Thursday, February 4, 2021

Permaculture (9)


နယ် မြေစည်းခြား အကျိုးတရား Ecotone and Edge Effect ကိုနားလည်ခြင်း
========================================
Permaculture ရဲ့ အခြေခံ အယူအဆ တွေကို ထိတွေ့ အသုံးချ မိသော်လည်း ဘာကြောင့် ဒီလို လုပ်တယ် ဆိုတာ သိပ်တော့မသိလှပါ…။
Permaculture Design တွေ မှာ ဆို ခရုခွေ လို မြေ ကိုမြင့်တင် တဲ့ ဒီဇိုင်း တွေ တွေ့ မိသလို ဖြောင့်တန်းသော မျဉ်းထက် မျဉ်းကွေး များ ကို အားအင် တစ်ရပ် ဖေါ် ဆောင်သလို အသုံးပြုစိုက် ပျိုးထားတာ တွေ့ ရတဲ့အခါ…သေချာ လေ့လာ မှ ဖြစ်တော့မယ် ဆိုတာ ကျွန်မ သဘောပေါက်မိပါတယ်…။
ပြီးခဲ့တဲ့အပိုင်း မှာ Guild အကြောင်း လေးကိုသေချာ မိတ်ဆက်ခွင့်ရတာကိုကျွန်မ ဝမ်းသာမိခဲ့တယ် ..။ နောက်ဝေါဟာရ တစ်ခု ကို ဒီတစ်ခါ မိတ်ဆက်ပေးချင်မိပါတယ်…။ အကောင်းဆုံးသော အကျိုးသက်ရောက်မှုများအတွက် နယ်မြေ ၂ခုကြား အစွန်းနှင့်သဘာဝပုံစံများ ကို အသုံးပြုခြင်းကြောင့် အင်္ဂလိပ်လို Ecotone, Edge Effect ကိုကျွန်မ က *နယ်မြေစည်းခြား..အကျိုးတရား *လို့ နာမည် ပေးလိုက်မိပါတယ်…။
ကျွန်မ တို့ စိုက်ပျိုး ရေး ပြုလုပ်တဲ့ အခါ သက်ရှိမျိုးစုံပါဝင်တာ ဖြစ်လို့ သူ့ ဂေဟစနစ် နဲ့ သူ ရှင်သန်ရပ်တည်ကြပါတယ်…။ အဲလို ဂေဟစနစ် များစွာပေါင်းစပ်ပါဝင်တဲ့အခါ တစ်ခု နဲ့ တစ်ခု ကြား မှာ နယ်စပ်….(Edge )ဆိုတာ ရှိတတ်ကြပါတယ်..။
သဘာဝ အတိုင်းရှိနေတဲ့ Edge တွေ ကိုပြန်လည် စဉ်းစားနိုင်ပါတယ်…။ အဲဒီသဘာဝ ကိုတုပ ပြီး ကျွန်မတို့ Permaculture Design မှာ ထိုအကျိုးတရားကို ရရှိအောင် ရေးဆွဲ စိုက်ပျိုး ကြပတယ်..။ ဒီလို တုပခြင်းဖြင့် ဇီဝမျိုးကွဲကြွယ်ဝ မှု တိုးပွားတာသလို ကုန်ထုတ်စွမ်းအား လည်းတိုးတက်လာစေပါတယ်..။
နယ် မြေစည်းခြား အကျိုးတရား Ecotone and Edge Effect အကျိုးသက်ရောက်မှုသည်ဂေဟစနစ်ဆိုင်ရာအယူအဆဖြစ် ပါတယ်…။ ဒီအကြောင်း တွေ Ecology မှာသင်ခဲ့ဘူးတာမို့ ဆရာဆရာမ တွေ ကိုတကယ်ပဲ ကျေးဇူးတင် မိပါသေးတယ်..။
Edge ဆိုတာကတော့အင်္ဂလိပ်စကားလုံး ဖြစ်တဲ့အတွက် တိုက်ရိုက် အစွန်း( စည်းခြားနယ်မြေ) လို့ တိုက်ရိုက်အဓိပ္ပါယ် ပြန်လို့ ရသော်လည်း ၊Ecotone ဆိုတာကတော့ ဂရိ စကားလုံး ဖြစ်ပါတယ်..။Eco+ Tonos = Ecotone ဖြစ်လာပါတယ်…။
Eco= Ecosystem
Tone = Tonos = Tension လို့အဓိပ္ပါယ်ရပါတယ်…။ ဂေဟစနစ် ၂ခု ဆက်စပ်တဲ့ နယ် ခြား မှာ ဆက်စပ်တဲ့ ဂေဟ စနစ် ထက်ပို ပြီးအကျိုးများ တဲ့ အနေအထားကို ဆိုလိုတာ ဖြစ်ပါတယ်…။
ဥပမာ -
၁။ပင်လယ် ကမ်းခြေ (ပင်လယ် ဟူသောဂဟစနစ် နဲ့ မြေပြင် ဟူသောဂေဟစနစ် ဆုံဆည်း တဲ့နေရာ)
၂။ သစ်တော နဲ့ မြက်ခင်း ဆက်စပ်တဲ့နေရာ
၃။ မြစ်နဲ့ ပင်လယ် ဆုုံစည်း တဲ့ မြစ်ဝကျွန်းပေါ် လိုနေရာများ …စသည်ဖြင့် များစွာ ရှိပါတယ်…။ ထိုနေရာ တွေရဲ့ ထူးခြား မှု တွေ အကျိုးကျေးဇူတွေကို စဉ်းစားနိုင်ရင် ကျွန်မ တို့ Edge Effect တို့ Ecotone တို့ကို အတော်အတန် သဘောပေါက်မိပါလိမ့်မယ် ..။
ဂေဟ စနစ် ၂ခုရဲ့ အစွန်းတွေ ဟာ ထပ်နေတတ်ပါတယ်..။ ထို ဂေဟစနစ်နှစ်ခုရဲ့ အစွန်း မှာ သင်သည် ဤဂေဟစနစ်နှစ်ခုလုံးမှမျိုးစိတ်များအပြင်ဂေဟစနစ်နှစ်ခုလုံးတွင်မတွေ့ရသော်လည်းအနားနှစ်ဖက်ကြားရှိအကူးအပြောင်းဇုန်၏အခြေအနေနှင့်အံဝင်ခွင်ကျဖြစ်သောထူးခြားသောမျိုးစိတ်များကိုသင်တွေ့ရှိနိုင်ပါလိမ့်မယ် ..။
ပထမဆုံးသော ဂေဟစနစ်ဆိုင်ရာဝေါဟာရအချို့ကို ရှင်းလင်းပြတ်သား စွာ သတ်မှတ်ရမယ် ဆိုလ ျှင် Edge သည် ဂေဟစနစ် ၂ ခု ထိစပ်သော စည်းရိုး လို့ သတ်မှတ်ပြီး
Ecotone ကတော့ထို မတူကွဲပြားတဲ့ဂေဟစနစ် ၂ခု ထိစပ်လို့ ဟိုဘက် နဲ့လည်းမတူ ဒီဘက်နဲ့ လည်းမတူ တဲ့နယ် မြေ တစ်ခု နယ်နမိတ် မျက်နှာပြင်ကို ခေါ်တာလို့ သတ်မှတ်ရပါမယ်..။
Edge ပတ် ဝန်းကျင်ဟာ ဂေဟစနစ် နယ်နိမိတ်များစွာ မှာ သဘာဝကျကျဖြစ်ပေါ်လေ့ရှိတတ်ပါတယ်..။
ဖေါ်ပြထားတဲ့ ပုံကိုကြည့်မယ် ဆိုရင် Edge Effect ကိုရှင်းလင်းစွာသိမြင်နိုင်ပါတယ်…။
ဒီ ဥပမာ မှာ ဂေဟစနစ်တစ်ခုစီ ကို A နှင့် B လို့နာမည် ပေးထားမယ် ။ ဒီဂေဟစနစ် ထဲ မှာ လေးထောင့် နဲ့ အဝိုင်း အနီရောင်၊ အပြာနှင့်အဝါရောင်မျိုးစိတ်သုံးမျိုးသာရှိပါတယ်..။
ဂေဟစနစ် A မှာ လေးထောင့် ပုံစံ ဖြင့်ကိုယ်စားပြုသောမျိုးစိတ် ၃ မျိုးပါဝင်ပြီးဂေဟစနစ် B တွင် ၃ ကိုစက်ဝိုင်းများဖြင့်ကိုယ်စားပြု တဲ့မျိုးစိတ် ၃မျိုးပါဝင်ပါတယ်..။
Ecotone ဟုခေါ်သော ဂေဟ စနစ် ၂ခုထပ်နေတဲ့ အဝန်းအဝိုင်း မှာ အနီရောင်၊ အပြာနှင့်အဝါရော. လေးထောင့်ကွက်လေးများ နှင့်စက်ဝိုင်းများရှိ နေသလို
လေးထောင့်နဲ့ စက်ဝိုင်းပေါင်းစပ်မှု (မျိုးစိတ်ခြောက်ခုကိုကိုယ်စားပြုသော) ထူးခြားတဲ့ အခြေအနေများကိုဖြစ်ပေါ်စေတာ တွေ့ ရမှာ ဖြစ်ပါတယ်..။ ယခုပုံ မှာ Ecotone အတွင်း အနီ၊ အပြာနှင့်အဝါရောင်တြိဂံများအဖြစ်ကိုယ်စားပြုသောမျိုးစိတ်အသစ်သုံးမျိုးကို ဖြစ်ပေါ်နေထိုင်ဘို့ အားပေး ထောက်ပံ့ပေးနိုင်တာတွေ့ ရမှာဖြစ်ပါတယ်..။
ဒါ့ကြောင့်ဂေဟစနစ် A နှင့် B တစ်ခုစီတွင်မျိုးစိတ်သုံးခုပါ ၀ င်သော်လည်း ထပ်နေသော ကူးပြောင်းရေးဇုန်Ecotone တွင်မျိုး စိတ် ကိုးခုရှိ တာ ကိုတွေ့ရမှာ ဖြစ်ပါတယ်..။
Edge Effect and Ecotone ကို သဘောပါက်ပြီ ဆိုလ ျှင် ဒီသဘာဝ သဘောတရားကို ကျွန်မတို့ Permaculture မှာဘယ်လို အသုံး ချမှာလဲ ကို ဆက်လက်လေ့လာကြည့် ရပါမယ်..။
အဲလို နေရာမျိုး ဖြစ်အောင်အတုယူ တည်ဆောက် ကာ ဒီဇိုင်းရေး ဆွဲရပါတယ်..။ သီးခြားဂေဟစနစ်နှစ်ခု ထက်ကွဲပြားတဲ့ မျိုးစိတ်များ မတူကွဲပြားစွာပါဝင်နေထိုင်လာ ပြီးအောက်ပါအကြောင်းများကြောင့်ကုန်ထုတ်စွမ်းအားသိသိသာသာမြင့်မားလာတာတွေ့ ရပါတော့တယ်..။
ဂေဟစနစ်နှစ်ခုလုံးမှအရင်းအမြစ်များကို ထို တစ်နေရာတည်း တွင်ရယူနိုင်ပါတယ်..။
လေထုအပူချိန်၊ စိုထိုင်းဆ၊ မြေဆီလွှာအစိုဓာတ်၊ အလင်းရောင်ရရှိမှု စ တဲ့ အခြေအနေများအားလုံးဟာ Ecotone မှာပြောင်းလဲသွားပါတယ်..။
ထိုနေရာများ ဟာ မတူညီ ပဲကွဲ ပြား တဲ့ မျိုးစိတ်များကို အထောက်အကူပြုနိုင်သည့် microclimates ( ရာသီဥတု အငယ်စား) ကိုရရှိအောင် ဖန်တီးနိုင်ပါတယ်..။ဒီသဘော ကိုကိုယ့်ခြံမြေ အပြင် ကိုယ့်ရွာ..ကိုယ့်မြို့ ရဲ့ Microclimates ဖန်တီးကြဘို့ သြဂဲနစ် သင်တန်းတွေ မှာ ကမန်မ ကြိမ်ဖန်များစွာ ပြောပြခဲ့ဘူးပါတယ်..။
အနားတစ်လျှောက်ရှိအပင်များသို့ အလင်းပိုမိုရရှိ တယ်ဆိုတဲ့အချက်က အပင်များပိုမိုထောက်ပံ့ရန် (ပိုမိုမတူကွဲပြားခြင်း) ဖြင့် ဇီဝမျိုးကွဲ တွေတိုးတက်များပြား စေပြီး စိုက်ပျိုးရေး ထွက်ကုန်များ ထုတ်လုပ်မှု စွမ်းအား တိုးတက်စေဘို့ တို နေရာများ ကကူညီထောက်ပံ့ပေးပါတယ်…။
ထို နေရာမှာ တိုးပွားလာသောအပင်မျိုးစိတ်များ ဟာ အပင်စားသုံးသော အင်းဆက်ပိုး တွေကို စားသောက် နှိမ်နင်းပေးတဲ့ သားရဲကောင် များကိုတိုးပွားစေပါတယ်..။
အပင်အနိမ့်အမြင့်အလိုက် ခိုလှုံ တဲ့ ငှက်မျိုးစိတ် တွေ ကိုတိုးပွားစေပြီးနောက်ဆုံးတွင်စိုက်ပျိုးရေး အကျိုးပြု သက်ရှိ သတ္တဝါတွေ ရဲ့ ခိုလှုံနေထိုင်ရာ နေရာဖြစ်လာပါတော့တယ်..။
Ecotone နေရာတွေ ရဲ့ အကျိုးကျေးဇူး သက်ရောက်မှု
နောက် ဝေါဟာရ တစ်ခုကတော့ ကျွန်မ အလွန်နှစ်သက် မိပါတယ်..။ အင်္ဂလိပ်လို ပဲမှတ်ကြည့်ရအောင်ပါ..Energy Net 'စွမ်းအင်ပိုက်ကွန်' လို ဆောင်ရွက်တတ်ပါသေးတယ် ..။
ဂေဟစနစ် နယ်နိမိတ် တွေ ကိုဖြတ်ကျော်သွားသော သဘာဝအရင်းအမြစ်တွေ …မြေဆီလွှာ အာဟာရ ဓာတ်တွေ နဲ့ စွမ်းအင် တွေရဲ့ ကြီးမားတဲ့ ရွေ့လျားမှုတွေ ကို Ecotone နေရာက ဖမ်းယူထားနိုင်ပါတယ်..။
ထင်ရှားလှတဲ့ဥပမာ အနေနဲ့ ကျွန်မတို့ ဧရာဝတီ ဖြစ်ဝကျွန်းပေါ်ဒေသ ဟာ ဂေဟစနစ် ၂ခု ထပ်နေတဲ့ Ecotone နေရာဖြစ်တာကြောင့် မြေဆီသြဇာ ထက်သန်သလို ပင်လယ် ပျော်မျိုးစိတ်တွေ ရှင်သန် ပေါက်ရောက် ကာ မြန်မာနိုင်ငံ ရဲ့ တခြားသောဒေသတွေထက်ထူးခြား တဲ့ ထွက်ကုန်များစွာ ထွက် ရှိ နေတာမို့ အရေးကြီးတဲ့ ဂေဟ စနစ် ဆုံရာနေရာအဖြစ် တန်ဘိုးထားတတ်ဘို့ လိုလှပါတယ်…။
မြစ်ဝကျွန်းပေါ်ဒေသ အပြင် သဘာဝတွင်ရှင်းလင်းစွာတွေ့မြင်နိုင်တဲ့ Ecotone တွေကအများကြီးရှိပါသေးတယ်..။
-ဒီရေတောဂေဟစနစ် (ကုန်းမြေ / ပင်လယ် ရေ မျက်နှာပြင်)
-သန္တာကျောက်တန်းဂေဟဗေဒ (သန္တာ ကျောက်တန်း / သမုဒ္ဒရာမျက်နှာပြင်)
-ကမ်းရိုးတန်းဒေသများ (မြစ်ချောင်းများနှင့်မြစ်ချောင်းစီးဆင်ရာ ပင်လယ် ကမ်းစပ်) သည်ဇီဝမျိုးစုံမျိုးကွဲများစွာရှိသလို လူ တွေ စားသောက်သုံးစွဲဘို့ ကုန်ပစ္စည်းများစွာ ပေးစွမ်းနိုင်ပါတယ်။
သဘာဝဖြစ်တည် မှုအပြင် လူသားအခြေချနေထိုင်ခြင်းတွေကြောင့်လည်း Ecotone တွေ ရှိလာနိုင်ပါသေးတယ်..။
တောင်စောင်းများနှင့်လွင်ပြင်များ၊ သစ်တော နဲ့ စိုက်ခင်း များကြား မှာ
ထုတ်လုပ်မှုမြင့်မား တဲ့ Ecotone တွေ့နိုင်သလို တန်ဘိုးထားအသုံးချသလို ဒီသဘောမျိုး ပြုလုပ် တည်ဆောက်နိုင်ပါတယ်..။
ဂေဟစနစ်များသည်သူတို့ကိုယ်သူတို့ရပ် တည်ပြီး အထီးကျန်စွာမလုပ်ဆောင်နိုင်ကြပါဘူး..။ဂေဟစနစ် တစ်ခု နဲ့ တစ်ခု အပြန်အလှန် အမှီသဟဲ တွေ ပြုကြပါတယ်..။
ဒီသဘော တရားကို သေချာလေ့လာ နားလည် နိုင်မယ် ဆိုရင် Permaculture Design တွေ ဘာကြောင့် ဒီလို ဆွဲရတာလည်းဆိုတာ ပိုသဘောပေါက်လာပါလိမ့်မယ်..။
----------------------
နယ္ ေျမစည္းျခား အက်ဳိးတရား Ecotone and Edge Effect ကုိနားလည္ျခင္း
========================================
Permaculture ရဲ႔ အေျခခံ အယူအဆ ေတြကုိ ထိေတြ႔ အသုံးခ် မိေသာ္လည္း ဘာေၾကာင့္ ဒီလုိ လုပ္တယ္ ဆုိတာ သိပ္ေတာ့မသိလွပါ…။
Permaculture Design ေတြ မွာ ဆုိ ခရုေခြ လုိ ေျမ ကုိျမင့္တင္ တဲ့ ဒီဇုိင္း ေတြ ေတြ႔ မိသလုိ ေျဖာင့္တန္းေသာ မ်ဥ္းထက္ မ်ဥ္းေကြး မ်ား ကုိ အားအင္ တစ္ရပ္ ေဖၚ ေဆာင္သလုိ အသုံးျပဳစုိက္ ပ်ဳိးထားတာ ေတြ႔ ရတဲ့အခါ…ေသခ်ာ ေလ့လာ မွ ျဖစ္ေတာ့မယ္ ဆုိတာ ကၽြန္မ သေဘာေပါက္မိပါတယ္…။
ၿပီးခဲ့တဲ့အပုိင္း မွာ Guild အေၾကာင္း ေလးကုိေသခ်ာ မိတ္ဆက္ခြင့္ရတာကုိကၽြန္မ ဝမ္းသာမိခဲ့တယ္ ..။ ေနာက္ေဝါဟာရ တစ္ခု ကုိ ဒီတစ္ခါ မိတ္ဆက္ေပးခ်င္မိပါတယ္…။ အေကာင္းဆုံးေသာ အက်ိဳးသက္ေရာက္မႈမ်ားအတြက္ နယ္ေျမ ၂ခုၾကား အစြန္းႏွင့္သဘာဝပုံစံမ်ား ကို အသုံးျပဳျခင္းေၾကာင့္ အဂၤလိပ္လုိ Ecotone, Edge Effect ကုိကၽြန္မ က *နယ္ေျမစည္းျခား..အက်ုိးတရား *လုိ႔ နာမည္ ေပးလုိက္မိပါတယ္…။
ကၽြန္မ တုိ႔ စုိက္ပ်ဳိး ေရး ျပဳလုပ္တဲ့ အခါ သက္ရွိမ်ုိးစုံပါဝင္တာ ျဖစ္လုိ႔ သူ႔ ေဂဟစနစ္ နဲ႔ သူ ရွင္သန္ရပ္တည္ၾကပါတယ္…။ အဲလုိ ေဂဟစနစ္ မ်ားစြာေပါင္းစပ္ပါဝင္တဲ့အခါ တစ္ခု နဲ႔ တစ္ခု ၾကား မွာ နယ္စပ္….(Edge )ဆုိတာ ရွိတတ္ၾကပါတယ္..။
သဘာဝ အတုိင္းရွိေနတဲ့ Edge ေတြ ကုိျပန္လည္ စဥ္းစားႏုိင္ပါတယ္…။ အဲဒီသဘာဝ ကုိတုပ ၿပီး ကၽြန္မတုိ႔ Permaculture Design မွာ ထုိအက်ုိးတရားကုိ ရရွိေအာင္ ေရးဆြဲ စုိက္ပ်ဳိး ၾကပတယ္..။ ဒီလုိ တုပျခင္းျဖင့္ ဇီဝမ်ုိးကြဲၾကြယ္ဝ မႈ တုိးပြားတာသလုိ ကုန္ထုတ္စြမ္းအား လည္းတုိးတက္လာေစပါတယ္..။
နယ္ ေျမစည္းျခား အက်ဳိးတရား Ecotone and Edge Effect အက်ိဳးသက္ေရာက္မႈသည္ေဂဟစနစ္ဆိုင္ရာအယူအဆျဖစ္ ပါတယ္…။ ဒီအေၾကာင္း ေတြ Ecology မွာသင္ခဲ့ဘူးတာမုိ႔ ဆရာဆရာမ ေတြ ကုိတကယ္ပဲ ေက်းဇူးတင္ မိပါေသးတယ္..။
Edge ဆုိတာကေတာ့အဂၤလိပ္စကားလုံး ျဖစ္တဲ့အတြက္ တုိက္ရုိက္ အစြန္း( စည္းျခားနယ္ေျမ) လုိ႔ တုိက္ရုိက္အဓိပၸါယ္ ျပန္လုိ႔ ရေသာ္လည္း ၊Ecotone ဆုိတာကေတာ့ ဂရိ စကားလုံး ျဖစ္ပါတယ္..။Eco+ Tonos = Ecotone ျဖစ္လာပါတယ္…။
Eco= Ecosystem
Tone = Tonos = Tension လုိ႔အဓိပၸါယ္ရပါတယ္…။ ေဂဟစနစ္ ၂ခု ဆက္စပ္တဲ့ နယ္ ျခား မွာ ဆက္စပ္တဲ့ ေဂဟ စနစ္ ထက္ပုိ ၿပီးအက်ဳိးမ်ား တဲ့ အေနအထားကုိ ဆုိလုိတာ ျဖစ္ပါတယ္…။
ဥပမာ -
၁။ပင္လယ္ ကမ္းေျခ (ပင္လယ္ ဟူေသာဂဟစနစ္ နဲ႔ ေျမျပင္ ဟူေသာေဂဟစနစ္ ဆုံဆည္း တဲ့ေနရာ)
၂။ သစ္ေတာ နဲ႔ ျမက္ခင္း ဆက္စပ္တဲ့ေနရာ
၃။ ျမစ္နဲ႔ ပင္လယ္ ဆုုံစည္း တဲ့ ျမစ္ဝကၽြန္းေပၚ လုိေနရာမ်ား …စသည္ျဖင့္ မ်ားစြာ ရွိပါတယ္…။ ထုိေနရာ ေတြရဲ႔ ထူးျခား မႈ ေတြ အက်ဳိးေက်းဇူေတြကုိ စဥ္းစားႏုိင္ရင္ ကၽြန္မ တုိ႔ Edge Effect တုိ႔ Ecotone တုိ႔ကုိ အေတာ္အတန္ သေဘာေပါက္မိပါလိမ့္မယ္ ..။
ေဂဟ စနစ္ ၂ခုရဲ႔ အစြန္းေတြ ဟာ ထပ္ေနတတ္ပါတယ္..။ ထုိ ေဂဟစနစ္ႏွစ္ခုရဲ႔ အစြန္း မွာ သင္သည္ ဤေဂဟစနစ္ႏွစ္ခုလုံးမွမ်ိဳးစိတ္မ်ားအျပင္ေဂဟစနစ္ႏွစ္ခုလုံးတြင္မေတြ႕ရေသာ္လည္းအနားႏွစ္ဖက္ၾကားရွိအကူးအေျပာင္းဇုန္၏အေျခအေနႏွင့္အံဝင္ခြင္က်ျဖစ္ေသာထူးျခားေသာမ်ိဳးစိတ္မ်ားကိုသင္ေတြ႕ရွိနိုင္ပါလိမ့္မယ္ ..။
ပထမဆုံးေသာ ေဂဟစနစ္ဆိုင္ရာေဝါဟာရအခ်ိဳ႕ကို ရွင္းလင္းျပတ္သား စြာ သတ္မွတ္ရမယ္ ဆုိလ ွ်င္ Edge သည္ ေဂဟစနစ္ ၂ ခု ထိစပ္ေသာ စည္းရုိး လုိ႔ သတ္မွတ္ၿပီး
Ecotone ကေတာ့ထုိ မတူကြဲျပားတဲ့ေဂဟစနစ္ ၂ခု ထိစပ္လုိ႔ ဟုိဘက္ နဲ႔လည္းမတူ ဒီဘက္နဲ႔ လည္းမတူ တဲ့နယ္ ေျမ တစ္ခု နယ္နမိတ္ မ်က္ႏွာျပင္ကုိ ေခၚတာလုိ႔ သတ္မွတ္ရပါမယ္..။
Edge ပတ္ ၀န္းက်င္ဟာ ေဂဟစနစ္ နယ္နိမိတ္မ်ားစြာ မွာ သဘာဝက်က်ျဖစ္ေပၚေလ့ရွိတတ္ပါတယ္..။
ေဖၚျပထားတဲ့ ပုံကုိၾကည့္မယ္ ဆုိရင္ Edge Effect ကုိရွင္းလင္းစြာသိျမင္ႏုိင္ပါတယ္…။
ဒီ ဥပမာ မွာ ေဂဟစနစ္တစ္ခုစီ ကုိ A ႏွင့္ B လုိ႔နာမည္ ေပးထားမယ္ ။ ဒီေဂဟစနစ္ ထဲ မွာ ေလးေထာင့္ နဲ႔ အဝုိင္း အနီေရာင္၊ အျပာႏွင့္အဝါေရာင္မ်ိဳးစိတ္သုံးမ်ိဳးသာရွိပါတယ္..။
ေဂဟစနစ္ A မွာ ေလးေထာင့္ ပုံစံ ျဖင့္ကိုယ္စားျပဳေသာမ်ိဳးစိတ္ ၃ မ်ိဳးပါဝင္ၿပီးေဂဟစနစ္ B တြင္ ၃ ကိုစက္ဝိုင္းမ်ားျဖင့္ကိုယ္စားျပဳ တဲ့မ်ဳိးစိတ္ ၃မ်ဳိးပါဝင္ပါတယ္..။
Ecotone ဟုေခၚေသာ ေဂဟ စနစ္ ၂ခုထပ္ေနတဲ့ အဝန္းအဝုိင္း မွာ အနီေရာင္၊ အျပာႏွင့္အဝါေရာင္ေလးေထာင့္ ကြက္မ်ားႏွင့္စက္ဝိုင္းမ်ားရွိ ေနသလုိ
ေလးေထာင့္နဲ႔ စက္ဝိုင္းေပါင္းစပ္မႈ (မ်ိဳးစိတ္ေျခာက္ခုကိုကိုယ္စားျပဳေသာ) ထူးျခားတဲ့ အေျခအေနမ်ားကိုျဖစ္ေပၚေစတာ ေတြ႔ ရမွာ ျဖစ္ပါတယ္..။ ယခုပုံ မွာ Ecotone အတြင္း အနီ၊ အျပာႏွင့္အဝါေရာင္ႀတိဂံမ်ားအျဖစ္ကိုယ္စားျပဳေသာမ်ိဳးစိတ္အသစ္သုံးမ်ိဳးကို ျဖစ္ေပၚေနထုိင္ဘုိ႔ အားေပး ေထာက္ပံ့ေပးနိုင္တာေတြ႔ ရမွာျဖစ္ပါတယ္..။
ဒါ႔ေၾကာင့္ေဂဟစနစ္ A ႏွင့္ B တစ္ခုစီတြင္မ်ိဳးစိတ္သုံးခုပါ ၀ င္ေသာ္လည္း ထပ္ေနေသာ ကူးေျပာင္းေရးဇုန္Ecotone တြင္မ်ဳိး စိတ္ ကိုးခုရွိ တာ ကုိေတြ႔ရမွာ ျဖစ္ပါတယ္..။
Edge Effect and Ecotone ကုိ သေဘာပါက္ၿပီ ဆုိလ ွ်င္ ဒီသဘာဝ သေဘာတရားကုိ ကၽြန္မတုိ႔ Permaculture မွာဘယ္လုိ အသုံး ခ်မွာလဲ ကုိ ဆက္လက္ေလ့လာၾကည့္ ရပါမယ္..။
အဲလုိ ေနရာမ်ဳိး ျဖစ္ေအာင္အတုယူ တည္ေဆာက္ ကာ ဒီဇုိင္းေရး ဆြဲရပါတယ္..။ သီးျခားေဂဟစနစ္ႏွစ္ခု ထက္ကြဲျပားတဲ့ မ်ိဳးစိတ္မ်ား မတူကြဲျပားစြာပါဝင္ေနထုိင္လာ ၿပီးေအာက္ပါအေၾကာင္းမ်ားေၾကာင့္ကုန္ထုတ္စြမ္းအားသိသိသာသာျမင့္မားလာတာေတြ႔ ရပါေတာ့တယ္..။
ေဂဟစနစ္ႏွစ္ခုလုံးမွအရင္းအျမစ္မ်ားကို ထုိ တစ္ေနရာတည္း တြင္ရယူနိုင္ပါတယ္..။
ေလထုအပူခ်ိန္၊ စိုထိုင္းဆ၊ ေျမဆီလႊာအစိုဓာတ္၊ အလင္းေရာင္ရရွိမႈ စ တဲ့ အေျခအေနမ်ားအားလုံးဟာ Ecotone မွာေျပာင္းလဲသြားပါတယ္..။
ထုိေနရာမ်ား ဟာ မတူညီ ပဲကြဲ ျပား တဲ့ မ်ိဳးစိတ္မ်ားကို အေထာက္အကူျပဳနိုင္သည့္ microclimates ( ရာသီဥတု အငယ္စား) ကိုရရွိေအာင္ ဖန္တီးနိုင္ပါတယ္..။ဒီသေဘာ ကုိကုိယ့္ျခံေျမ အျပင္ ကုိယ့္ရြာ..ကုိယ့္ျမဳိ႔ ရဲ႔ Microclimates ဖန္တီးၾကဘုိ႔ ၾသဂဲနစ္ သင္တန္းေတြ မွာကၽြန္မ ႀကိမ္ဖန္မ်ားစြာ ေျပာျပခဲ့ဘူးပါတယ္..။
အနားတစ္ေလၽွာက္ရွိအပင္မ်ားသို႔ အလင္းပိုမိုရရွိ တယ္ဆုိတဲ့အခ်က္က အပင္မ်ားပိုမိုေထာက္ပံ့ရန္ (ပိုမိုမတူကြဲျပားျခင္း) ျဖင့္ ဇီဝမ်ုိးကြဲ ေတြတုိးတက္မ်ားျပား ေစၿပီး စုိက္ပ်ဳိးေရး ထြက္ကုန္မ်ား ထုတ္လုပ္မႈ စြမ္းအား တုိးတက္ေစဘုိ႔ တုိ ေနရာမ်ား ကကူညီေထာက္ပံ့ေပးပါတယ္…။
ထုိ ေနရာမွာ တိုးပြားလာေသာအပင္မ်ိဳးစိတ္မ်ား ဟာ အပင္စားသုံးေသာ အင္းဆက္ပိုး ေတြကုိ စားေသာက္ ႏွိမ္နင္းေပးတဲ့ သားရဲေကာင္ မ်ားကိုတိုးပြားေစပါတယ္..။
အပင္အနိမ့္အျမင့္အလုိက္ ခုိလႈံ တဲ့ ငွက္မ်ဳိးစိတ္ ေတြ ကိုတိုးပြားေစၿပီးေနာက္ဆုံးတြင္စုိက္ပ်ဳိးေရး အက်ဳိးျပဳ သက္ရွိ သတၱဝါေတြ ရဲ႔ ခုိလႈံေနထုိင္ရာ ေနရာျဖစ္လာပါေတာ့တယ္..။
Ecotone ေနရာေတြ ရဲ႔ အက်ဳိးေက်းဇူး သက္ေရာက္မႈ
ေနာက္ ေဝါဟာရ တစ္ခုကေတာ့ ကၽြန္မ အလြန္ႏွစ္သက္ မိပါတယ္..။ အဂၤလိပ္လုိ ပဲမွတ္ၾကည့္ရေအာင္ပါ..Energy Net 'စြမ္းအင္ပိုက္ကြန္' လုိ ေဆာင္ရြက္တတ္ပါေသးတယ္ ..။
ေဂဟစနစ္ နယ္နိမိတ္ ေတြ ကိုျဖတ္ေက်ာ္သြားေသာ သဘာဝအရင္းအျမစ္ေတြ …ေျမဆီလႊာ အာဟာရ ဓာတ္ေတြ နဲ႔ စြမ္းအင္ ေတြရဲ႔ ႀကီးမားတဲ့ ေရြ႔လ်ားမႈေတြ ကုိ Ecotone ေနရာက ဖမ္းယူထားႏုိင္ပါတယ္..။
ထင္ရွားလွတဲ့ဥပမာ အေနနဲ႔ ကၽြန္မတုိ႔ ဧရာဝတီ ျဖစ္ဝကၽြန္းေပၚေဒသ ဟာ ေဂဟစနစ္ ၂ခု ထပ္ေနတဲ့ Ecotone ေနရာျဖစ္တာေၾကာင့္ ေျမဆီၾသဇာ ထက္သန္သလုိ ပင္လယ္ ေပ်ာ္မ်ဳိးစိတ္ေတြ ရွင္သန္ ေပါက္ေရာက္ ကာ ျမန္မာႏုိင္ငံ ရဲ႔ တျခားေသာေဒသေတြထက္ထူးျခား တဲ့ ထြက္ကုန္မ်ားစြာ ထြက္ ရွိ ေနတာမုိ႔ အေရးႀကီးတဲ့ ေဂဟ စနစ္ ဆုံရာေနရာအျဖစ္ တန္ဘုိးထားတတ္ဘုိ႔ လုိလွပါတယ္…။
ျမစ္ဝကၽြန္းေပၚေဒသ အျပင္ သဘာဝတြင္ရွင္းလင္းစြာေတြ႕ျမင္နိုင္တဲ့ Ecotone ေတြကအမ်ားႀကီးရွိပါေသးတယ္..။
-ဒီေရေတာေဂဟစနစ္ (ကုန္းေျမ / ပင္လယ္ ေရ မ်က္ႏွာျပင္)
-သႏၲာေက်ာက္တန္းေဂဟေဗဒ (သႏၲာ ေက်ာက္တန္း / သမုဒၵရာမ်က္ႏွာျပင္)
-ကမ္းရိုးတန္းေဒသမ်ား (ျမစ္ေခ်ာင္းမ်ားႏွင့္ျမစ္ေခ်ာင္းစီးဆင္ရာ ပင္လယ္ ကမ္းစပ္) သည္ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားစြာရွိသလုိ လူ ေတြ စားေသာက္သုံးစြဲဘုိ႔ ကုန္ပစၥည္းမ်ားစြာ ေပးစြမ္းႏုိင္ပါတယ္။
သဘာဝျဖစ္တည္ မႈအျပင္ လူသားအေျခခ်ေနထိုင္ျခင္းေတြေၾကာင့္လည္း Ecotone ေတြ ရွိလာႏုိင္ပါေသးတယ္..။
ေတာင္ေစာင္းမ်ားႏွင့္လြင္ျပင္မ်ား၊ သစ္ေတာ နဲ႔ စုိက္ခင္း မ်ားၾကား မွာ
ထုတ္လုပ္မႈျမင့္မား တဲ့ Ecotone ေတြ႔ႏုိင္သလုိ တန္ဘုိးထားအသုံးခ်သလုိ ဒီသေဘာမ်ဳိး ျပဳလုပ္ တည္ေဆာက္ႏုိင္ပါတယ္..။
ေဂဟစနစ္မ်ားသည္သူတို႔ကိုယ္သူတို႔ရပ္ တည္ၿပီး အထီးက်န္စြာမလုပ္ေဆာင္နိုင္ၾကပါဘူး..။ေဂဟစနစ္ တစ္ခု နဲ႔ တစ္ခု အျပန္အလွန္ အမွီသဟဲ ေတြ ျပဳၾကပါတယ္..။
ဒီသေဘာ တရားကုိ ေသခ်ာေလ့လာ နားလည္ ႏုိင္မယ္ ဆုိရင္ Permaculture Design ေတြ ဘာေၾကာင့္ ဒီလုိ ဆြဲရတာလည္းဆုိတာ ပုိသေဘာေပါက္လာပါလိမ့္မယ္..။
ဆက္လက္ေဖၚျပပါမည္။
ေဒါက္တာသန္းသန္းစိန္
15.6.2020

0 မွတ္ခ်က္ေရးရန္: