုိင္းႏုိင္ငံက Wanakaset - Agro-forestry ပညာေပး သင္တန္းေက်ာင္းေလးသုိ႔ ေလ့လာ ခဲ့တာ ေလးကုိ ထည့္သြင္းေဖၚျပခ်င္ပါတယ္..။
Wanakaset ဆုိတာ - Agro-forestry (သီးႏွံသစ္ေတာေရာေႏွာ စုိက္ပ်ဳိးျခင္း) ကုိ ထုိင္း လုိ ေခၚတာပါ..။
ဘန္ေကာက္ကေန ကီလုိ ၂၀၀ နီးပါးေဝးကြာ တဲ့ Kantaburi ဆုိတဲ့ ၿမဳိ႔ေလး နားမွာ ရွိပါတယ္..။
ထုိင္းကေန ကေမၻာဒီးယားသြား တဲ့ လမ္းမွာေပါ့..။
ဒီ သင္တန္းေက်ာင္းေလး ရဲ႔ ရာဇဝင္က စိတ္ဝင္စားစရာပါ..။
တည္ေထာင္ ပညာေပးတဲ့ ဆရာႀကီး Vi Boom ကေတာ့ အခု အသက္ ၈၂ႏွစ္ရွိခဲ့ပါၿပီ..။
မေသခင္ ေလာကအတြက္ေကာင္းက်ဳိးျပဳ သြား ႏုိင္တာ ဝမ္းသာစရာပါ..။
လြန္ခဲ့တဲ့ အႏွစ္ ၅၀ေက်ာ္ ေလာက္က အဲဒီအရပ္ေဒသ မွာ ရုိင္ ၂၀၀ ( 1Rai = 40meter square=0.395 Acre ) ပုိင္ဆုိင္ တဲ့ ေျမသူေ႒း ႀကီးေပါ့...။
ရုိင္ ၂၀၀ မွာ ႀကံ ၊ ပီေလာပီနံ ၊ ဝါ စတာေတြ စုိက္ခဲ့တာ....။
ဘဏ္က ေငြေခ်း အရင္းအႏွီး လုပ္..... ျပန္ရတာလည္းရွိ.....လိမ့္လိမ့္လည္းလည္း ျဖစ္တဲ့ ႏွစ္ေတြလည္းရွိ..။
ရာသီဥတု ဆုိးဝါးတဲ့ ႏွစ္မွာ သီးႏွံေတြ ဆုံးရွဳံးခဲ့တယ္...။
ဘဏ္ အတုိးမသြင္း ႏုိင္ေတာ့ ေဒဝါလီ ခံရတယ္..။ ဘဏ္က ေျမေတြ သိမ္းလုိက္တာ ေနာက္ဆုံး ေနအိမ္ ပါဝင္ တဲ့ ေျမကြက္ ၁၀ ရုိင္ ေလာက္သာ က်န္ပါတယ္..။
ဆင္းရဲ သြားလုိက္တာ ..... ေဘးဝန္းက်င္ ကလည္း ေငြ ေခ်း မဲ့သူမရွိ..။
စားဘုိ႔ အတြက္ ဟင္းသီးဟင္းရြက္ ဝယ္မစားႏုိင္..စုိက္မွ ရေတာ့မွာပဲ ဆုိၿပီး ဟင္းသီးဟင္းရြက္ စစုိက္ပါတယ္...။
ကန္စြန္းရြက္ ေတြ စားမကုန္ေတာ့ စည္းၿပီး ေစ်းပုိ႔လုိက္တာ အစည္းႀကီး တစ္စည္းကုိ ဘတ္ ၃၀ စရခဲ့ပါတယ္..။ တစ္ျပား မွ မရွိတဲ့ဘဝကေန ေငြ စတင္ ဝင္လာ ေတာ့ သူကဝမ္းသာမိတယ္..။
မိသားစု စားဘုိ႔ အတြက္ရည္ ရြယ္ၿပီး ဘူး၊ ဖရုံ ၊သခြား ၊ခရမ္း ၊ သရက္ ၊ က်ြဲေကာ ၊ပိႏၷဲ စတာေတြ လုိ ရင္....လုိ သလုိ စတင္ စုိက္လာပါတယ္..။
တစ္ေန႔က်ေတာ့.....ျခံနီးနားခ်င္း ... ရဲ႔ ျခံ ထဲ က သစ္ပင္ႀကီး တစ္ပင္ ဟာ ေလျပင္းဒဏ္ေၾကာင့္ သူ႔ျခံ ထဲကုိ လဲ က် လာတယ္..။ ျခံနီးခ်င္းက ရွင္းေပးပါဆုိလာေတာ့ သူက ခုတ္တယ္ ျဖတ္တယ္ ရွင္းလင္း ၿပီး ေရာင္းခ် ေပး လုိက္တာ ခုဏ က ကန္စြန္းရြက္ေရာင္းရေငြထက္ ပုိမ်ားလာတာ ကုိ သူေတြ႔ ရွိလုိက္တယ္..။
ဖခင္ျဖစ္သူက တုိင္းရင္းေဆးဆရာႀကီး ဆုိေတာ့ ဟုိေဆးျမစ္ေလးရွိလား ။ ဒီေဆးဘက္ဝင္ အရြက္ေလး မရွိဘူးလား ေမးလာေတာ့ ေမးရင္ရေအာင္ဆုိၿပီး ထုိ ၁၀ရုိင္ထဲ မွာ အပင္အမ်ုိးမ်ဳိး စစုိက္ျဖစ္ပါတယ္...။
အဲ ဒီမွာ တင္ Permaculture Wanakaset - Agro-forestry အေတြးအေခၚ ကုိ စၿပီး ေတြးေခၚလာမိတယ္..။
Permaculture Design တစ္ခု အျဖစ္ သူပုိင္ ဆုိင္တဲ့ ၁၀-ရုိင္ ထဲ မွာ အလႊာ ၇လႊာ နဲ႔ အပင္ ေတြ တည္ရွိေအာင္ စိတ္ကူး နဲ႔ စုိက္ပါတယ္..။
ေငြ မရွိရင္ တစ္မ်ဳိး မဟုတ္ တစ္မ်ုိး ကေတာ့ ဝင္ေငြ ရေနတာ ကိုလည္းသူေတြ႔လာပါတယ္..။
ပထ မ အလႊာ အေနနဲ႔
၁။ အရပ္ အျမင့္ဆုံး အပင္ ေတြ ကၽြန္းတုိ႔ မေဟာ္ဂနီ ၊ အုန္းသီး ၊ ကြမ္းသီး တုိ႔ကုိ စုိက္ပါတယ္..။
၂။ ဒုတိယ အလႊာ အေနနဲ႔ သစ္ဂ်ပုိး ၊ မန္းက်ည္း ၊ သရက္ ၊ မင္းဂြတ္ ၊ ပိႏၷဲ စတဲ့ အလယ္ အလတ္ အရပ္ရွိတဲ့အပင္ ေတြ စုိက္ပါတယ္..။
၃။ တတိယ အလႊာ ကေတာ့ ျခဳံပုတ္ ပင္ေတြ ျဖစ္တဲ့ ကင္ပြန္းခ်ဥ္ ၊ ဆူးပုတ္ ၊ ငရုတ္ ၊ ငွက္ေပ်ာ၊ သေဘၤာ ၊ ခရမ္းစတာေတြ စုိက္ပါတယ္..။
၄။ စတုတၳ အျဖစ္ စပါးလင္ လုိ ေျမ ဆီလႊာ ထိန္းတဲ့အပင္မ်ဳီး
၅။ မုိးေရ ကုိ ကန္ နဲ႔ သုိေလွာင္ၿပီး ေရေနပင္ေတြ ျဖစ္တဲ့ ၾကာပန္း တုိ႔ ေရကညြတ္တုိ႔ ကုိေတာ့ပဥၥမအလႊာ အျဖစ္ စုိက္ပါတယ္..။
၆။ ဆ႒မအလႊာ အျဖစ္ ဥစား ေျမေအာက္အစာသုိေလွာင္ေသာ ပင္စည္ ေတြ ျဖစ္တဲ့ ဂ်င္း နႏြင္း ၊ ဝဥ စတာေတြ စုိက္ပါတယ္..။
၇။ သတၱမ အလႊာ ကေတာ့ ႏြယ္ ပင္ေတြ ဆင္တုံးမႏြယ္ တုိ႔ လုိ ႏြယ္ပင္ေတြ ထည့္ထား ပါတယ္..။
ကံ ဆုိးရာ ကေန ကံျပန္ေကာင္း လာခဲ့ပါတယ္..။ ရာသီဥတု ေဖာက္ျပန္ရင္ေတာင္ဆုံး ရွဳံးစရာမရွိတာကုိလည္း သူ လက္ေတြ႔ ဘဝ ကေပးတဲ့ အေတြ႔အႀကဳံ နဲ႔ သေဘာေပါက္ခဲ့ပါတယ္..။
ျခံ ထဲက ထြက္တဲ့ပစၥည္းေတြ နဲ႔ ကုန္ ပစၥည္းထုတ္ႏုိင္ေအာင္ တဆင့္ ႀကဳိးစား ျပန္ပါတယ္..။
ဥပမာ - အုန္းသီးကေန ဆီထုတ္တာ မ်ဳိး
---------ေရွာက္ႏုသီး ကေန ေခါင္းေလွ်ာ္ ရည္ ထုတ္တာမ်ဳိး
---------ငရုတ္ သီးပဒဲေကာ တုိ႔ နဲ႔ ဟင္းခ်က္ ဆီထုတ္တာမ်ဳိးေတြ ပါ..။
အဲ လုိ နဲ႔ သူဟာ မဆင္းရဲ ေတာ့ ပဲ ေငြ ေတြ ျပန္ခ်မ္းသာလာခဲ့ပါတယ္..။
ရာသီ စုိက္သီးႏွံေတြ လုိ လည္းသူ ပူပန္ ေနစရာ မလုိ ေတာ့တာပါ..။
ျခံဝင္းထဲ မွာ လည္း ျခံကထြက္တဲ့ သစ္ေတြ နဲ႔ သူ အိမ္ေတြ စေဆာက္ပါတယ္..။
ကၽြန္မ တုိ႔ ေတြ႔ ခဲ့တာ ဆရာႀကီးတုိ႔ ေနတဲ့ မိဘ ဘုိးဘြား အိမ္ ..က အႏွစ္ ၁၀၀ ေက်ာ္ခဲ့ပါၿပီ..။
ဘုရားဝတ္ျပဳ တဲ့ အိမ္ေလး..
စာၾကည့္တုိက္ေလး..
သင္တန္းခန္းေလး ေတြ စေဆာက္ၿပီး သူစတင္ ၿပီး ရြာ နီးခ်ဳပ္စပ္ ကုိ ေခၚ ပညာ စတင္ သင္ၾကား ေပး ပါေတာ့တယ္..။
အဲ လုိ နဲ႔ အဲ ဒီေဒသ မွာ သူ႔ သင္တန္းဆင္း ေတြဟာ တစ္ႏုိင္တစ္ပုိင္ အမယ္ စုံသီးႏွံေတြပါဝင္တဲ့ ေတာေတြ တည္ေထာင္ႏုိင္လာၾကပါတယ္..။
Permaculture Agro-forestry Network ကုိလည္း တည္ေဆာက္ႏုိင္ လာပါတယ္..။
Permaculture ဆုိတာ ကလည္း ရာသီဥတု ေျပာင္းလဲ မႈ ဒဏ္ ကုိ ခံႏုိင္င္ေသာ စုိက္ပ်ဳိးေရး Climate Smart Agriculture လည္းျဖစ္ပါတယ္..။
Monoculture ဆုိတာ ေရာဂါ ၊ ပုိးမႊား ဖိတ္ေခၚ သလုိ စြဲ ၿမဲေစၿပီး ဆုံးရႈံး မႈ လည္း ျဖစ္ႏုိင္ေခ် မ်ား ပါတယ္..။
ဒီလုိ ပုံ စံ မ်ဳိးေလး စုိက္ပ်ဳိးရာကေန ေဒဝါလီခံရတဲ့ ေတာင္သူဟာ ျပန္လည္ ခ်မ္းသာလာသလုိ အေတြးအေခၚ ပါတဲ့ စုိက္ပ်ဳိးေရး ေက်ာင္း ကုိတည္ေထာင္ႏုိင္တဲ့ အထိ ျဖစ္ ခဲ့တာမုိ႔ ဒီ Permaculture စာအုပ္ ကုိ ေရးသား ျခင္း ျဖစ္ပါတယ္..။
ဆက္လက္ေဖၚျပပါမည္။
ေဒါက္တာသန္းသန္းစိန္
၂၉ .၄.၂၀၂၀

0 မွတ္ခ်က္ေရးရန္: